Sunday, June 24, 2012

ဗိုလ်ချုပ်အောင်ဆန်း အိမ်သို့ (မင်းယုဝေ)

                   ရန်ကုန်မြို့ တာဝါလိန်း အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော အိမ်ကို ယဉ်ကျေးမှုဌာနက ‘ဗိုလ်ချုပ်အောင်ဆန်းပြတိုက်’ အဖြစ် ဖွင့်လှစ်ထားသည်။
ထို့ကြောင့် ရုံးအားရက် တရက်တွင် ကျနော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက် ကြည့်ရှုမိသည်။
ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း ခန့်ညားလှပပေ၏။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံသည်အိမ်ကို ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဘွယ် ကောင်းနေပေတော့သည်။
သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး သားသမီးများနှင့် အတူ ၂နှစ်ကျော်နေထိုင်ခဲ့သည်။ ၁၉၄၅ခု မေလမှ ၁၉၄၇ခု ဂျူလှိုင်လ ကွယ်လွန်ချိန်အထိ နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊ စာဖတ်ခန်း၊ အိမ်ခန်း၊ ဘုရားရှိခိုးခန်းတို့ရှိသည်။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်က အတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယအစုံအလင်ဖြင့် လက်ရာခြေရာမပျက် ထားရှိပေသည်။
ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျနော်ဝင်ကြည့်သည်။ အခန်းအလယ်တွင် အရှင်ကင်းမဲ့နေသော စားပွဲရှည်တလုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။ သည်စားပွဲတွင် တခါက ဗိုလ်ချုပ်သည် ဇနီး သားသမီးစုံစုံလင်လင်ဖြင့် စားသောက်ခဲ့ပေသည် တကား။
သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောစကားကို ကြားယောင်မိသည်။ ဂျာပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့ သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျနော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန် ၀ါသနာမပါခဲ့ပါဘူး။ အခုမနေသာလို့ တက်ရောက်ပါတယ်။ ကျနော် ဒီထမင်းကို မစားသင့်ဘူး။ ဒီထမင်းကို စားလောက်အောင် မြန်မာပြည် အတွက်ရော၊ မြန်မာလူမျိုးအတွက်ရော ကျနော်ဘာမှ မလုပ်နိုင်ခဲ့သေးဘူး’ ဟု ပြောခဲ့သည်။
ထို့ပြင် ကျနော်သည် အစားအသောက်နှင့် ပတ်သက်၍ ရိုးသားလှသော သူ့စိတ်ဓာတ်ကို ဖော်ပြသည့် စာကလေးတစောင်ကိုလည်း အမှတ်ရမိသည်။ ထိုစာမှာ ဗိုလ်ချုပ်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံ ပေးသောစာဖြစ်သည်။ စားပွဲတွင် ‘ကြည်။ ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ်’ဟု ရေးထားလေသည်။
ထို့နောက် ဧည့်ခန်းကို ကျနော်ဝင်ကြည့်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တနိုင်ငံလုံး၊ တမျိုးသားလုံး၏ ခေါင်းဆောင်ကြီးဖြစ်သည့်ပြင်၊ ကမ္ဘာသိခေါင်းဆောင်လည်းဖြစ်သည်။ သို့ရာတွင် သူ့အိမ်အိပ်ခန်းကား ၀င့်ကြွားထယ်ဝါခြင်းမရှိ။ သူလိုငါလို လူတန်းစားတဦး၏ ဧည့်ခန်းမျိုးပင်ဖြစ်သည်။
ဧည့်ခန်းတွင် ဗိုလ်ချုပ်၏ ဓာတ်ပုံကြီးများကို ချိတ်ဆွဲထား၏။ ယင်းတို့အထဲတွင် ဂျင်းဖော အ၀တ်အစားဖြင့် ဗိုလ်ချုပ်ပုံသည်၎င်း၊ တိုင်းရင်းသားလူမျိုးများဖြင့် တွဲရိုက်ထားသော ဗိုလ်ချုပ်ပုံသည်၎င်း အပေါ်လွင်ဆုံးဖြစ်သည်။ သည်ပုံများကို မြင်ရသောအခါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေး၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော သူ၏ ကြိုးပမ်းမှုတို့ကို ပြန်လည် သတိရမိ၏။ ‘မြန်မာက တမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်တို့က တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည်မှလဲ အကျိုးရှိကြောင်း သိနိုင်တယ်’ ဟူ၍ သူပြောခဲ့သည့် စကားတို့ကို ကြားယောင်မိလေသည်။
အောက်ထပ်ကို ကြည့်ရှုပြီးသော အခါ အထက်ထပ်ကို ကျနော်တက်ကြည့်သည်။ ရှေးဦးစွာ အထူးအစည်းအဝေးခန်းကို ၀င်ကြည့်သည်။ သည်အခန်းကား ရာဇ၀င်တွင်မည့် အခန်းတည်း။ ဗိုလ်ချုပ်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သည်အခန်းတွင်း၌ ခေါင်းချင်းဆိုင်လျက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန် လျှို့ဝှက်သောကိစ္စများကို တိုင်ပင်ခဲ့သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
သည် အစည်းအဝေးခန်းနှင့် ကပ်လျက်ရှိသော အခန်းကား ကလေးများအိပ်ခန်းပင်၊ ထိုအခန်း အလယ်တွင် ကလေးကုတင်သုံးလုံးစီးတန်းထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်၏သားနှစ်ယောက်နှင့် သမီးငယ်တို့ အိပ်စက်ကြသော ကုတင်များဖြစ်သည်။ သားသမီးသုံးဦးအနက် ယခုအခါ နှစ်ဦးသာ ကျန်တော့သည်။ ဒုတိယသား အောင်ဆန်းလင်းသည် ၁၉၅၃ခုတွင် အိမ်ရှေ့ရှိရေကန်ငယ်၌ ရေနစ် ကွယ်လွန်ခဲ့ရှာလေပြီ။
ကလေးငယ်များ၏ ကုတင်ကလေးများကို ကြည့်ကာ ကျနော်သည် ဗိုလ်ချုပ်၏ ဘ၀ကိုတွေးတောမိသည်။ သူသည် နိုင်ငံလွတ်လပ်ရေးအတွက်သာ လုံးပန်းနေရသဖြင့် မိသားစုအရေးကို မကြည့်နိုင်ရှာခဲ့ပေ။ မကွယ်လွန်မီ သုံးလခန့်က အပါးတော်မြဲ ဗိုလ်ထွန်းလှအား ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မယ်၊ ခပ်အေးအေး စာကလေးရေးစားရင်း ငါ့အိမ်ထောင် နောင်ရေးအတွက် ဂရုစိုက်စီစဉ်ရအုံးမယ်’ ဟု ပြောပြခဲ့လေသည်။ သို့သော် သူကား သူ့အိမ်ထောင် နောင်ရေးအတွက် မဆောင်ရွက်နိုင်မီ ကွယ်လွန်ခဲ့ရှာသည်တကား။
ထို့နောက် ကျနော်သည် ကလေးအိမ်ခန်းမှ ထွက်ခွာလျက် ဗိုလ်ချုပ်နှင့် ဇနီးဒေါ်ခင်ကြည့်တို့၏ အိမ်ခန်းသို့ ၀င်ကြည့်ခဲ့သည်။
နိုင်ငံအထွတ်အထိပ်ခေါင်းဆောင်ကြီး၏ အိပ်ခန်းဆိုသော်လည်း ပိုး ဖဲ၊ ကတ္တီပါ အဖိုးတန်းများဖြင့် တခမ်းတနား ခင်းကျင်းထားသည်မဟုတ်။ ရိုးရိုးနေ၊ ရိုးရိုးထိုင်၊ ရိုးရိုးစားသော သာမန်ဇနီးမောင်နှံနှစ်ဦး၏ အခန်းမျိုးသာဖြစ်သည်။ အရှင်မဲ့နေသော နှစ်ယောက်အိပ်ကုတင်တလုံးနှင့် အ၀တ်ဘီဒို နှစ်လုံးသည် ငြိမ်ဆိတ်လျက်ရှိသည်။ ဘီဒိုနှစ်လုံးထဲ၌ ဗိုလ်ချုပ်၏ အ၀တ်အစားအနည်း ငယ်ကိုသာ တွေ့ရသည်။ စင်စစ် ထို့ထက်ပို၍လည်း အ၀တ်အစားမရှိရှာပေ။ ထိုအိပ်ခန်းအထက်ထပ် အထပ်ခိုးတွင် ဘုရားစင်ထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်သည် ဘာသာရေးကို ပစ်ပယ်သူမဟုတ်၊ ဗုဒ္ဓဘာသာဝင်တဦးဖြစ်ကြောင်း ဖော်ပြသကဲ့သို့ ရှိနေသည်။
အိပ်ခန်းနှင့် ကပ်လျက်ရှိသော အခန်းကား ဗိုလ်ချုပ်၏ စာကြည့်ခန်းတည်း။ စာအုပ်ဘီဒိုများထဲတွင် စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ စသည်ဖြင့် စာအုပ်မျိုးစုံကိုတွေ့ရသည်။ ဗိုလ်ချုပ်ကား စာအလွန်ဖတ်သူဖြစ်သည်။ ဆောင်းပါး ၀တ္တု ကျမ်းအမျိုးမျိုးအပြင် ကဗျာများကိုပါ အထူးလေ့လာဖတ်ရှု သူဖြစ်သည်။ ဖတ်ရှုသော ကဗျာများအနက်အင်္ဂလိပ်ကဗျာဆရာ ဟင်နလေ၏ ကဗျာတပုဒ်ကို သူအလွန်စွဲမက်သည်။ ထိုကဗျာကို မကြာခဏဖတ်ရွတ်သည်။ ကျနော်သည် သူ့စာအုပ်များကိုကြည့်ရာမှ နှစ်သစ်သည့် ထိုကဗျာပါ အောက်ပါစာပိုဒ်ကလေးကို အထူးသတိရနေမိသည်။
‘ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ သို့သော ညွတ်ကား မညွတ်’
ထို့ပြင် ကျနော်သည် စာဖတ်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ အမြင်ကို ဆင်ခြင်မိပြန်သည်။ ဗိုလ်ချုပ်က သူ့ဆောင်းပါးတစောင်တွင် ‘ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏ အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၎င်းတို့ရေးရာ ဒေသ၊ ရေးသည့် အချိန်ကာလစသည်ကို ကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်’ ဟူ၍ ရေးသားခဲ့ဘူးလေသည်။
စာအုပ်ဘီဒိုများအနီးတွင် ဗိုလ်ချုပ်၏ စာရေးစားပွဲလည်း ရှိသည်။ ဗိုလ်ချုပ်သည် စာဖတ်ဝါသနာ ပါသည့် နည်းတူ စာရေးလည်း အလွန်ဝါသနာပါသည်။ စာရေးရာ၌ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ ထိမိပိုင်နိုင်စွာ ရေးသားနိုင်သည်။ မြန်မာပိုင် အင်္ဂလိပ်သတင်းစာ ‘နယူးဘားမား’ တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်စဉ်က ရေးခဲ့သော ခေါင်းကြီးများမှာ ထင်ရှားသည်။ ဒဂုန်မဂ္ဂဇင်း၌ ရေးခဲ့သော ဆောင်းပါးများမှာလည်း အထူးထင်ရှားလှသည်။
ဤသို့လျှင် ကျနော်သည် ဗိုလ်ချုပ်အိမ်ရှိ အခန်းစုံကို တခန်းဝင် တခန်းထွက်ကြည့်ရင်း ဗိုလ်ချုပ်အကြောင်းကို အမျိုးမျိုးတွေးတော အောက်မေ့မိသည်။ နေစောင်းလာသော အခါ ကျနော်သည် ဗိုလ်ချုပ်အိမ်မှ ဆင်းသက်ထွက်ခွာလာခဲ့သည်။ သို့ထွက်ခွာလာစဉ် ဗိုလ်ချုပ်၏ စေတနာကို မြတ်နိုးမိသည်။ ဗိုလ်ချုပ်၏ ကြိုးပမ်းမှုကို ချီးကျူးမိသည်။ ရိုးသားလှသော ဗိုလ်ချုပ်၏ အနေအထိုင် အမူအရာကို လေးစားမိသည်။ ဗိုလ်ချုပ်၏ စိတ်ဓာတ်ကို အားကျမိသည်။ ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိသည်။ ကောင်းလေစွ။

မင်းယုဝေ (အလယ်တန်း စကားပြေလက်ရွေးစင်မှ…)


အနှိပ်ခံခြင်းကြောင့် ရရှိနိုင်သော ထိပ်တန်းအကျိုးကျေးဇူး ၁၁ ရပ်


အနှိပ်ခံတာက သွေးလှည့်ပတ်မှု ကောင်းစေတာ၊ စိတ်ဖိစီးမှု လျော့ကျစေတာနဲ့ ကြွက်သားတွေရဲ့ တင်းအားကို ပြေလျော့စေတာစတဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအပြင်  စိတ်တည်ငြိမ်စေတာ၊ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေတာ၊ စိတ်ပါဝင်စားမှု ရှိစေတာနဲ့ လန်းဆန်းတက်ကြွမှု ရှိစေတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကိုပါ ရရှိစေပါတယ်။ အနှိပ်ခံချိန်မှာ ညင်ညင်သာသာ ဖြစ်ဖို့နဲ့ သက်သောင့်သက်သာရှိတဲ့ အနေအထားဖြစ်ဖို့ ဂရုစိုက်ရပါမယ်။

(၁) အသက်ပြင်းပြင်း ရှူဖြစ်အောင် အားပေးပါတယ်

အနှိပ်ခံတာကြောင့် အသက်ပြင်းပြင်း ရှူဖြစ်စေပါတယ်။ အသက်ပြင်းပြင်း ရှူသွင်းတာကြောင့် ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် ရောက်ရှိမှု လွယ်စေပြီး အနာကျက်စေတဲ့ အစွမ်းရှိစေပါတယ်။ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု လျော့နည်းရင် ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံး တောင့်တင်းနာကျင်တာနဲ့ ကြွက်သားနာတာတွေ ဖြစ်စေနိုင်ပါတယ်။ အောက်ဆီဂျင်ရရှိမှု ကောင်းရင် ခန္ဓာကိုယ်ထဲက အဆိပ်တွေ ထွက်ရှိနှုန်း ကောင်းစေပြီး စွမ်းအင်ပြည့်ဝ နေပါလိမ့်မယ်။

(၂) ကိုယ်နေဟန်ထား ကောင်းမွန်စေပါတယ်

နှိပ်ပေးတာက ရောဂါကုထုံး တစ်ရပ်လို အသုံးမဝင်ပေမယ့် ကျောရိုးနဲ့ ကျောရိုးတစ်လျှောက်ရှိ ကြွက်သားတွေကို ပျော့ပျောင်း သန်စွမ်းစေကာ ကိုယ်နေဟန်ထားကို ဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်စေပါတယ်။ ကိုယ်နေဟန်ထား ကောင်းမွန်တာက အသက်ရှူရာမှာ ပိုအဆင်ပြေစေပြီး တစ်ကိုယ်လုံး တင်းအားလျော့ကျစေပါတယ်။

(၃) သွေးလှည့်ပတ်မှု ကောင်းစေပါတယ်

သွေးလှည့်ပတ်မှု ကောင်းမွန်တာကြောင့် ခန္ဓာကိုယ်သန်စွမ်းကာ စွမ်းအင်မြင့်တက်စေပါတယ်။ အထူးသဖြင့် ဆောင်းရာသီလို အေးမြတဲ့ ကာလမှာ သွေးလှည့်ပတ်မှုနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးကွေးနေတတ်တာကြောင့် အနှိပ်ခံပေးပါက သွေးထဲက အဆိပ်တွေကို ထွက်ရှိသွားစေပြီး စွမ်းအားသစ်တွေ ရရှိစေပါတယ်။ သွေးလှည့်ပတ်မှု ကောင်းတဲ့အတွက် ကြွက်သားတွေ ပြန်လည်သန်စွမ်း ကောင်းမွန်စေကာ ကြီးထွားစေပြီး အနာကျက်တဲ့ ဖြစ်စဉ်ကို အားပေးပါတယ်။

(၄) အသားအရေကို ကျန်းမာလှပစေပါတယ်

အဆီနဲ့ ခရင်မ်တွေကို သုံးပြီး နှိပ်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ဒီလို နှိပ်ပေးတာက အရေပြား ဆဲလ်တွေကို ပြန်လည် အာဟာရ ပြည့်ဝစေပြီး စိုပြည်စေကာ အားဖြည့်ပေးနိုင်ပါတယ်။ နှိပ်တဲ့အခါ ဗီတာမင်အီးနဲ့ စပျစ်စေ့ဆီတို့ကို သုံးရင် အသားအရေကို ပိုမို လှပစေနိုင်ပါတယ်။

(၅) အဆစ်တွေရဲ့ ပျော့ပျောင်းနိုင်စွမ်းအားကို ကောင်းမွန်စေပါတယ်

အနှိပ်ခံတာကြောင့် တစ်ကိုယ်လုံး တောင့်တင်းနာကျင်မှု လျော့ကျကာ အဆစ်တွေရဲ့ ပျော့ပျောင်းသန်စွမ်းမှုကို အားပေးပါတယ်။ ကြွက်သား တောင့်တင်းနေရင် အနှိပ်ခံပြီးနောက် သက်သာသွားတတ်ပါတယ်။

(၆) စိတ်တည်ငြိမ်စေပါတယ်

အနှိပ်ခံတာကြောင့် ဖန်တီးနိုင်စွမ်းအား ကောင်းတာ စိတ်တည်ငြိမ် အေးချမ်းစေပါတယ်။ အနှိပ်ခံပြီးချိန်မှာ တွေးခေါ်နိုင်စွမ်း၊ အစီအစဉ်တွေကို ဖန်တီးနိုင်စွမ်းရှိကာ အတွေးအခေါ် ကောင်းပြီး စိတ်ဖိစီးမှုတို့ လျော့ကျစေနိုင်ပါတယ်။ အနှိပ်ခံတာကြောင့် တစ်ကိုယ်လုံး အပန်းပြေကာ စိတ်အခြေအနေကို အားပေးပါတယ်။

(၇) ပူပင်သောကတို့ လျော့ကျစေပါတယ်

အနှိပ်ခံတာက အပန်းပြေစေတဲ့ အစွမ်းရှိပြီး ပူပင်သောကတွေကို သိသိသာသာ လျော့ကျစေပါတယ်။ ပူပင်သောကဟာ ခန္ဓာကိုယ်ရဲ့ တချို့အစိတ်အပိုင်းတွေ ဖြစ်တဲ့ ခါး၊ ပခုံး၊ ဝမ်းဗိုက်နဲ့ လည်ပင်းတွေမှာ တောင့်တင်းမှုကို ဖြစ်စေနိုင်ပါတယ်။

(၈) သွက်လက်စေပါတယ်

စိတ်နဲ့ ခန္ဓာဆက်သွယ်မှုဟာ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အတွေ့ရများတဲ့ အချက်ပါ။ နိုးထလာတဲ့ အချိန်ကစပြီး အိပ်ရာဝင်ချိန်အထိ ခန္ဓာကိုယ်ကို စိတ်က ဦးဆောင်နေတာ ဖြစ်ပါတယ်။ အနှိပ်ခံလိုက်တာကြောင့် ခန္ဓာကိုယ်က သွက်လက် လန်းဆန်းကာ စိတ်သွားတိုင်း ကိုယ်ပါတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။

(၉) တက်ကြွမှု ရရှိစေပါတယ်

အနှိပ်ခံတာကြောင့် စိတ်ပိုင်းဆိုင်ရာ လန်းဆန်းမှု ဖြစ်စေပြီး ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ရှိစေပါတယ်။

(၁၀) စိတ်ကို ငြိမ်းချမ်းစေပါတယ်

အနှိပ်ခံတာကြောင့် စိတ်အပန်းပြေစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်းထွက်ရှိမှု မြင့်မားစေပြီး စိတ်ကို ငြိမ်းချမ်းမှု ရရှိစေပါတယ်။

(၁၁) အထိအတွေ့ကြောင့် ကြည်နူးမှုရရှိစေပါတယ်

အနှိပ်ခံတာကြောင့် တခြားလူတစ်ဦးရဲ့ ထိတွေ့မှု ရရှိကာ စိတ်ကျေနပ်မှုကို ရရှိစေပါတယ်။ အနှိပ်ခံတာကြောင့် ထိတွေ့မှုဟာ လက်ချင်းဆုပ်ကိုင်တာ၊ ပွေ့ဖက်တာတွေထက် ပိုပြီး ထူးခြားဆန်းကြယ်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။

ကြယ်စင်

Saturday, June 23, 2012

Myo Myint Cho - From OWay To Oway

 အိုးဝေ မှ အိုးဝေ
မျိုးမြင့်ချို
ဒီဇင်ဘာ ၂၈၊ ၂၀၁၀
မလေးရှားရောက် မိတ်ဆွေတဦးက “အိုးဝေ” အမည်ဖြင့် ဂျာနယ်လ်တစောင်ထုတ်နေကြောင်း၊ သူ့ဂျာနယ်အတွက် ကျနော့်စာမူ လိုချင် ကြောင်းပြောလာ၏။  ရေးပေးမည်ဟုပြောလိုက်မိသည်။ ပြောပြီးခါမှ ဘာအကြောင်းရေးရင်ကောင်းမလဲဟုတွေးမိ၏။ ထိုအခါ  “အိုးဝေ” “အိုးဝေ” ဆိုသည့်အသံက အသိအာရုံတွင်ပဲ့တင်ထပ်လာ၏။
“အိုးဝေ”..သည် “အိုးဝေ”မျိုးဆက်သာဖြစ်ရပေမည်။
ဗမာ့လွတ်လပ်ရေးအကြောင်းပြောလျှင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ပုံရိပ်သည် လွတ်လပ်ရေးနှင့်တထပ်တည်းကျ၏။ ကိုအောင်ဆန်းအကြောင်းပြောလျှင် “အိုးဝေမဂ္ဂဇင်း”ပါလာမည်။ “အိုးဝေမဂ္ဂဇင်း” အကြောင်းပြောလျှင် ဦးညိုမြပါလာမည်။ ဦးညိုမြအကြောင်း ပြောလျှင်  The hell hound at large “ငရဲခွေးကြီးလွတ်နေပြီ” ပါလာမည်။ ငရဲခွေးကြီးလွတ်နေသည်အကြောင်းပြောလျှင် ခေါင်းစုတ်ဖွား အဝတ်အစားဘိုသီဘတ်သီ ခုံဖိနပ်သံတဂွပ်ဂွပ် မျက်နှာမှုံတေတေနှင့်အယ်ဒီတာ့စားပွဲက ကိုအောင်ဆန်း၊ ဒုတိယကျောင်းသားသပိတ်ကြီးနှင့် ကျောင်းသားခေါင်းဆောင်များ၏ ပုံရိပ်များအစီအရီကျလာ၏။ ထိုပုံရိပ်များအကြောင်းပြောလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုအဆက်ဆက်နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲများပါလာ၏။ ထိုအရာများက သမိုင်းခေတ်၏ ဖျောက်မရ မေ့မရသည့်ကွင်းဆက်များ။
ဗမာ့လွတ်လပ်ရေးတိုက်ပွဲခေါ်သံနှင့်အလံကိုင်များ၏မီးရှူးသန့်စင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ “သမဂ္ဂမဂ္ဂဇင်းအိုးဝေ”။ “အိုးဝေ” အယ်ဒီတာကိုအောင်ဆန်း။
“အိုးဝေအယ်ဒီတာ”၏စာပေခရီးအစသည်(ရေနံချောင်းအမျိုးသားကျောင်းသားဘဝကစခဲ့သည်ဟု ဆိုရမည်။
ရေနံချောင်းအမျိုးသားကျောင်း၌ ကျောင်းစာစောင်တစောင်ထုတ်ဝေရာ ကျောင်း သားမောင်အောင်ဆန်းသည် အယ်ဒီတာအဖြစ်တာဝန်ယူခဲ့ရသည်။ ပထမ ဦးစွာဖော်ပြခြင်း ခံရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ဆောင်းပါးမှာမူ ဘာသာပြန်ဆောင်းပါးဖြစ်သည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် “ဂန္ထလောကမဂ္ဂဇင်း” တွင်ပါ ရှိခဲ့ခြင်းဖြစ်သည်။ “ပဲခူးကဝေ” ကလောင်အမည်နှင့်ရေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တက္ကသိုလ်ကျောင်သား ကိုအောင်ဆန်းသည် ပဲခူးဆောင် တွင်နေသည့်အတွက် “ပဲခူးကဝေ”ဟူ၍ ကလောင်အမည်ယူခဲ့ခြင်းလား…မပြောတတ်။
ဗိုလ်ချုပ်အောင်ဆန်း၏စာပေခရီးတွင် “အယ်ဒီတာ” အဖြစ်က ပိုမို၍ကျော်ကြားထင်ရှားခဲ့သည်ဟုဆိုရမည်။ ၁၉၃၆ တွင် “အိုးဝေမဂ္ဂဇင်း” ၌ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် အယ်ဒီတာ့တာဝန်ယူရ၏။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ်တာဝန်ယူထုတ်ဝေသည့် “အိုးဝေ”မဂ္ဂဇင်းတွင် “ယမမင်း”  အမည်ဖြင့်  “ဆရာညိုမြ” ၏ “ငရဲခွေးကြီးလွတ်နေပြီ” (The Hell Hound At Large) အမည်ရှိဆောင်းပါးတပုဒ်ပါလာ၏။ တက္ကသိုလ်အာဏာပိုင်များက ဆောင်းပါးရှင်ကိုအရေးယူရန် ဆောင်းပါးရှင်၏အမည်ရင်းကို အယ်ဒီတာ  ကိုအောင်ဆန်းထံမေး၏။
အယ်ဒီတာ့ကျင့်ဝတ်အရ ဆောင်းပါးရှင် အမည်ထုတ်ဖော်၍ မပြောနိုင်ကြောင်း ကိုအောင်ဆန်းကငြင်းပယ်လိုက်၏။ ကျောင်းအာဏာပိုင် မျက်နှာဖြူကြီးများကမကျေနပ်ကြ။ ဤတွင် အယ်ဒီတာကိုအောင်ဆန်းကို အရေးယူရန်လုံ့လပြုလာကြ၏။ ကိုအောင်ဆန်းအား ကျောင်းမှထုတ်ရန်အထိပင်ကြိုးပမ်းလာကြ၏။
ဤမှ  ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးအထိ။ ကိုလိုနီစနစ်ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးက ကြီးမားမြင့်တက်ခဲ့၏။ ထိုနှစ်တွင်ထုတ်ဝေသည့် “အိုးဝေ”မဂ္ဂဇင်းအတွဲ - ၆၊ အမှတ် ၁ တွင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ ခေါင်းကြီးကိုရေး၏။ 
“ငါ့အား ဖုံးလွှမ်းထားသောလကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သောလက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကားမတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏အခြားမဲ့၌ကား သေခြင်းတရားသည်ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။ သို့သော် ငါကား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှမကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကိုမည်မျှပင်များစွာ မှတ်သားထား သည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေသည်”
(ဒဂုန်တာရာ၏ စာလုံးဆေးစက် ကတ္တီပါကားလိပ်နှင့်ပန်းနုရောင်အို အယ်ဒီတာ့စားပွဲ…မှ)
ကျနော်က အိုးဝေအကြောင်းပြန်တွေးမိ၏။ ထိုမှ ကျောင်းသားခေါင်းဆောင် အယ်ဒီတာကိုအောင်ဆန်း၊ ထိုမှ သခင်အောင်ဆန်း၊ ထိုမှ ဗိုလ်ချုပ်အောင်ဆန်း၊ ထိုမှ ထူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် ဗမာ့လွတ်လပ်ရေးဗိသုကာ ထိုမှ အာဇာနည် အဖြစ်ကျဆုံးသွားခဲ့ရသည့် ဦးအောင်ဆန်း။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
အတွင်းဝန်ရုံး။
အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်အဆောက်အဦရှေ့ ဝရန်တာတွင်မတ်တပ်ရပ်ရင်း သူတို့တတွေ စကားပြောနေကြ၏။ သူတို့ တတွေဟူသည်ကား..ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာမင်းသုဝဏ်နှင့် ဦးခင်ဇော်တို့ ဖြစ်၏။
ဗိုလ်ချုပ်အောင်ဆန်းက ဘန်ကောက်လုံချည် နံ့သာရောင်၊ ပိုးအင်္ကျီရင်စေ့နှင့် သပ်သပ်ရပ်ရပ်သားသားနားနား။ သူတို့စကားဝိုင်းက စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှုအကြောင်းများဖြစ်သည်။
“လွတ်လပ်ရေးရရင် နိုင်ငံရေးကထွက်ပြီး ပညာရေးနဲ့ယဉ်ကျေးမှုတွေလေ့လာမယ်။ အာရှအရှေ့တောင်ပိုင်းမှာလှည့်ပြီး ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်”
ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကိုပြော၏။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်အားထက်သန်စွာနှင့်စကားပြောလျှင်…သူ၏ နှုတ်ခမ်းသည် အနည်းငယ် “ထော်”၍ သွားတတ်၏။
“ကျနော်လည်း နိုင်ငံရေးကထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျနော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ (အတ္ထုပတ္တိစာပေ)တွေလည်းလိုတယ်။ ဘာ့ကြောင့် မရေးကြသလဲမသိဘူး။ ပြီးတော့  ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကိုစုံစမ်းရမယ်။ အာရှတိုက်သားတွေတဦးနဲ့တဦး ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်လည်း အနုပညာသမားပါပဲဆရာ”
ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သူတို့လုပ်ဆောင်လိုကြသည့် စာပေယဉ်ကျေးမှု အနုပညာရည်မှန်းချက်များ ဆွေးနွေးနေကြ၏။ ထိုစဉ်က..သူတို့သည် နောင် ၅ ရက်အကြာ၌ ဤအဆောက်အဦကြီးအတွင်း၌ပင် အကြမ်းဖက်သမားတစု၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရမည်ကို မသိကြ။ တွေးထင်၍ပင် မထား….။
(ဒဂုန်တာရာ၏ စာလုံးဆေးစက်၊ ကတ္တီပါကားလိပ်နှင့်ပန်းနုရောင်အို အယ်ဒီတာ့စားပွဲ…မှ)
သမိုင်းတွင် “အကယ်၍” ဆိုသည်မှာမရှိမှန်းလည်းသိပါ၏။ သို့သော် “အလုပ်ကြံသာမခံခဲ့ရရင်”  ဂန္ထလောကမဂ္ဂဇင်း ပဲခူးကဝေမှ စခဲ့သည့်ကလောင်သည် အယ်ဒီတာကိုအောင်ဆန်းအဖြစ်မျှနှင့် ချူပ်ငြိမ်းသွားမည်မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ဆိုလျှင် ကျနော်တို့ “အိုးဝေ” မျိုးဆက်များ၏ အသိပညာဘဏ္ဏာတိုက်တွင် သမိုင်းစာပေ၊ ဘာသာပြန်၊ အထုပ္ပတ္တိ၊ သုတနှင့်ရသ စာကောင်းပေမွန်များ ယခုထက် ပြည့်စုံကြွယ်ဝနေလိမ့်မည်မှာလည်းသေချာပါသည်။ ဦးအောင်ဆန်းလုပ်ကြံခံလိုက်ရခြင်းသည် ကျနော်တို့အတွက် အမျိုးသားခေါင်းဆောင်ကြီး ဆုံးရှူံးခြင်းမျှမက မြန်မာစာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းတခုပါ တပါတည်းဆုံးရှူံးရခြင်းဖြစ်၏။
(မူရင်းကဗျာဆရာ ဓါတ်ပုံနဲ့လက်ရေးမူ)

Invictus
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.
It matters not how strait the gate,
How charged with punishments the scroll.
I am the master of my fate:
I am the captain of my soul.

William Ernest Henle
William Ernest Henley (August 23, 1849 - July 11, 1903) was a British poet, critic and editor.

“ဗမာ့ဦးသန့် ကို အာဏာရှင်နေ၀င်း ဘာကြောင့်”

အတွေးအမြင်၊ အမှတ်(၂၀၂)၊ ၂၀၀၈၊ ဇန်န၀ါရီလထုတ်၊ စာမျက်နှာ ၅၃-၅၇ မှ “အတွေးအမြင် အထူးဆောင်းပါး” (မြန်မာ့လူချွန်လူမွန်များ) ကဏ္ဍမှ ဦးသက်ထွန်း (အငြိမ်းစားသံအမတ်ကြီး) ရေး “ဦးသန့်” ဆောင်းပါးအား ကူးယူဖော်ပြအပ်ပါသည်။
ဦးသန့်


Laptop အသုံးပြုသူများ သတိပြုရန်

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။


၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။


ဒေါ်ခင်ကြည် ပြော ပြ တဲ့ လူငါးယောက် အကြောင်း။


ဒုလ္လဘ ပထ၀ီ (Rare Earth )

မြေကြီးထဲကနေထွက်ရှိတဲ့ တွင်းထွက်ပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ မရှိမဖြစ်သုံးစွဲနေရတဲ့ အရာပေါင်းမြောက်မြားစွာကို ဖန်တီးပေးနေသလို နိုင်ငံအချင်းချင်း ကုန်သွယ်ရေး၊ စစ်ရေး ပြိုင်ဆိုင်မှုတွေ၊ အပြန်အလှန်မှီခိုမှုတွေအတွက် အခြေခံကျတဲ့ အရင်းအမြစ်တွေလည်းဖြစ်ကြပါတယ်။ ဒီလိုတွင်းထွက်ပစ္စည်းတွေထဲမှာ လူအများစုသိတဲ့တွင်းထွက်ပစ္စည်းတွေ ရှိသလို လူနည်းစု(ပညာရှင်များ)လောက်သာ သိတဲ့တွင်းထွက်ပစ္စည်းအမျိုးအစားတွေလည်း ပါဝင်နေကြပါတယ်။ ဒေသအလိုက်ထွက်ရှိတဲ့ ပစ္စည်းအမျိုးအစားတွေ မတူညီတဲ့အတွက် ဒေသိယအခေါ်အဝေါ်တွေလည်း ကွဲပြားခြားနားမှုရှိတတ်ပါတယ်။ ပေါများတဲ့တွင်းထွက်ပစ္စည်းတွေ ရှိနေသလိုပဲ ရှားပါးတဲ့တွင်းထွက်ပစ္စည်းတွေလည်း ရှိနေပါတယ်။ တချို့တွင်းထွက်တွေဟာ ဒေသတစ်ခုမှာ ပေါပေါများများထွက်ရှိပေမယ့် တခြားဒေသတွေမှာ ရှာဖွေတွေ့ရှိဖို့ခက်ခဲလို့ ဈေးကွက်ဝေစုကိုထွက်ရှိရာဒေသကနေ လက်ဝါးကြီးအုပ်ထားတဲ့အတွက် ပစ္စည်းတန်ဖိုးမြင့်တက်လာရာကနေ ရှားပါးပစ္စည်းအဖြစ် ရောက်ရှိသွားတာမျိုးလည်း ရှိတတ်ပါတယ်။ တန်ဖိုးကြီးတွင်းထွက် သတ္တုလို့ပြောလိုက်တာနဲ့ လူတွေရဲ့စိတ်ထဲမှာ ရွှေကို ပထမဆုံးတန်းမြင်ကြမှာသေချာပါတယ်။ ရွှေရဲ့တန်ဖိုးကြီးမှုဟာ ရှားပါးမှုကြောင့်လို့ပြောလို့မရပါဘူး။ ကမ္ဘာ့ကုန်သွယ်ရေးမှာ သူ့ရဲ့အသုံးဝင်မှုကြောင့် ဟိုးယခင်ရှေးနှစ်ပေါင်းများစွာကတည်းက ရွှေရဲ့တန်ဖိုးဟာ တွင်းထွက်သတ္တုတွေကြားမှာ အမြင့်ဆုံးနေရာတစ်ခုကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ကျောက်မျက်ရတနာမဟုတ်ပဲ ရွှေလိုပဲ တန်ဖိုးကြီးတဲ့ ရှားပါးတွင်းထွက်တစ်မျိုးအကြောင်းကို ဒီဆောင်းပါးမှာတင်ပြချင်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဖြစ်စေ၊ဆီလျော်အောင်ဖြစ်စေ ဘာသာပြန်ဆိုဖို့ခက်ခဲတဲ့ အဲဒီတွင်းထွက်ပစ္စည်းအမည်ကတော့ Rare Earth(RE)ပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလိုနာမည်မရှိသေးတဲ့ ဒီပစ္စည်းကို မြန်မာလူမျိုးတိုင်း ရင်းနှီးနေတဲ့ ပါဠိစကားနဲ့တိုက်ရိုက် ဘာသာပြန်ပြီး ဒီဆောင်းပါးကို ဒုလ္လဘ ပထ၀ီလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။



Rare Earth အုပ်စုထဲမှာ ဒြပ်စင် စုစုပေါင်း ၁၇ မျိုးပါရှိပြီး အဲဒီထဲမှာ Lanthanide လို့ခေါ်တဲ့ metallic chemical element ၁၅မျိုးနဲ့ Scandium  နဲ့ Yttrium လို့ခေါ်တဲ့ နောက်ထပ်ဒြပ်စင်နှစ်မျိုးပါဝင်နေပါတယ်။ Scandium နဲ့ Yttrium ဟာ Lanthanide တွေထွက်ရှိတဲ့ ကျောက်သား(သို့) မြေသားအမျိုးအစားချင်း ဆင်တူတဲ့ မြေကြီးထဲမှာတွေ့ရှိရပြီး အထဲမှာပါဝင်နေတဲ့ ဓာတုပစ္စည်းသဘာဝချင်း နီးစပ်မှုရှိတဲ့အတွက် အဲဒီနှစ်ခုကို Rare Earth အဖြစ်ထည့်သွင်းသတ်မှတ်ထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတွေ့ရှိနိုင်တဲ့ Rare Earth ၁၇ မျိုးကတော့-
  1. Scandium (Sc) 
  2. Yttrium (Y)  
  3. Lanthanum(La)
  4. Cerium (Ce)
  5. Praseodymium (Pr)
  6. Neodymium (Nd)
  7. Promethium (Pm)   
  8. Samarium (Sm)
  9. Europium (Eu)
  10. Gadolinium (Gd)
  11. Terbium (Tb)
  12. Dysprosium (Dy)
  13. Holmium (Ho)
  14. Erbium (Er)
  15. Thulium (Tm)
  16. Ytterbium (Yb)
  17. Lutetium (Lu)
ဒီ Rare Earth ၁၇ မျိုးဟာ သူ့အရည်အသွေးနဲ့သူ ယနေ့ခေတ်မှာတွင်ကျယ်နေတဲ့ စက်မှုလုပ်ငန်းတွေရဲ့ အဓိကလိုအပ်တဲ့ကုန်ကြမ်းတွေအဖြစ် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအများစုရဲ့ ဆာလောင်မွတ်သိပ်မှုအောက်မှာ ဈေးကွက်ပြိုင်ဆိုင်မှုတွေကို ဖန်တီးနေတဲ့ အရာတွေဖြစ်ကြပါတယ်။

 

အမေရိကန်၊ဥရောပ၊တရုတ်၊ဂျပန်၊ကိုရီးယားတို့လို တိုးတက်တဲ့နိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူတွေကို မေးခွန်းလေးတစ်ခုလောက်မေးကြည့်ပါ။
Are you ready for a world without iPods or cell phones?
သူတို့ဘယ်လိုဖြေမယ်ထင်ပါသလဲ။ နေ့စဉ်ဘ၀မှာ မသုံးမဖြစ်သုံးစွဲနေရတဲ့ ဒီပစ္စည်းသေးသေးလေးတွေကနေစလို့ Hybird Car Batteries, Flat Screen Televisions,Radar Systems, Missile-guidance systems,Satellites,Aircraft electronics,Smart bombs,Electric car engines စတဲ့အရပ်ဖက်၊စစ်ဖက် ပစ္စည်းကိရိယာတွေထုတ်လုပ်တဲ့နေရာမှာ Rare Earth ဟာ မရှိမဖြစ်လိုအပ်တဲ့ကုန်ကြမ်းဖြစ်နေတဲ့အတွက် ဒီတွင်းထွက်ပစ္စည်းကို စက်မှုထွန်းကားတဲ့ နိုင်ငံတိုင်းက မက်မက်မောမော ၀ယ်ယူသုံးစွဲနေကြပါတယ်။ ဒီလိုမျိုး ၀ယ်လိုအားအရမ်းမြင့်နေတဲ့ Rare Earth Element တွေကို အရောင်းအ၀ယ်ပြုလုပ်တဲ့အခါ အဖိုးတန်သတ္တု(ရွှေ၊ငွေ)စတဲ့ အရာတွေ ဒါမှမဟုတ် လုပ်ငန်းသုံး သတ္တု(နီကယ်၊သွပ်၊ကြေးနီ)စတဲ့ အရာတွေကို ရောင်းဝယ်သလိုမျိုး ပေါ်ပေါ်ထင်ထင် ရောင်းချတာမျိုးမရှိပဲ Private Market မှာပဲ အရောင်းအ၀ယ်လုပ်ကြပါတယ်။ အထူးသဖြင့် အရောင်းအ၀ယ်လုပ်ကြတဲ့အခါ အစိုးရပိုင်းက ဦးဆောင်ပြီး အရောင်းအ၀ယ်လုပ်ကြတာများပါတယ်။ ဒါကြောင့် သူ့ရဲ့ပေါက်ဈေးအတိအကျကို လတ်တလော ခြေရာခံဖို့ ခက်ခဲပေမယ့် mineralprices.com လိုမျိုး ၀က်ဆိုက်တွေမှာ သူ့ပေါက်ဈေးကို လိုက်ရှာကြည့်လို့ရပါတယ်။ ဈေးကွက်ထဲအရောင်းအ၀ယ်လုပ်တဲ့နေရာမှာ သန့်စင်ပြီးသား Rare Earth Element တွေကို ရောင်းချတာမျိုးမဟုတ်ပဲ ဥပမာ Neodymium metal ≥99.5% အဲဒီလိုမျိုး  ဒြပ်စင်တွေ ရာခိုင်နှုန်းနဲ့ပါဝင်နေတဲ့ ကုန်ကြမ်းအရောတွေကိုသာ အရောင်းအ၀ယ်လုပ်ကြပါတယ်။




Rare Earth ရဲ့သမိုင်းကြောင်းကိုလေ့လာကြည့်တဲ့အခါ ၁၇၈၇ ခုနှစ်မှာ ဒုဗိုလ် Carl Axel Arrhenius ဆိုသူက ဆွီဒင်နိုင်ငံ Ytterby ကျေးလက်ဒေသမှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက Ytterbite လို့ခေါ်တဲ့ အနက်ရောင်သတ္တုအဖြစ် လူတွေသိခဲ့ကြပြီးတော့ သက္ကရာဇ် ၁၈၀၀ ပြည့်နှစ်မှာ Gadolinite လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီရရှိလာတဲ့ သတ္တုရိုင်းတွေကို ပညာရှင်တွေ အဆင့်ဆင့် ဓာတ်ခွဲစမ်းသပ်ပြီး ၁၈၀၃ခုနှစ်မှာ ပထမဆုံး Rare Earth Element နှစ်မျိုးဖြစ်တဲ့ Yttrium နဲ့ Cerium တို့ကို စတင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဒြပ်စင်နှစ်မျိုးကိုစတင်ဖော်ထုတ်ခဲ့တဲ့ အချိန်ကနေ အခြား Rare Earth Element တွေကိုထပ်မံဖော်ထုတ်နိုင်ဖို့အတွက် နောက်ထပ်နှစ်ပေါင်း ၃၀ လောက် အချိန်ကြာမြင့်ခဲ့ပါတယ်။ ၁၈၄၂ ခုနှစ်မှာတော့ ရှာဖွေဖော်ထုတ်လို့ရတဲ့ Rare Earth ဒြပ်စင်အမျိုးအစား ခြောက်မျိုးထိရှိလာခဲ့ပါတယ်။ ၁၉၄၀ ၀န်းကျင်နှစ်များမှာ သုတေသနပညာရှင် Frank Spedding နဲ့အဖွဲ့ဟာ Rare Earth Element တွေကို ခွဲခြားသန့်စင်နိုင်တဲ့ Chemical ion exchange procedure တွေကိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနည်းပညာဟာ သတ္တုရိုင်းတွေမှာပါဝင်နေတဲ့ ယူရေနီယမ်၊သိုရီယမ်၊အက်တီနီယမ်နဲ့ တခြားရှားပါးသတ္တုဓာတ် Rare Earth တွေဆီကနေ Plutonium-239 နဲ့ Neptunium ကို နျူကလီးယားဓာတ်ပေါင်းဖိုတွေထဲမှာခွဲထုတ်သန့်စင်ဖို့ ပထမဆုံး အသုံးပြုခဲ့ပါတယ်။ အဲဒီရလာတဲ့ ပလူတိုနီယမ် Plutonium-239 ဟာ အင်မတန်ပြိုကွဲလွယ်တဲ့အတွက် အဏုမြူစွမ်းအင်ထုတ်လုပ်နိုင်ပြီး အဖိုးတန်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Rare Earth Element တွေထဲက ဒြပ်စင်တစ်မျိုးဖြစ်တဲ့ Promethium ဟာ ရေဒီယိုသတ္တိကြွဒြပ်စင်တစ်မျိုးဖြစ်ပြီးတော့ ဒီဒြပ်စင်ဟာ ယူရေနီယမ် Uranium-238 ပြိုကွဲခြင်း (Spontaneous Fission) အဆင့်ဆင့်ကနေ သဘာဝအလျှောက် ဖြစ်ပေါ်လာတာဖြစ်ပြီး များသောအားဖြင့် သူ့ကို နျူကလီးယားဓာတ်ပေါင်းဖိုထဲမှာ သိပ္ပံနည်းကျ ခွဲထုတ်ယူကြပါတယ်။




ကမ္ဘာပေါ်က Rare Earth ထွက်ရှိတဲ့နေရာ စုစုပေါင်းရဲ့ ၃၂.၇၂ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံမှာ တည်ရှိပြီး ကမ္ဘာ့ဈေးကွက်မှာ တရုတ်နိုင်ငံရဲ့ Rare Earth တင်ပို့မှုဟာ ၉၅ရာခိုင်နှုန်းကျော်ရှိနေပါတယ်။ မွန်ဂိုလီးယားအတွင်းပိုင်းက တရုတ်ပိုင် Rare Earth မိုင်းတွင်းတွေကနေ အများဆုံးထုတ်လုပ်နေတာဖြစ်ပြီးတော့ ဒီထုတ်လုပ်မှုဟာ နိုင်ငံအတွင်းမှာရှိနေတဲ့ Rare Earth သတ္တုကြောတွေရဲ့ ၃၇ရာခိုင်နှုန်းသာ ရှိသေးတယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၀ခုနှစ် ကွင်းဆင်းသုတေသနပြုချက်များအရ Rare Earth စုစုပေါင်း မက်ထရစ်တန် ၁၃ သန်းကျန်သေးတယ်လို့ သိရပါတယ်။ ၂၀၀၉ခုနှစ်ကနေစပြီး လေ့လာတွေ့ရှိချက်များအရ နောက်နှစ်တွေမှာ နှစ်စဉ်ကမ္ဘာတ၀ှန်း Rare Earth ထုတ်လုပ်သုံးစွဲမှု တန်ချိန်လေးသောင်းကျော်ထိကို ပိုမိုမြင့်တက်လာနိုင်မယ်လို့ ခန့်မှန်းထားပြီး နောက်ထပ်အရင်းအမြစ်တွေ ထပ်မံမဖော်ထုတ်နိုင်ရင် ကမ္ဘာပေါ်မှာ Rare Earth ရှားပါးပြတ်လတ်မှုကို မကြာခင်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သုတေသီတွေက ဟောကိန်းထုတ်ထားပါတယ်။ ဒီအခြေအနေမှာ တရုတ်နိုင်ငံက သူ့ရဲ့Rare Earth နိုင်ငံခြားတင်ပို့ခြင်းစည်းမျဉ်းများကို ပြင်ဆင်ခြင်း၊ မှောင်ခိုကုန်ကူးခြင်းစတာတွေကို တိုက်ဖျက်ခြင်းတွေ စတင်လုပ်ဆောင်ပြီး ၂၀၀၉ခုနှစ်၊စက်တင်ဘာလ ၁ရက်နေ့မှာ နိုင်ငံခြား Rare Earth တင်ပို့မှုကို ၂၀၁၀-၂၀၁၅ အတွင်း တစ်နှစ်လျှင်တန်ချိန် သုံးသောင်းခွဲလျှော့ချဖို့ကြေငြာခဲ့ပါတယ်။ အဓိကအကြောင်းပြချက်ကတော့ နိုင်ငံတွင်းက သတ္တုရင်းမြစ်တွေကိုချွေတာဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လို့ဆိုပါတယ်။ ၂၀၁၀ခုနှစ် အောက်တိုဘာလမှာ China Daily သတင်းစာမှာ အမည်မဖော်လိုတဲ့ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအရာရှိတစ်ဦးက Rare Earth တင်ပို့မှုကို ၃၀ရာခိုင်နှုန်းလျှော့ချမယ်လို့ပြောကြားခဲ့ပြီးတော့ ၂၀၁၁ ခုနှစ်မှာ ပြည်ပတင်ပို့တဲ့ တန်ချိန် ၁၄၄၄၆တန်ကိုလျှော့ချခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၀ခုနှစ် Rare Earth တင်ပို့မှုရဲ့ ၃၅ရာခိုင်နှုန်းကျော်ရှိနေပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာတော့ တရုတ်နိုင်ငံတွင်းက အဓိက Rare Earth မိုင်းတွင်း ရှစ်ခုထဲက သုံးခုရဲ့ ထုတ်လုပ်မှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။ ဒီမိုင်းတွင်းသုံးခုရဲ့ထုတ်လုပ်မှုပမာဏဟာ တရုတ်နိုင်ငံတစ်ခုလုံးမှာထွက်ရှိတဲ့ ပမာဏရဲ့ ၄၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီအခြေအနေကြောင့် ဈေးကွက်အတွင်းမှာ Rare Earth ဈေးနှုန်းဟာ ခုန်တက်သွားပြီး တရုတ်နိုင်ငံရဲ့တင်ပို့မှုကို အဓိကမှီခိုနေရတဲ့ အမေရိကန်လိုနိုင်ငံတွေဟာ ကိုယ့်နိုင်ငံတွင်းမှာ မိုင်းလုပ်ကွက်အသစ်တွေ လိုက်လံရှာဖွေခြင်း၊ တခြား Rare Earth ထွက်ရှိတဲ့ လက်တင်အမေရိကနဲ့ အာရှနိုင်ငံအချို့မှာ သွားရောက်ရင်းနှီးမြှုပ်နှံခြင်း စတာတွေကို လုပ်ဆောင်နေရပြီဖြစ်ပါတယ်။ တရုတ်ရဲ့တင်ပို့မှုကို အားကိုးနေရတဲ့ ကမ္ဘာ့အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်မှု ထိပ်တန်းရောက်နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံဟာလည်း ဗီယက်နမ်နိုင်ငံကနေ Rare Earth တွေတင်သွင်းဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ရပါတယ်။ တရုတ်နိုင်ငံရဲ့လုပ်ဆောင်ချက်ဟာ သူ့မှာရှိနေတဲ့ အရင်းအမြစ်အားသာချက်ကို အသုံးပြုပြီး ကမ္ဘာ့ဈေးကွက်မှာ ဈေးကစားတာမျိုးဖြစ်သလို ပါဝါချင်းယှဉ်ပြိုင်နေတဲ့ အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ထုတ်လုပ်တင်ပို့မှုကို ဗျူဟာကျကျ ထိုးနှက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။




Rare Earth မိုင်းတွင်းလုပ်ငန်းများ၊Rare Earth Element တွေကိုသန့်စင်ခြင်း၊ Recycle လုပ်ခြင်း၊ဒါမှမဟုတ် ဒီကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုတဲ့ ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ၊အလုပ်ရုံတွေမှာ စနစ်တကျခေတ်မှီနည်းပညာတွေနဲ့ ထိန်းချုပ်လည်ပတ်တာမျိုးမရှိရင် သူ့ထဲမှာပါနေတဲ့ Thorium,Uranium လိုမျိုး ရေဒီယိုသတ္တိကြွအဆိပ်ဓာတ် ပြင်းထန်တဲ့ဓာတုပစ္စည်းတွေ စိမ့်ထွက်ပြီး လေထု၊ရေထုညစ်ညမ်းမှုစတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို အဆိုးရွားဆုံးဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက တရားမ၀င် Rare Earth မိုင်းတွင်းတွေကြောင့် ရေဒီယိုသတ္တိကြွ Toxic တွေဟာ ဒေသရဲ့ ရေအရင်းအမြစ်ထဲကို စိမ့်ဝင်ပြီး အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေမှာ အဏုမြူအဆိပ်သင့်မှုတွေဖြစ်ပေါ်ပြီး ကင်ဆာဖြစ်ပွားမှု၊ မစွမ်းမသန်ခလေးမွေးဖွားမှုစတဲ့ ကပ်ဒုက္ခအမျိုးမျိုးကို ကြုံတွေ့စေခဲ့ပါတယ်။ အဲဒီလိုပဲ မလေးရှားနိုင်ငံက Rare Earth ထုတ်လုပ်တဲ့ Bukit Merah မိုင်းတွင်း အနီးမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ အဲဒီမိုင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားသူ၊ ခလေးအသေမွေးသူတွေ များလာပြီး မိုင်းအနီးတ၀ိုက်မှာ မွေးမြူထားတဲ့ နွားတွေဟာလည်း ရေဒီယိုသတ္တိကြွအဆိပ်သင့်နေတဲ့ မြက်တွေကို စားသုံးမိတာကြောင့် အားလုံးသေဆုံးကုန်တယ်လို့ သိရပါတယ်။ အဲဒီပြဿနာတွေကြောင့် မလေးရှားနိုင်ငံ Kuantan မှာ သြစတြေးလျကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ Lynas Rare Earth Plant ကို မလေးရှားပြည်သူတွေ စုရုံးဆန္ဒပြနေကြပါတယ်။


တရုတ်နိုင်ငံမှ Rare Earth မိုင်း လုပ်ငန်းခွင်

မလေးရှားနိုင်ငံတွင် Rare Earth Plant ကို ဆန္ဒပြနေကြပုံ

အီလက်ထရွန်းနစ်ပစ္စည်းကိရိယာတွေကို နေ့စဉ်ဘ၀မှာ သုံးစွဲဖို့လိုအပ်နေတဲ့ ကျွန်တော်တို့ကမ္ဘာကြီးအတွက် ဒီ Rare Earth ကုန်ကြမ်းလိုအပ်ချက်ဟာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာနေမှာ အမှန်ပါပဲ။ အဲဒါကြောင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ တရုတ်လို ဈေးကွက်ထိန်းချုပ်လိုတဲ့ နိုင်ငံမျိုးတွေကြောင့်ရယ်၊ တစ်နှစ်ထက်တစ်နှစ် ကုန်ကြမ်းလိုအပ်ချက် ပိုပြီးမြင့်မားလာနေတာတွေကြောင့် မကြာခင် အရမ်းရှားပါးနိုင်ခြေရှိနေတဲ့ Rare Earth ကုန်ကြမ်းအတွက် ရေရှည်စီမံကိန်းတွေရေးဆွဲဖို့နဲ့ အစားထိုးလို့ရမယ့် ပစ္စည်းတွေကို သုတေသနလုပ်ဖို့ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အလက်စကာ အထက်လွှတ်တော်အမတ် Mark Bengich နဲ့ Lisa Murkowski ၊ ကော်လိုရာဒိုက Mike Coffman တို့ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးထံလိပ်မူပြီး ဒီကိစ္စကို စာရေးတင်ပြခဲ့တယ်လို့သိရပါတယ်။ အဲဒီအပတ်အတွင်းမှာပဲ Non-profit America Security Project ကနေ ထုတ်ပြန်လိုက်တဲ့Rare Earth Metals and U.S. National Security Report မှာ အမေရိကန်ပြည်ထောင်စုရဲ့ တရုတ်နိုင်ငံမှ Rare Earth တင်ပို့မှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ဖို့ သုတေသနပြုချက်တွေ ခုလိုပါဝင်နေတာကို တွေ့ရှိရပါတယ်။
  • Stockpiling REEs
  • Developing new mines
  • Increasing international cooperation
  • Filing a WTO dispute
  • Developing effective substitutes for REEs
  • Developing new technologies


Rare Earth ဆိုတာ ဘာကိုခေါ်မှန်းမသိခဲ့တဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ Rare Earth နဲ့ပြုလုပ်ဖန်တီးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ အများအပြားရှိနေတာကို သတိမပြုမိကြပါဘူး။ LCD Screen TVတွေ၊ ကွန်ပျူတာတွေ၊ လက်ကိုင်ဖုန်းတွေထဲမှာ Rare Earth ပစ္စည်းတွေ ပါရှိနေပါတယ်။ နောက်ပြီး ကျွန်တော်တို့နေ့စဉ်လမ်းပေါ်မှာ မြင်တွေ့နေရတဲ့ အဆင့်မြင့်နောက်ဆုံးပေါ်ကားတွေထဲမှာလည်း ဒီပစ္စည်းတွေပါပါတယ်။ ကျွန်တော်တို့ဘယ်လိုမှမထင်ထားတဲ့ ၀ရိန်ဆော်တဲ့နေရာမှာ သုံးတဲ့ မျက်မှန်ဟာလည်း ဒီ Rare Earth နဲ့လုပ်ထားတာပါ။ လေယာဉ်ပျံတောင်ပံက တာဘိုင်တွေမှာလည်း ဒီပစ္စည်းအစိတ်အပိုင်းတွေပါနေသလို ရုပ်ရှင်ထဲမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေတဲ့ တိုက်ပွဲဝင် ညကြည့်မှန်ပြောင်းတွေဟာလည်း ဒီပစ္စည်းနဲ့ပြုလုပ်ထားတာပါ။ ကင်မရာမှန်ဘီလူးအမျိုးအစား အမျိုးမျိုးအပါအ၀င် အသုံးအဆောင်ပစ္စည်း တိုလီမုတ်စအချို့ဟာ သူနဲ့မကင်းကြပါဘူး။ နောက်ပြီး ဓာတ်မှန်ရိုက်တဲ့နေရာမှာလည်း သူပါနေပါသေးတယ်။ စက်မှုလုပ်ငန်းတွေမှာ အသုံးပြုတဲ့ သံလိုက်အမျိုးမျိုးဟာလည်း Rare Earth Element တွေကနေ ထုတ်လုပ်ထားဖြစ်ပါတယ်။ ဂဏန်းပေါင်းစက်ထဲက အီလက်ထရွန်းနစ် ဆားကစ်ပြား သေးသေးလေးကနေစပြီး နောက်ထပ်ကြီးကြီးမားမား မောင်းသူမဲ့ စစ်သုံးထောက်လှမ်းရေး လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊လေတပ်သုံး ဒုံးကျည်တွေ၊ဗုံးတွေအထိ နေရာစုံသုံးလို့ရတာ Rare Earth ပဲ ဖြစ်ပါတယ်။





တိုလီမုတ်စကနေ နျူကလီးယားဒုံးကျည်အထိ နည်းပညာရှိရင် လုပ်လို့ရနိုင်တဲ့ ဒီတွင်းထွက်ပစ္စည်းဟာ ကမ္ဘာပေါ်မှာ သယံဇာတအကြွယ်ဝဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရှိကောင်းရှိနေနိုင်ပါတယ်။ ကိုယ့်ဘိုးဘွားပိုင်မြေအောက်က အဖိုးတန်ပစ္စည်းတွေကို ပညာဗဟုသုတမရှိလို့ တူးရကောင်းမှန်းမသိ၊ သုံးရကောင်းမှန်းမသိပဲ ဖင်ခုထိုင်နေရင်း သူများလာနှိုက်လို့ တချို့တစ်ဝက်လည်း ပြောင်သလင်းခါနေပါပြီ။ ဥာဏ်ကိုလွှာသုံးတတ်ရင်တော့ ဒီပစ္စည်းနဲ့ အကောင်ကြီးကြီးတွေ မျှားလို့ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ရှိတယ်ဆိုပြီး တူးလို့ထွက်လာတဲ့အခါ မသုံးတတ်ရင် ဆေးမဖြစ်ပဲ ဘေးဖြစ်နိုင်တဲ့ ပစ္စည်းဖြစ်လို့ ဆေးညွှန်းလေးတော့ တတ်သိနားလည်ဖို့လိုပါလိမ့်မယ်။ လက်ထဲရောက်လာပြီးမှ ဘာလုပ်ရမှန်းမသိ၊ မှုန်ဝါးဝါးလုပ်နေရင်တော့ နှိုက်မြည်းနေကျ အိမ်နီးနားချင်းက ကျောသပ်ရင်သပ် အသာလုပ်ပြီး အဲဒီပစ္စည်းကို ဓားလေးနဲ့ ပါးပါးလှီး၊ ပါးစပ်ထဲပလုပ်ပလောင်းဝါး၊ ပိုတာကို အိတ်ထဲထည့်ပြီး သူ့အိမ်ကို မသွားပါလိမ့်မယ်။ ဗိုက်နာလို့ အိမ်သာတက်ချင်တဲ့အချိန်နဲ့ ကြုံရင်တော့ အိမ်ရှေ့တည့်တည့် ခြံဝင်းထဲမှာ အလေးစွန့်ပြီးမှ သူ့အိမ်ကို ပြန်သွားပါလိမ့်မယ်။ အိမ်သားတွေ ချီးကျုံးကိန်းမဆိုက်ရလေအောင် ခုကတည်းက ဆာဗေးတွေသေချာဆင်းပြီး၊ သုတေသနတွေ သေချာလုပ်စေချင်ပါတယ်။ ခုလောလောဆယ် တရုတ်ကခေါ်လို့ မြစ်ဆုံကသဲတွေကတော့ တရုတ်ပြည်ထဲ ပတ်စပို့မပါပဲ သွားကုန်ကြပြီတဲ့။

                                                                                         မြတ်သိန်းထွန်း(၁၂.၄.၂၀၁၂)




ဘူမိဗေဒနှင့် ဓာတုဗေဒပညာရပ်အခေါ်အဝေါ်အသုံးအနှုန်းများကြောင့် ဘာသာပြန်ဆိုရသည်မှာ အခက်အခဲများစွာရှိခဲ့ပါသည်။ ထို့ကြောင့် အားနည်းချက်၊လိုအပ်ချက်များ၊မပြည့်စုံမှုများစွာ ရှိနေနိုင်ပြီး အဆိုပါအချက်များကို စာရေးသူ၏ အရေးအသား၊တင်ပြပုံနှင့် ဗဟုသုတအားနည်းမှုအဖြစ် နားလည်ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါသည်။



စာမှီး-
http://en.wikipedia.org/
http://www.tlaxcala-int.org/article.asp?reference=5546
http://www.theaureport.com/pub/na/8645
http://www.wired.com/dangerroom/2009/08/china-all-your-rare-earth-metals-belong-to-us/
http://my.opera.com/nielsol/blog/2010/10/28/rare-earth-elements-and-arfvedsonite-greenland
http://endoftheamericandream.com/archives/why-the-chinese-monopoly-on-rare-earth-elements-is-so-incredibly-dangerous
http://geology.com/articles/rare-earth-elements/
http://selangorhijau.wordpress.com/2012/04/02/whats-wrong-with-a-rare-earth-plant-here/
http://blog.transparency.org/2012/03/14/a-green-resource-curse-rare-earth-metals/

တိုင်းရင်းနွယ်ဖွား ဘာသာစကား

on Thursday, May 24, 2012
ပြည်ထောင်စု မြန်မာနိုင်ငံ ဘာသာစကား အုပ်စုများ အခြေပြမြေပုံ
ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ တိုင်းရင်းသား မျိုးနွယ်စု ဘယ်နှစ်မျိုးရှိလဲလို့ မေးလာခဲ့ရင် လက်ရှိလူဝင်မှုကြီးကြပ်ရေး က စာရင်းအရ (၁၃၅) မျိုး ရှိပါတယ်ခင်ဗျလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒါမဟုတ်ဘူး အစိုးရက သက်သက်ဝါဒဖြန့်တာ တမင် များအောင် လုပ်ထားတာလို့ ဆိုသလို၊ မဟုတ်သေးဘူး ဒီထဲမှာ မပါသေးတဲ့ မျိုးနွယ်စုတွေ ရှိသေးတယ်လို့ ပြောကြသူ တွေလည်း ရှိကြပါတယ်။

ဘယ်လိုပဲ မျိုးနွယ်စုတွေ ကွဲပြားပေမယ့် ဘာသာဗေဒအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင်တော့ အ ဓိကအုပ်စုကြီး (၃) ခုဖြစ်တဲ့ Sino-Tibetan, Austro-Asiatic နဲ့ Tai-Kadai ကနေ ဆင်းသက်လာတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ် အုပ်စု (၃) ခုကိုသာ တွေ့ရမှာပါ။

ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု ထပ်ကွဲပါ တယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း (၄၃၅) ခု ရှိပါတယ်။

Sino-Tibetan အုပ်စု အခြေပြမြေပုံ

  မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -
(၁) အခါ၊ (၂) သက၊် (၃) ဂျိန်းဖော၊ (၄) ထမံ၊ (၅) ကဒူး၊ (၆) တဆီနာဂ၊ (၇) ပအို့၊ (၈) ပိုးကရင်၊ (ဖလုံစဝေါ်)၊ (၉) ပိုး ကရင် (ဖလုံ)၊ (၁၀) ထရု၊ (၁၁) ပဒေါင်၊ (၁၂) ဘွဲကရင်၊ (၁၃) ဂေခို၊ (၁၄) ဂေဘား၊ (၁၅) ပရဲ၊ (၁၆) မနုမနော၊ (၁၇) ယင်းဘော်၊ (၁၈)ယင်းတလဲ၊ (၁၉) ကယား (အရှေ့)၊ (၂၀) ကယား (အနောက်)၊ (၂၁) မိုပွာကယား၊ (၂၂) စကော ကရင်၊ (၂၃) ဝဲဝေါ်၊ (၂၄) ဇယိမ်း၊ (၂၅) ဟားခါးချင်း၊ (၂၆) ငေါန်ချင်း၊ (၂၇) ဆင်ထန်ချင်း၊ (၂၈) တောရ်ချင်း၊ (၂၉) ဇို ထုံးချင်း၊ (၃၀) ဇိုင်ဖေချင်း၊ (၃၁) ဖလမ်းချင်း၊ (၃၂) စီရင်းချင်း၊ (၃၃) တီးတိန်ချင်း၊ (၃၄) ရန်ခိုလ်ချင်း၊ (၃၅) ပူရာမ်ချင်း၊ (၃၆) ရာလ်တဲချင်း၊ (၃၇) ရိုလ်တဲချင်း၊ (၃၈) ဇိုမီးချင်း၊ (၃၉) ခွာမီးချင်း၊ (၄၀) ခူမီးချင်း၊ (၄၁) အရှိုချင်း၊ (၄၂) ဘွာလ်ခေါ ချင်း၊ (၄၃) ချင်းဘုံ (ချင်းတွင်းချင်း)၊ (၄၄) ဒိုင်ချင်း၊ (၄၅) မြိုချင်း၊ (၄၆) မွင်းချင်း (မင်းတပ်ချင်း)၊ (၄၇) ငလ (မတုချင်း)၊ (၄၈) ဝဲလောင်ချင်း၊ (၄၉) လိုင်နောင်နာဂ၊ (၅၀) လောင်ဖုရိနာဂ၊ (၅၁) မချမ်းနာဂ၊ (၅၂) ပရနာဂ၊ (၅၃) ဖုန်၊ (၅၄) လရှိ (လချိတ်)၊ (၅၅) မရု (လော်ဂေါ်)၊ (၅၆) ဗမာ၊ (၅၇) ချောင်းသား၊ (၅၈) အင်းသား၊ (၅၉) ရခိုင်၊ (၆၀) တောင်ရိုး၊ (၆၁) ထားဝယ်၊ (၆၂) ရမ်းဗြဲ၊ (၆၃) ဆန်ဆု၊ (၆၄) ဖျင်၊ (၆၅) လော်ပန်၊ (၆၆) လော်ပိ၊ (၆၇) လာမာ၊ (၆၈) နော်ရာ၊ (၆၉) နူး၊ (၇၀) ရဝမ်၊ (၇၁) အနု၊ (၇၂) လွိုင်၊ (၇၃) ပလု၊ တို့ ဖြစ်ကြပါတယ်။

Austro-Asiatic အုပ်စု အခြေပြမြေပုံ



ဒုတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Austro-Asiatic အုပ်စုကြီးမှာ Munda နဲ့ Mon-Khamar ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု ထပ် ကွဲပါတယ်။ Munda အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂၂) ခု ရှိပြီး Mon-Khmer အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄၇) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Mon-Khmer အုပ်စုဝင် တိုင်းရင်းသားတွေကတော့ … (၁) မွန်၊ (၂) ဆမ်တောင်း၊ (၃) တိုင်းလွိုင်၊ (၄) ဝ၊ (၅) ဓနော၊ (၆) ရူချင်းပလောင်၊ (၇) ရူမိုင်ပလောင်၊ (၈) ရွှေပလောင် (တအန်း)၊ (၉) ယင်းနက်၊ (၁၀) ယင်းကျား၊ တို့ဖြစ်ကြပါတယ်။

Tai-Kadai အုပ်စု အခြေပြမြေပုံ

တတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Tai-Kadai အုပ်စုကြီးမှာ Hlai, Kadai နဲ့ Kam-Tai ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၃) ခု ထပ်ကွဲပါ တယ်။ Hlai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂) ခု ရှိပြီး Kadai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခုနဲ့ Kam-Tai အုပ်စုမှာ မျိုးနွယ် စုပေါင်း (၇၆) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Kam-Tai အုပ်စုဝင် တိုင်းရင်းသားတွေကတော့ …
(၁) ခမ်းတီးရှမ်း၊ (၂) ဂုံရှမ်း၊ (၃) ရှမ်း၊ တို့ဖြစ်ကြပါတယ်။
အထက်က စာရင်းမှာ မပါဘဲ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတဲ့ ကိုးကန့်ကတော့ ပထမအုပ်စုကြီးဖြစ်တဲ့ Sino-Tibetan အုပ်စုဝင် Chinese မျိုးနွယ် အုပ်စုမှာ ပါဝင်ပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
 ပထမ၊ ဒုတိယ၊ တတိယ အုပ်စု (၃) ခုလုံးမှာ မပါဘဲ လက်ရှိ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတာကတော့ မော် ကင်းခေါ် ဆလုံမျိုးနွယ်စု ဖြစ်ပါတယ်။ ဆလုံဟာ Astronesian ပင်မမျိုးနွယ်စုကြီးရဲ့ Malayo-Polynesian မျိုးနွယ်စုမှာ ပါပါတယ်။


Malayo-Polynesian အုပ်စု အခြေပြမြေပုံ
 ဖေါ်ပြခဲ့တဲ့ မျိုးနွယ်စုတွေဟာ မျိုးနွယ်စုအမည်နဲ့ ပတ်သက်ပြီး ကွဲလွဲမှုရှိနိုင်ပါတယ်။ မျိုးနွယ်စု တခုမှာ အခြားနာမည်ကွဲ များလည်း ရှိပါသေးတယ်။ အထက်ပါ မျိုးနွယ်စုအားလုံးဟာ လက်ရှိ ဘာသာဗေဒ စံသတ်မှတ်ချက်ဖြစ်တဲ့ ISO 639-3 အရ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မျိုးနွယ်စုနာမည်များသာ ဖြစ်ပါတယ်။ အကယ်၍ ကျန်ခဲ့ရင်လည်း ကျန်ခဲ့တဲ့ မျိုးနွယ်စုဟာ အထက်က အုပ်စုကြီး (၃) ခု အတွင်းမှာသာဖြစ်မှာ ဖြစ်ပါတယ်။

ISO Code ဆိုတာကတော့ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်စုပေါင်း ခြောက်ထောင် ကိုးရာကျော်ကို ဘာသာစကားအ လိုက် အက္ခရာသုံးလုံးနဲ့ စနစ်တကျ ခွဲခြားထားတဲ့ စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းဘာသာစကား အချို့ကို ဖော် ပြရမယ်ဆိုရင် ဗမာ (ISO 639-3 : mya)၊ ဟားခါးချင်း (ISO 639-3 : cnh)၊ ဂျိန်းဖော (ISO 639-3 : kac)၊ မွန် (ISO 639-3 : mnw)၊ ရခိုင် (ISO 639-3 : rki)၊ ရှမ်း (ISO 639-3 : shn) စသည်ဖြင့် ဖြစ်ပါတယ်။

ပထမ၊ ဒုတိယ၊ တတိယ အုပ်စုကြီး (၃) ခုမှာလည်းမပါ၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ် မပြုပေမဲ့ ဘာသာစ ကားရဲ့ မူလရင်းမြစ်ဟာ မြန်မာနိုင်ငံပါလို့ ဖော်ပြထားပြီး ISO အသိအမှတ်ပြုခြင်းကို လိမ်လည်ရယူထားတဲ့ ဘာသာစ ကား တခုကိုလည်း ဆက်ပြီး ပြောချင်ပါသေးတယ်။ အဲဒါကတော့ ရိုဟင်ဂျာလို့ အမည်ခံယူထားတဲ့ စစ်တကောင်းဘင်္ဂလီ ဖြစ်ပါတယ်။

Indo-Aryan အုပ်စု အခြေပြမြေပုံ
 စစ်တကောင်းဘင်္ဂလီဟာ အင်ဒို-ယူရိုပီယန် ပင်မအုပ်စုကြီးက ဆင်းသက်လာတဲ့ အင်ဒို-အာရီရန် အုပ်စုဝင် ဘင်္ဂလီ-အာ သံ မျိုးနွယ်စုဝင် ဖြစ်ပါတယ်။ ဘင်္ဂလီ-အာသံ မျိုးနွယ်စုမှာ ၂၀၀၇ ခုနှစ်အထိ လူမျိုးစု (၁၈) ခု ရှိပါတယ်။ အဲဒါတွေက တော့ .. (၁) အာသံ၊ (၂) ဘင်္ဂလီ၊ (၃) ဘစ်ရှ်နုပရီယာ၊ (၄) ချက္ကမ၊ (၅) စစ်တကောင်း၊ (၆) ဟာဂျောင်း၊ (၇) ဟာလ်ဘီ၊ (၈) ကရော့၊ (၉) ခါရိယာ၊ (၁၀) ကာမူကာ၊ (၁၁) လော့ဟိ၊ (၁၂) မာလ်ပဟာရိယာ၊ (၁၃) မီအာဂန်၊ (၁၄) နာဟရိ၊ (၁၅) ရာ့ဂ်ျဘန်ရှိ၊ (၁၆) ရန်ပုရိ၊ (၁၇) ဆေလ်ဟေတီ၊ (၁၈) တန်ချန်ရာ တို့ ဖြစ်ပါတယ်။

Bangali-Assamese အုပ်စု အခြေပြမြေပုံ
 စစ်တကောင်းဘင်္ဂလီရဲ့ မျိုးနွယ်စု ဆင်းသက်ပုံကို ပြရရင် – Indo-European_Indo-Iranian_Indo-Aryan_ Eastern zone_Bengali Assamese_Chittagonian ဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂလီရဲ့ ISO Code ဟာ (ISO 639-3 : cit) ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ် မတိုင်ခင်က ဖြစ်ပါတယ်။

ဒီ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဘင်္ဂလီ-အာသံ မျိုးနွယ်စုဟာ လူမျိုးစု တစ်စုထပ်တိုးပြီး (၁၉) ခု ဖြစ်သွားပါတော့ တယ်။ ဖြစ်ရပုံကတော့ ရှိရင်းစွဲ ဘင်္ဂလီစစ်တကောင်း လူမျိုးစုကနေ စစ်တကောင်းနဲ့ ရိုဟင်ဂျာဆိုပြီး လူမျိုးစုနှစ်စုကို မွေး ထုတ်လိုက်တာပါပဲ။ ISO 639-3 : cit ကိုပယ်ဖျက်ပြီး အဲဒီနေရာမှာ ISO 639-3 : ctg နဲ့ ISO 639-3 : rhg ဆိုပြီး ဖန် တီးလိုက်ပါတော့တယ်။ ယခင် စစ်တကောင်းဘင်္ဂလီရဲ့ မူရင်းဒေသဟာ ဘင်္ဂလားဒေရှ့်ဖြစ်ပေမဲ့ အခုတော့ မြန်မာနဲ့ ဘင်္ဂ လားဒေ့ရှ်ဆိုပြီး နယ်ပယ်ချဲ့ထွင်လိုက်ပါတော့တယ်။

ဒီလောက်ဆိုရင်တော့ အခြေအနေမှန်ကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ လူ့အခွင့် အရေး အယောင်ပြပြီး စနစ်တကျနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ နယ်မြေကျူးကျော်မှုကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူ မျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားမှန်ရင် နားလည် သဘောပေါက်ဖို့ လိုမယ်ထင်ပါတယ်။

လက်ရှိ ၂၀၀၆ ခုနှစ် စစ်တမ်းတွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာအမည်ခံ စစ်တကောင်းဘင်္ဂလီ အရေအ တွက်ကို (၁,၀၀၀,၀၀၀) ဟု ပြထားပါတယ်။ ၂၀၀၁ ခုနှစ် (Johnstone and Mandryk 2001) စစ်တမ်းအရ ရခိုင်တိုင်း ရင်းသား အရေအတွက်ဟာ (၇၃၀,၀၀၀) ပဲရှိပါတယ်။ မြန်မာပြည်မှာ လက်ရှိပြည်နယ်အဆင့် သတ်မှတ်ထားတဲ့ တိုင်း ရင်းသားအချို့တောင် လူဦးရေ တသန်းမပြည့်တာ ရှိပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ လည်း မျိုးနွယ်စုဦးရေ တသန်းမရှိကြပါဘူး။ ဒီကိစ္စဟာ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်ပါ လိမ့်မယ်။ ရိုဟင်ဂျာရဲ့ အကိုတော်ဖြစ်တဲ့ စစ်တကောင်းဘင်္ဂလီ မျိုးနွယ်စု ၁၃ သန်းဟာ တဘက်မှာ အဆင်သင့် စောင့် နေကြပါတယ်။

တကယ်တော့ ကိုယ့်မျိုးနွယ်စုတွေကို ကိုယ်တွေမှ မထိန်းသိမ်း မကာကွယ်နိုင်ရင်တော့ ပျောက်ကွယ်ဖို့ပဲ ရှိပါတယ်။ ပျောက်လည်း ပျောက်ကွယ်ခဲ့ပါတယ်။ အပေါ်မှာပါတဲ့ ထမံသီဒေသမှာ နေထိုင်တဲ့ ထမံဘာသာစကားပြော ထမံတိုင်းရင်း သား မျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက်ဟာ ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။ ဒီပြည်ထောင်စုအတွင်းက မျိုးနွယ်စုတစ်ခု ပျက်သုဉ်းသွားခြင်းဟာ ဒီပြည်ထောင်စုသား အားလုံးမှာတာဝန်ရှိပါတယ်။ လက်ရှိ မြန်မာပြည်မှာ လူဦး ရေ တထောင်အောက် မျိုးနွယ်စုတွေလည်း ရှိပါတယ်။ ဒါကိုလျစ်လျူရှုမထားဘို့ အရေးကြီးပါတယ်။

မြန်မာ-ထိုင်းနယ်စပ် တိုင်းရင်းသား ဒုက္ခသည်စခန်းများ

ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း (အပြည့်အစုံ)

လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။


ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။


ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။


ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲလုပ်နိုင်မယ့်သူလို့ မှတ်တမ်းတင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။


ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက်ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။


ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။


အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။


လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံး ကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာမဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက် သွားကြတာဖြစ်ပါတယ်။


ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ ငါဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူအပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။


မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀နှစ် ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။


၁၉၄၈မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။


ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင် မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။

ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။

ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိမ်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။


နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။ အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။

လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။


ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်းရနိုင်ပါတယ်ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည်ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။

ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။


အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ်ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ဘဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ်ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။


ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။


ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။


နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီတွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။


နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။


(မိန့်ခွန်းမူရင်း ဗီဒီယိုကိုကြည့်ရှု၍ ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။) By VOA
 

ဒေါ်စု မိန့်ခွန်း ( Oxford ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှ )


  •                  ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ............ ။   Oxford တက္ကသိုလ်ကြီးထဲက  St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ....၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ .......၊  Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။ အဆိုးဝါး အခက်ခဲဆုံး အချိန်တွေမှာ Oxford ရဲ့ အမှတ်ရစရာလေးတွေနဲ့ ကျမ အားတင်းခဲ့တယ် ။ ဒီအမှတ်တရတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ လိုအပ်တဲ့ အရေးပါလှတဲ့  စိတ်ဓါတ်ခွန်အားတွေပါဘဲ .........။
  St.Hugh ကောလိပ်
  •                  တကယ်တော့ ဒီအမှတ်တရတွေဟာ ရိုးရိုးစင်းစင်းလေးတွေပါဘဲ ။ သူငယ်ချင်းတွေနဲ့ ချာဝယ် Cherwell မြစ်ထဲ့ လှေစီးခဲ့ရတာတွေ ၊ စိန့်ဟူးကောလိပ်မြက်ခင်းပေါ်မှာ ထိုင်ပြီး စာဖတ်ခဲ့ရတာလေးတွေ ၊ ဒါမှမဟုတ်ရင်လည်း တက္ကသိုလ်စာကြည့်တိုက်မှာထိုင်ပြီး စာအုပ်ကို မကြည့်မိဘဲ ပြတင်းပေါက်က ငေးကြည့်မိတတ်တာတွေ .........။ ဒါတွေဟာ ရိုးစင်းပေမယ့် အရမ်းကိုလည်း တန်ဖိုးထားရတဲ့ အမှတ်တရတွေပါဘဲ ။ ဘာကြောင့်လဲဆိုတော့ ကျမပျော်ခဲ့ရတယ်လေ ။ ဒီလို ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ဘ၀လေးကဘဲ မြန်မာပြည်က ပျော်ပျော်ရွှင်ရွှင်နေချင်ပေမယ့် ပျော်ရွှင်ခွင့်မရရှာတဲ့ လူငယ်တွေရဲ့ ဘ၀ကို နားလည်စေခဲ့တယ်။
 Themes မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ Cherwell မြစ်ကလေး ( Oxford မြို့နားမှာ )
  •               အခုပြန်ပြီး Oxford တက္ကသိုလ်နဲ့ Oxford ကျောင်းသူကျောင်းသားတွေကို မြင်ရတော့ ကျမရဲ့ အပူအပင်ကင်းတဲ့ ပျော်စရာ ကျောင်းသူဘ၀ကို ပြန်မြင်နေရသလိုပါဘဲ ။ မနေ့ကဘဲ စိန့်ဟူးကောလိပ်ကို ရောက်ခဲ့လို့ကျောင်းသူကျောင်းသားတွေကို မြင်ခဲ့ရသေးတယ်။ ကျောင်းသားဘ၀မှာ ကျမတို့တွေဟာ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရပါတယ် ။ အခုကျောင်းသူကျောင်းသားတွေလည်း ပျော်ရွှင်ကြတာပါဘဲလေ ။ သူတို့တွေမှာ ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာရဖို့ အခွင့်အရေးရှိတာကိုး.......။
 Oxford University
  •              ပျော်ရွှင်စိတ်ချမ်းမြေ့တယ်ဆိုတာ ရိုးစင်းတဲ့ စကားပေမယ့် အရေးကြီးလှပါတယ်။ ဒီက ကျောင်းသူကျောင်းသားတွေရဲ့ မျက်နှာလေးတွေဟာ များသောအားဖြင့် ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းရှိကြတယ် ။ (  hidden agenda ဆိုတဲ့ လျှို့လျှို့ဝှက်ဝှက် စဉ်းစားနေရခြင်းတွေ မပွင့်လင်းတဲ့ အကြံအစည်တွေ ၊ ကြောက်ကြောက်လန့်လန့် တွေးနေမိတာတွေ မရှိဘူး ) ။ မနေ့က မြင်ခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေဟာလည်း ပွင့်ပွင့်လင်းလင်းပုံစံလေးတွေပါဘဲ ။ ကျမတို့ကျောင်းသူဘ၀တုန်းက လွတ်လပ် ပွင့်လင်းကြသလိုပေါ့  ။ ဒီလိုနေနိုင်ဖို့ ကျမတို့မှာ အခွင့်အရေးလည်း ရခဲ့တာကိုး ....။ ဘာကိုမှ မကြောက်ခဲ့ရဘူး ။ ဘယ်သူ့ကိုမှလည်း မကြောက်ခဲ့ရဘူး ။ ဒီတော့ ကျမတို့မှာ ကမ္ဘာကြီးကို ရှင်းရှင်း လင်းလင်း မြင်ဖို့ အခွင့်အရေး ရခဲ့တာ မဆန်းပါဘူး ...........။

  •             သေးသေးမွှားမွှားအဖြစ်အပျက်ကလေးတွေကို ကျမ မှတ်မိနေပါသေးတယ်။ မကြာခဏ သတိရမိတတ်တာက ကျမသူငယ်ချင်း  Ann Pasternak-Slate နဲ့ Banbury လမ်းပေါ်မှာ ကားအတူစီးခဲ့တာတွေကိုပါ ။
( Ann Pasternak-Slate မှာ ကိုယ်တိုင်လည်း နာမည်ကြီးစာပေပညာရှင်နှင့်ဘာသာပြန်သူဖြစ်ပြီး အင်္ဂလိပ်လူမျိုးကဗျာဆရာ Craig Raine ရဲ့ ဇနီးလည်း ဖြစ်သည် ) ။  

Park Town ရပ်ကွက်ကလေး
  •              ကားပေါ်အတူထိုင်ရင်း Ann က ကျမတို့ ၂ ယောက်ရဲ့ ဂျင်းဘာင်းဘီဝတ် ဒူးဂေါင်းတွေကို ကြည့်ရင်း '' ဟင်း...ဒါမတရားဘူးနော်...ဒူးဂေါင်းချင်းတောင် မတူကြဘူး ''  လို့ ပြောတတ်တယ် ။ ပြောလည်း ပြောချင်စရာဘဲ ။ ဘယ်လို မတူတာလည်း သေချာမသိပေမယ့် ဒူးတစ်စုံက ချွန်နေပြီး နောက်တစ်စုံက လုံးနေတာတော့ တွေ့တယ်  ....( ရယ်သံများ ) ။ ဒါလေးတွေဟာ ကျောင်းသားဘ၀မှာ စိတ်ဝင်တစား သတိပြုမိစရာလေးတွေ၊ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောစရာလေးတွေ ဖြစ်နေတတ်တယ်။ ဟုတ်ပါ့နော် ။ ကျမတို့တွေ ဒူဂေါင်းတောင် မတူရဘူးရယ်လို့ ။
 Oxford မြို့မှ Park Town ရပ်ကွက်ကလေး
  •            ဒီလိုဘဲ ကမ္ဘာလောကကြီးကလည်း အသွင်မတူတာတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် ကျမတို့ မကြောက်ခဲ့ပါဘူး ။ ကွဲပြားမှုတွေရှိတယ်ဆိုတာ ကျမတို့တွေ ရင့်ကျက်ခိုင်မာတယ်ဆိုတဲ့သဘောမဟုတ်လား ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ဖြစ်လာမယ့် မတူညီတဲ့ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ကျမတို့ သင်ယူလေ့လာခဲ့ကြတယ်။
 St.Hugh ကောလိပ်
  •              ကျမလိုဘဲ ဒီနှစ်မှာ ဒေါက်တာဘွဲ့ရတဲ့ လူတစ်ယောက်ကတော့  စာရေးဆရာ John le Carré  ပါဘဲ ။ သူ့ရဲ့ စာအုပ်တွေကလည်း အကျယ်ချုပ်ကျစဉ်ကာလအတွင်းမှာ ကျမကို အတော်အထောက်အပံ့ဖြစ်ခဲ့ပါတယ် ။ စာအုပ်တွေဟာ ထွက်ပေါက်တစ်ခုဘဲ မဟုတ်လား ။ ကျမကတော့ ထွက်ပေါက်ဆိုတာထက် ကျမကမ္ဘာလေးထက် ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးထဲကို သွားဖို့ ခရီးရှည်ကြီးလို့သာ ဆိုချင်ပါတော့တယ်။ တိုင်းပြည် နိုင်ငံတွေအကြောင်းရေးထားလို့ချည်း ကျယ်ဝန်းတာမဟုတ်ဘဲ အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေပေါ်လည်း အခြေခံထားတယ်လေ ။ ဒီခရီးတွေဟာ ကျမကို '' သြော် ငါဟာ လူ့လောကကြီးနဲ့ လုံးလုံးကြီး အဆက်ပြတ်နေတာ မဟုတ်သေးပါလား '' ဆိုတဲ့ ခံစားမှုကို ပေးခဲ့တယ် ။ ကျမဘယ်တော့မှ အထီးမကျန်ခဲ့ပါဘူး ။ ကျမနေတဲ့ နေရာလေးကနေ ဝေးလံခေါင်သီတဲ့ နေရာတွေကို သွားဖို့ နည်းတွေအများကြီး ရှိနေခဲ့ပါတယ်။

  •             ဒါတွေ ဒါတွေ အားလုံးဟာ Oxford မှာ နေခဲ့ရတဲ့ ကာလတွေကြောင့် ၊  Oxford မှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကြောင့် အဓိကပါဘဲ ။


  •              Oxford ကနေ သင်ပေးလိုက်တာတွေထဲမှာ ကျမအတွက် အရေးအပါဆုံးကတော့ စာအုပ် အထူကြီးတွေဖတ်ပြီး လေ့လာလို့ ရခဲ့ရတာတွေမဟုတ်ဘဲ   '' ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးအတွက် အကောင်းဆုံးစံ အရည်အသွေး တွေကို လေးစားလာတတ်ခြင်း '' ဆိုတာပါဘဲ ........... ။

  •               ယဉ်ကျေးတဲ့ လူ့ဘောင်အတွက် အကောင်းဆုံးဆိုတာတွေဟာ Oxford တစ်ခုထဲမှာဘဲ ရှိနေတာမဟုတ်ပါဘူး ။ အလားတူဘဲ  မြန်မာပြည်မှာချည်းဘဲလည်း မရှိပါဘူး။ ယဉ်ကျေးတဲ့ လူဘောင်ရဲ့ အကောင်းဆုံးအရည်သွေးတွေဟာ ကမ္ဘာအရပ်ရပ်  နေရာအနှံ့ကလာတာပါ၊ ဒါပေမယ့် ကျမအတွက်တော့ အဲဒီ အကောင်းဆုံးအရည်အသွေးတွေကို Oxford ဆိုတဲ့ နေရာတစ်ခုမှာ လေ့လာခွင့်ရခဲ့ပါတယ် ။ ဒီသင်ယူလေ့လာခဲ့တာကဘဲ လူ့အဖွဲ့အစည်းရဲ့ သိပ်မကောင်းတဲ့ အခြေအနေတွေကို  ရင်ဆိုင်ဖြေရှင်းဖို့ရာမှာ အထောက်အကူပေးခဲ့တယ်လေ ။
 
  •                  အကောင်းဆုံးမဟုတ်ဘူး ဆိုတာတွေဟာ တစ်နေ့တော့ အကောင်းဆုံးဆိုတဲ့ အဆင့်ကို ရောက်လာနိုင်သေးတာဘဲ ။ ပြုပြင်တိုးတက်လို့ ရနိုင်တာဘဲ မဟုတ်လား ။ ဒီအချက်ကဘဲ ကျမကို ''လူသားမျိုးနွယ်ရဲ့ မွေးရာပါ ဥာဏ်ပညာ '' အပေါ်မှာ ယုံကြည်မှုကို ပေးစွမ်းခဲ့တယ်။ ဒီဥာဏ်ပညာဟာ လူတိုင်းမှာတော့ မပါဘူးပေါ့လေ ။ ဒါပေမယ့် တကမ္ဘာလုံးနဲ့ ခွဲဝေသုံးနိုင်လောက်အောင် ၊ တခြားလူများအတွက်ပါ မျှဝေသုံးလို့ရအောင်တော့ လူတော်တော်များများမှာ ပါ ပါတယ်။


  •            မြန်မာပြည်နဲ့ ပတ်သက်ပြီး မကြာခဏ တွေးမိတဲ့ စိတ်မကောင်းစရာအကောင်းဆုံးတစ်ခုကတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေမှာ တက္ကသိုလ်ကျောင်းဝင်းထဲက Campus Life ကို မရတာ ဆယ်စုနှစ်တွေကျော်ခဲ့ပြီဆိုတာပါဘဲ ။ တက္ကသိုလ်ရဲ့ Campus Life  ဆိုတာ ကိုယ့်ဘ၀ကိုကိုယ် စိတ်ကြိုက် တည်ဆောက်နိုင်တဲ့ ဘ၀ ၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်တဲ့ဘ၀ကို ဆိုလိုတာပါ ။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ ဒီလို လုပ်ဖို့ လွတ်လပ်မှု Freedom ဆိုတာလည်း ရှိတယ် ၊ လုပ်နိုင်တဲ့အခွင့်အရေးပေးတဲ့ Facilities ဆိုတာတွေလည်း ရှိတယ် မဟုတ်လား ။
 
  •            မြန်မာပြည်က လူငယ်တွေကတော့ ဒီလိုလုပ်ဖို့ လွတ်လပ်ခြင်းမရှိတာ ဆယ်စုနှစ်တွေတောင် သုံးလေးခုနီးပါးလောက်ရှိပြီ ။  ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့လိုတယ်ဆိုတာကြီးကြောင့် တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ဆိုတာ တစစီ ပျက်စီးကြေမွခဲ့ရတယ် ။
  •            တကယ်တော့ ဒါမျိုးလုပ်တာက မဖြစ်နိုင် မထိရောက်ပါဘူး ...ကျောင်းသားတွေကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီးမှန်း လူတိုင်းသိနေတာဘဲလေ ။ ဒါကြောင့် ဒီသဲထဲရေသွန်ဖြစ်မယ့်၊ မလိုလားအပ်တဲ့ လုပ်ရပ်ကြီးအတွက် ကျမတို့တွေ အချိန်တွေ မကုန်သင့်တော့ပါဘူး ။ ကျမအနေနဲ့ မြန်မာပြည်က တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀  အဆင့်မှီမှီ ပီပီပြင်ပြင် ပြန်လည်ထွန်းကားလာတာကို မြင်ချင်ပါတယ်။ ကျမရဲ့ Oxford ကျောင်းတော်ကြီးက ဒီလို ပြန်ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင် ကျမအရမ်းကို ကျေးဇူးတင်မိမှာပါ ။
 
  •                 '' ငါဟာ ကမ္ဘာလောကကြီးအတွက် အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ပေးနိုင်တယ် '' ဆိုတဲ့  မိမိကိုယ်ကို ယုံကြည်မှု ၊ '' လောကကြီးကလည်း မိမိဆီက အကောင်းဆုံးကို မျှော်လင့်တယ် '' ဆိုတဲ့ ယုံကြည်မှု အပြည့်အ၀နဲ့လူငယ်ဘ၀ကို အစပြုနိုင်ဖို့ရာ  '' ကမ္ဘာကြီးဟာ ကိုယ်နဲ့ အပြန်အလှန် ဆိုင်တယ် ''  ဆိုတဲ့ ခံစားချက်ကလေးကို  မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်ပါတယ် ။
 

  •                 လူသားမျိုးနွယ်ကြီးကို တန်ဖိုးထားတတ်အောင် Oxford က ကျမကို သင်ပေးခဲ့ပါတယ်။ Oxford မှာတက်စဉ် ပထမ ( ၂ ) နှစ်လောက်အတွင်း ကျမက တစ်ဦးတည်းသော မြန်မာကျောင်းသူလေ ။ ကျမသူငယ်ချင်းတွေဟားလုံးက အင်္ဂလိပ်တွေ ချည်းမဟုတ်ဘဲ ဂါနာ၊ အိန္ဒိယ ၊ ထိုင်း  ၊ သီရိလင်္ကာ နဲ့ တခြားနိုင်ငံတွေကလည်း ပါကြတယ်။

  •                 သူတို့နဲ့ ကွဲပြားတယ်လို့ဘဲ တခါမှ မခံစားမိခဲ့ပါဘူး ။ အားလုံးအတူတူဘဲ ..အားလုံး တက္ကသိုလ်တစ်ခုတည်းက ကျောင်းသူ၊ ကျောင်းသားတွေဘဲ ။ ဒီအချက်ကြောင့်ဘဲ ဘယ်အရာကမှ ကျမတို့ကို ခွဲခြားလို့မရသလို ခံစားရစေတယ်။ ဘာသာ၊ လူမျိုး ၊ နိုင်ငံသား ၊ ကုန်ကုန်ပြောရရင် ကျောင်းပညာဘယ်လောက်တော်သလဲ ဆိုတာကတောင် ကျမတို့ကို ကွဲပြားတယ်လို့ မခံစားရစေဘူး။
 
  •          Oxford ဟာ တကယ့်ကို စိတ်ဓါတ်ပွင့်လင်းမှုရှိတဲ့ နေရာတစ်ခုပါဘဲ ။ ဘယ်သူကဘယ်သူ့ကိုမှ နင်နဲ့ ငါက မတူဘူး ဆိုပြီး  ခွဲခြားဆက်ဆံတယ်ရယ်လို့ မရှိဘူး ။ သူများလောက်မတော်လို့ ခွဲခြားဆက်ဆံခံရတယ်လို့လည်း မရှိဘူး ။ လူတိုင်းလူတိုင်းမှာ သူ့ရဲ့ တန်ဖိုးနဲ့ သိက္ခာ ရှိတယ်လို့ သတ်မှတ်ထားတဲ့နေရာ တစ်ခုပါ ။

  •           ဒါကြောင့်ဘဲ မြန်မာပြည်မှာ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေစဉ်အတွင်းမှာ  '' သြော်..ငါ့တက္ကသိုလ်ကြီးက သဘောကျမယ့်ဟာတစ်ခုကို ငါလုပ်နေတာပါလား'' ရယ်လို့  ကျေနပ်ခံစားမိတယ်။ ကျမနောက်မှာ နှစ်ခြိုက်အားပေးမှု တစ်ခုရှိနေတယ်ဆိုတာ သိရတာ အင်မတန် အားတက်ရပါတယ်။
 
  •             မြန်မာပြည်ဟာ အခုမှ ခရီးလမ်းတစ်ခုကို စတင်လျောက်လှမ်းရမှာပါ ။ အဲဒီလမ်းက အင်္ဂလန်က လမ်းတွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ ။ မချောမွေ့ဘူး ။ ကောင်းကောင်းပြုပြင်ထိန်းသိမ်းထားတဲ့ လမ်းမျိုးမဟုတ်ဘူး။ အဲဒီလောက်ကောင်းတဲ့ လမ်းအဆင့်မျိုး မရောက်သေးပါဘူး ။ အခုမှ ကျမတို့ဖာသာ ကျမတို့ စဖောက်ရမယ့်လမ်း၊  ရှေ့ကို ဆက်သွားရင်းနဲ့ နည်းနည်းချင်း ဖောက်သွားရမယ့် လမ်းမျိုး ဆိုပါတော့ ။

  •             ခုချိန်မှာ များစွာသောလူတွေက မြန်မာပြည်ကို အဆမတန် မျှော်လင့်နေကြတယ် ။ သူတို့တွေထင်တာက မြန်မာပြည်က ကျမတို့ရဲ့ လမ်းဟာ ကျမသွားခဲ့ဖူးတဲ့ London နဲ့ Oxford ဆက်ထားတဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခုလောက် ချောမွေ့နေတယ်လို့ ထင်နေပုံပါဘဲ ။ ကျမဖြင့် ချောလွန်း ဖြောင့်လွန်းလို့ အဲဒီ ဟိုင်းဝေးလမ်းတွေမှာ ကားတောင် မူးမိပါရဲ့ ။ ဒီလောက် ချောမွေ့ဖြောင့်တန်းလွန်းတာကို ကျမမှ ကျင့်သားမရတာကိုး ....။( ရယ်သံများ )
 
  •               မြန်မာပြည်က ကျမတို့ရဲ့လမ်းကတော့ ခုမှ ကိုယ့်ဟာကို ဖောက်ရမှာပါ ။ ခက်ခက်ခဲခဲ ဖြည်းဖြည်းချင်းပေါ့ ။ ကျမတို့တွေက ဒီလို လမ်းဖောက်နေတုန်း လူကြီးမင်းတို့ကလည်း ကျမတို့နဲ့ အတူ အားပေးရပ်တည်ပေးလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ် ။ အပြင်မှာ လက်တွေ့မရှိသေးပေမယ့် ကျမတို့ နှလုံးသားနဲ့ စိတ်ထဲမှာ ဒီလမ်းဟာ ရှိပြီးသားဆိုတာ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သွားချင်တဲ့ နေရာကို ရောက်ဖို့ လူကြီးမင်းတို့ အကူအညီလည်း လိုဦးမှာပါ ။

  •                 ဒါဖြင့် ကျမအနေနဲ့ မြန်မာပြည်ကို ဘယ်လမ်းမျိုး သွားစေချင်သလဲ ဆိုတာ မေးစရာရှိလာပါတယ် ။ ၂၄ နှစ်အတွင်း ကျမရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်က ဒီဥရောပခရီးမဟုတ်ဘဲ ထိုင်းကို သွားခဲ့တာပါ ။ ထိုင်းမှာ ရှန်ဂရီလာဆိုတဲ့ ဟိုတယ်မှာ တည်းခဲ့တော့ '' ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း ''  ဆိုတဲ့ စာအုပ်ကို သတိရမိပါရဲ့ ။ အဲဒီထဲမှာ  ရှန်ဂရီလာကို Oxford သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတာ သိကြမှာပါ ။ ( ရယ်သံများ ) ကျမလည်း မြန်မာပြည်ကို အောက်စဖို့ ရှန်ဂရီလာလေးတစ်ခုလို ဖြစ်စေချင်မိပါတယ်...........။

( ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း Lost Horizon ဆိုတဲ့ ၀တ္တုမှာ.......... စစ်တွေဖြစ်လွန်းလို့ ဒုက္ခတွေ ဝေနေတဲ့ ကမ္ဘာကြီးကို စိတ်ကုန်နေတဲ့ ဇာတ်လိုက်ဟာ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ စိတ်၏ချမ်းသာခြင်းကို ရှန်ဂရီလာ ဆိုတဲ့ အရပ်မှာ ရှာတွေ့သွားပါသတဲ့ ။ အဲဒီအရပ်ဟာ ဒုက္ခမရှိ၊ လူမသေတဲ့ စိတ်ချမ်းသာဖွယ် ခိုလှုံရာအရပ် တစ်ခု ( တနည်းအားဖြင့် လောကနိဗာန်တစ်ခု ) ဖြစ်ပါသတဲ့ ။ အဲဒီ လောကနိဗာန်ဟာ တရုပ်ပြည် တိဘက်ဒေသမှ Kunlun တောင်တန်းများကြားမှာ ရှိတယ်လို့ ယူဆကြပြီး တိဘက်လို Shangri-La လို့ ခေါ်တယ်လို့ သိရပါတယ် ။ ၀တ္တုထဲမှာ စာရေးဆရာက ရှန်ဂရီလာကို Oxford မြို့သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်စာရေးဆရာ James Hilton ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ၀တ္တု ပါ )



  •                      ကျမလုပ်ချင်တာကတော့ ကြိုးစားမှု ၊ ဗဟုသုတနဲ့ ခေတ်မှီသုတေသနတွေကို အခြေခံပြီး လက်တွေ့ကျတာမျိုး လုပ်ချင်ပါတယ် ။ ဒီလို လုပ်ဖို့ရာမှာ မ,တည်ဖို့ ငွေ ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ။ ဒီခေတ်မှာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ငွေဆိုတာ လိုစမြဲမဟုတ်လား ။ ဒီလိုပြောရတာကတော့ မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံစေချင်လို့ပါ ။ ဒီလို ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း မှန်မှန်ကန်ကန် တာဝန်ယူရဲတဲ့စိတ်နဲ့ လုပ်ဖို့လိုပါတယ် ။ လာပြီး ရင်းနှီးမြုပ်နှံသူတွေသာမက မြန်မာပြည်သူတွေပါ ဒီရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုးရှိရမယ်ဆိုတာ မမေ့သင့်ပါဘူး ။
 
  •             စီးပွားရေးလုပ်ငန်းတွေ ၊ လူသားအကျိုးပြု လုပ်ငန်းတွေအားလုံးဟာ ရင်းနှီးမြုပ်နှံမှုတွေတွေပါဘဲ ။ ဒီလိုရင်းနှီးမြုပ်နှံရာမှာ  ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ဦးစားပေးတဲ့ မြုပ်နှံမှုမျိုး ( democracy-friendly , human-rights-friendly )  ဖြစ်အောင် ကူညီပေးကြပါ ။ လူကြီးမင်းတို့တန်ဖိုးထားရပ်တည်ရတဲ့ စံတွေ တန်ဖိုးတွေ၊ လူကြီးမင်းတို့က ကျမကို Oxford မှာ သင်ပေးလိုက်တဲ့ စံတွေ တန်ဖိုးတွေ မြန်မာပြည်မှာ ရှိလာအောင် ဒီရင်းနှီးမြုပ်နှံမှုတွေက အကူအညီပေးမှာပါ ။


  •            ဒီနေ့ကတော့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားကြည်နူးရတဲ့နေ့ပါဘဲ ။ ဘာကြောင့်လည်း ဆိုတော့ အမြဲတမ်း ရှိနေတဲ့ ၊ ဘယ်တော့မှ ပျောက်မသွားတဲ့ အတိတ်ကို ပြန်တွေ့ခဲ့ရတယ် ။ အနာဂတ်ကို သွားဖို့ အဲဒီ ပျောက်မသွားတဲ့ အတိတ်ကနေ  အကောင်းဆုံးစံ၊ အရည်အသွေးတွေကို ရွေးချယ်အသုံးချလို့ ရပါတယ် ။ စိန်ဟူးကောလိပ်မှာ နေတုန်းက ကာလတွေအားလုံးကို တခုမကျန် သတိရမိတယ် ။ အဆောက်အဦးသစ်တွေ ပေါ်လာပေမယ့် အသစ်တွေဟာ အဟောင်းတွေနဲ့ သဟဇာတဖြစ်ဖြစ် ရောယှက်ပေါင်းစပ်နေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒီလို အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ် ရပ်တည်နေနိုင်မှုဟာ အနာဂတ်အတွက် အင်မတန်ကောင်းတဲ့ မြင်ကွင်းပါဘဲ ။
 Oxford University Museum
  •                 ကျမတက်ခဲ့တဲ့ ကောလိပ်ကို ပြန်လာရတာ သိပ်ဂုဏ်ယူမိပါတယ် ။ ကျမတို့ အဖွဲ့ကို ကျောင်းအုပ်ဆရာကြီး၊ သူ့မိသားစုနဲ့ ကျောင်းသူကျောင်းသားတွေက နွေးနွေးထွေးထွေး ကြိုဆိုလို့လည်း ပီတီဖြစ်မိပါတယ် ။ ကျောင်းသူကျောင်းသားတွေရဲ့ နွေးထွေးမှုဟာ တကယ်ဘဲ ၀မ်းသာကြည်နူးစရာပါ ။

  •              ကျမ ဟိုးအရင်ကျောင်းသူဘ၀ကို ပြန်ရောက်သွားတယ်လို့ ခံစားရတယ် ။ သူတို့နဲ့ ကွဲပြားတယ်လိုကို တစက်မှ မခံစားရပါဘူး ။  တနည်းအားဖြင့် အခု ကျမဟာ ဟိုးအရင်က Oxford ကျောင်းသူ အောင်ဆန်းစုကြည်ပါဘဲ ။ ဒါပေမယ့် ကျမရင်ဆိုင်ခဲ့ရတဲ့ ဘ၀အတွေ့အကြုံအမျိုးမျိုးကြောင့် တနည်းအားဖြင့်လည်း အရင်က ကျမနဲ့ အခုကျမဟာ ကွဲပြားနေပြန်ပါတယ်..........။


  •               ဒီအတွေ့အကြုံဟောင်းတွေကို အောက်စဖို့ဒ် မှာ အခု ကျမပြန်လည် ခံစားမိပါတယ်။ အတွေ့အကြုံသစ်တွေကို ပေးစွမ်းဖို့၊ သိုမှီးဖို့ ရာလည်း အောက်စဖို့ဒ်ဟာ ကျယ်ပြန့်ကြီးးမားပါပေတယ် ။

  •                 ပြောခဲ့သလိုဘဲ ကျမတို့လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်အောက်စဖို့ဒ်က အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ်ဆိုတာ ကျမသိပါတယ်။ ကျမကို ရင်နှစ်သည်းချာတယောက်လို သဘောထားခဲ့တဲ့ Oxford ရဲ့ ကျေးဇူးကြောင့် ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အစွမ်းကုန်ဖြေရှင်းဖို့ အားအင်တွေ ရခဲ့ပါတယ် ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ် .........။

( ဒေါ်စုရဲ့ နိုဗယ်ဆု မိန့်ခွန်းကိုပါ ဖတ်လိုပါက ဒီ Note ရဲ့ အရှေ့က Note မှာ ဖတ်ပါ ။ Public လုပ်ထားတာကြောင့် လူတိုင်း ၀င်ဖတ်နိုင်ပါတယ် ။ နိုဗယ်ဆုမိန့်ခွန်းကို  နေရာများစွာတွင် ပြန်ဆိုဖော်ပြထားတာ တွေ့ရပေမယ့် လွဲမှားပြန်ဆိုမှုတွေကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။  မြန်မာပြည်သူ ဒေါ်စုပြောတဲ့ သမိုင်းဝင် မိန့်ခွန်းတွေရဲ့ တန်ဖိုးကို  မြန်မာပြည်သူများ အပြည့်အ၀ရစေရန် ရည်ရွယ်ပြီး ထပ်မံဝေငှခြင်း ဖြစ်ပါတယ်