ဒေါ်စု-ဆောင်းပါးများ
ဒေါ်အောင်ဆန်းစုကြည် ပြောပြသည့် ရာမာယဏ 
ဇာတ်လမ်းက ကျွန်မတို့ အများကြီးစဉ်းစား စရာရှိတယ်။ စဉ်းစားစရာ ဆိုတာ နိုင်ငံရေး အမြင်နဲ့ အများကြီး စဉ်းစားစရာ ရှိတယ်။ ဒါကျွန်မတို့ အရှေ့တိုင်းမှာ အင်မတန်မှ သြ ဇာအာဏာ လွှမ်းမိုးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်။ ကျွန်မတို့ အရှေ့တိုင်းသူ၊ အရှေတိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေး အမြင်ရင့်ကျက်လဲဆိုတာကိုပြတယ်လို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့ အဆိုးဒီလိုချည်းပဲလဲ မဟုတ်ဘူး ။ ရာမမင်းသားရဲ့ခမည်းတော်ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှ ကောင်းတဲ့ မင်းကြီးဖြစ်ခဲ့ပေမယ်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးတွေသူဆပ် သွားရ တယ်။ရာမမင်းဆိုရင်လည်း မင်းတစ်ပါးအနေနဲ့ အင်မတန်မှကောင်းတဲ့မင်းပဲ။ဒါပေမဲ့လည်း တကယ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ သူမျှမျှတတ မဆက်ဆံခဲ့ဘူး ။ သီတာမိဖုရားပြောချင်တာကသူဖြူစင်သန့်ရှင်းမှန်းသိရက်သားနဲ့သူများပြောတာ ဘာဖြစ်လို့ နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျွန်မတို့ အတွက်အများကြီးစဉ်းစားစရာဖြစ်တယ်။ ကျွန်မတို့ပြောတယ်မဟုတ်လား။ ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲမဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေရှိတယ်ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။အများကနေ အလကားသက်သက်၊သွားပုပ်လေလွင့်၊ အားအား ယားယာြးေ ပာနေတဲ့ ကိစ္စတွေ ဟာ တစ် ခါ တလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီးသတိထားရမယ်။ကျွန်မကတော့ထင်တယ်၊ အခုခေတ်လိုအခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့၊ သတင်းစာလွတ်လပ်ခွင့်ရှိတယ်ဆိုရင်သီတာမိဖုရားကြီး ဘက်က နေပြီး တော့ရေးပေးမယ့် သတင်း စာတွေ အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက်၊ အားအားယားယားအတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေး ခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ။် ဘာဖြစ်လဲ လို့ ဆိုတော့  သီတာမိဖုရားဘက်ကရပ်တည်တဲ့သတင်းစာတွေက ရေးကြမှာကိုး၊ ဘယ့်နှယ့်၊ မီးထဲဝင်တာေ တာင် မှမလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား ။မင်းတို့မှန်ရင်၊မ င်း တို့ ချေမှာလားမေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ်ဆိုတာဟာကျွန်မတို့ရဲ့ ‘မူ’ လည်းမဟုတ်ဘူး။နောက်ပြီးတော့ ဒီမိုကရေစီအရကလဲ့စားချေချင် တိုင်းလိုက်ချေနေလို့ရတာမဟုတ်ဘူး။ တရားမျှမျှတတလုပ်ရတာ။အခုပြောချင်တာကအရှေ့တိုင်း ဒီမိုကရေစီဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။ ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်းဒီမိုကရေစီဆိုတာ အနောက်တိုင်းဒီမိုကရေစီများထက် ပိုပြီးတော့မေတ္တာ၊ ကရုဏာတရားနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလို ကျွန်မတို့မြင်ချင်တယ်။ဒါကြောင့် အားလုံးအတွက်ကောင်းတဲ့ စနစ်ဖြစ်ရမယ်။တချို့ကဆိုရင် ဒီမိုကရေစီရဲ့အဓိပ္ပာယ် ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ရဲရင်၊ စွပ်စွဲနေတဲလူတွေမီး ထဲဝင်ကြလို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူကကောမီးထဲ ကို ဝင်ပြရဲမလား၊ဝင်ရင်ကောသူတို့ဟာ မလောင်ဘဲနေမလား။ဒါတွေဟာ အများကြီးစဉ်းစားစရာဖြစ်တယ်။အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာနိုင်ငံရေး ပညာအများ ကြီးပဲ ပါပါတယ်။ ဒါဟာ ကျွန်မတို့ ဒီမိုကရေစီ လိုအပ်တယ် ဆိုတာကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှုအရအထောက်အထားတွေ အများကြီးပြနိုင်ပါတယ်။ အဲဒီလို အဘက်ဘက်ကပေါ့လေ၊ နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်းပါတယ်။ အများအားဖြင့်ပုံပြင်တွေ၊ဒ ဏ္ဍာရီတွေ ဆိုရင် နောက်ဆုံး မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ပြီး သွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံး သုတ်သင်ရှင်းလင်း ပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်ဒီလိုအဖြူနဲ့ အမည်း တင်မဟုတ်ဘဲနဲ့အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို့ပြောနိုင်တယ်။ ဘယ်တော့မှခေတ်မရှိဘူးရယ်လို့ မဖြစ်သွားနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာခေတ်မရှိဘူးလို့ ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သရွေ့ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။ဒီစနစ်ဟာ ပြည်သူလူထုကို အကာ အကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။တကယ်တော့ အစိုးရများကို ကာကွယ်ပေး တဲ့စနစ် လည်း ဖြစ်တယ်။ တချို့အစိုးရတွေက ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူလူထုကိုသာ အကာ အကွယ်ပေးတဲ့စနစ်လို့ သူတို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်း လူတိုင်းကို အကာ အကွယ်ပေးတဲ့ စနစ်ပါ။ကျွန်မတို့ကိုတချို့ကေ မးတယ်။ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စားအနှစ်သာရ ကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ၊ခိုက်တယ်ဆိုတာဟာအာဃာတတရားနဲ့ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာလည်းဖြစ်နိုင်တာပေါ့လေ။ အဲသည်လို စိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒါဟာလုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့အလုပ်ကိုက အစိုးရမမှားအောင်လုပ်ဖို့ပဲ။အစိုးရမမှားအောင်ဆိုတော့ အစိုးရမှား နေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်းမသိဘူး၊ ဒါမှမဟုတ် သိရင်လည်းဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့ ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်များနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့တတ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင် တယ်။ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် ဒါသိနိုင် တယ်။ ရွေးကောက်ပွဲ မတိုင်ခင် နောင်ဂျိန်နောင်ဂျိန်ချနေတဲ့ သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့လူများပီပီ ဆက်ဆံကြ တာ ပဲ။ ဒါဒီမိုကရေစီစိတ်ဓာတ်ပဲ။ ကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှုအရ ဒီလို လူပီပီနေ တဲ့စနစ်ကိုအင်မတန်မှလိုလားပါတယ်။လူတွေကိုလူလိုဆက်ဆံတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။
(၁၉၉၉ စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ် ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမာယဏလက်ကမ်းစာစောင်မ်မှ ကောက်နုတ်ချက်)
Ref:popular news Joutnal
တိရစ္ဆာန်လေးများအကြောင်း ၂
ကျမရဲ့ လူ့သက်တမ်း ၆၆ နှစ်ဆိုတဲ့ ရောင်စုံမှန်ပြောင်းနဲ့ ကြည့်လိုတော့ ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၆ဝ မပြောနဲ့၊ လွန်ခဲ့တဲ့ ၆ နှစ်ကနဲ့တောင် ကွာခြားနေပြီဆိုတာ တွေ့ရပါတယ်။ ဘာကြောင်းလဲဆိုတော့ ကမ္ဘာလောကကြီးရော၊ ကျမ ရော နှစ်ခုစလုံးက ဒီအချိန်တွေထဲမှာ ပြောင်းလဲသွားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၆ဝ က ကျမနဲ့ တိရစ္ဆာန်လေးတွေရဲ့ ပတ် သက်မှု (ဒီလိုပဲ သုံးနှုန်းလို့ရမယ်ဆိုရင်) က ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါတယ်။ ခွေးဝဲစားတွေနဲ့ သနားစဖွယ် မြင်ရတဲ့ မြင်းတွေအကြောင်းကို ကျမငယ်ဘဝရဲ့ တစိတ်တပိုင်းအဖြစ် ကျမ ရေးခဲ့ဘူးပါတယ်။ ငယ်ဘဝမှာ အကျွမ်းဝင်ခဲ့တဲ့ အခြားတိရစ္ဆာန်ကမ္ဘာကတော့ ငှက်တွေ ဖြစ်ပါတယ်။
ရန်ကုန်မှာ အဲဒီတုန်းက အဆောင်အအုံတွေ များများစားစားမရှိသေးဘဲ ကျမတို့နေတဲ့ လမ်းကလည်း မြေနီတွေ ကျောက်ကျိုးတွေ ခင်းထားတဲ့ တိတ်ဆိတ်တဲ့ လမ်းသွယ်လေးဖြစ်ပြီး အနားသတ်အနေနဲ့ ဝါးရုံတွေ၊ ကျမတို့ရဲ့နွားတွေကို လွှတ်ကျောင်းထားလို့ရတဲ့ တွင်းတွေ၊ ချိုင့်တွေနဲ့ စားကျက်ကွင်း ကျိုးကျဲ၊ ရေမှော်တွေ ဖုံးနေတဲ့ ရေကန်ကလေးနဲ့ တပိုင်း တစ ပြိုလဲနေတဲ့ အုတ်နံရံတွေ ရှိတယ်။ ကျမတို့ရဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင်မှာက ဘုန်းကြီးကျောင်းတကျောင်းရှိတယ်။ ရှေးကျကျ ဆောက်ထားတဲ့ သစ်သားကျောင်းဖြစ်ပြီး ပြုပြင်ထိမ်းသိမ်းမှုမရှိတဲ့ ကျောင်းဝင်း၊ ဘုရားကျောင်းအဟောင်း တွေ၊ စေတီငယ်တွေနဲ့ ပြင်ပ ပုထုဇဉ်တို့ရဲ့ လောကနဲ့ မဆက်စပ်တဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘအာဝါသရှိတယ်။ ဘုန်းကြီး ကျောင်းရော၊ ကျမတို့အိမ်ရော တောင်ကုန်းခပ်သေးသေးနီးပါးအရွယ်ရှိတဲ့ ကုန်းမြင့်ပေါ်မှာရှိပြီး ကျမတို့အိမ်ရှေ့က လမ်း ဟာ တောင်ကြားဖြတ်လမ်း ကလေးလို ဖြစ်နေပါတယ်။
ကျမတို့အိမ်ရဲ့ ဥယျာဉ်က အဆင့်မညီတဲ့ မြေခင်းသုံးထပ်ပေါ် ဖြန့်ကျင်းနေပြီး သစ်ပင်တွေ ပေါများတဲ့အတွက် ငှက်မျိုးစုံ အတွက် နေချင်စရာနေရာ ဖြစ်လို့နေပါတယ်။ များသောအားဖြင့်ကတော့ ကျီးကန်းတွေ၊ ဆက်ရက်တွေ၊ ချိုးတွေ၊ ခိုတွေ နဲ့ စာကလေးတွေ ဖြစ်ပါတယ်။ များလွန်းလို့ ကျမတို့ သတိမထား မိအောင်ပါပဲ။ ဒါပေမဲ့ ကျမက ကျီးကန်းတွေ ညနေ စောင်း အိပ်တန်းတက်ဖို့ ပျံကြတာကို စောင့်ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ ကောင်းကင်တခုလုံး အမည်းတောင်ပံတွေ ဖြန့်ကြက် စွန်းထင်းပြီး အုတ်အုတ်ကျက်ကျက်နဲ့ ဖြစ်နေတာကိုပါ။ လွမ်းစရာကောင်းအောင် တွန်တတ်တဲ့ ဥသြသံက တော့ နွေဦးရဲ့ ဂီတတပိုင်းလိုပါပဲ။ ဒါပေမဲ့ သူ့ကို တွေ့ဖို့တော့ ခက်တယ်။ ကျမ အခုပြန်စဉ်းစားကြည့်တော့ ကျမ ငယ် ငယ်တုန်းက အဲဒါအတွက် သိပ်ပြီးတော့ စူးစူးစမ်းစမ်းမရှိခဲ့ပါဘူး။ ကျမ မှတ်မိတာ တခုကတော့ ကြက်တူရွေးတကောင် ခြံထဲက သစ်ပင်ပေါ်ကနေ ကျမတို့ကို ငုံ့ကြည့်နေပုံဟာ လူတွေအားလုံး သူ့အပေါ် အံချီးဘနန်း ဖြစ်နေတာကို သိနေတဲ့ ပုံပေါက်နေတယ်။ တရက်မှာတော့ နေ့ခင်းကြီးမှာပဲ ဇီးကွက်တကောင် သစ်ပင်ပေါ်က ပြုတ်ကြလာတယ်။ ကျမတို့ရဲ့ မာလီက ကောက်ယူပြီး လာပြတော့ သူ့ကို တအံတသြ ကြည့်နေတဲ့ ကျမ မျက်နှာကို အိပ်ချင်မူးတူးနဲ့ မျက်တောင်ခတ် ကြည့်နေခဲ့ပါတယ်။
ကျမတို့ လမ်းကလေးရဲ့အဆုံး အပေါ်ကုန်းထိပ်မှာ ၁၉ ရာစု လက်ရာ အိန္ဒိယနွယ်များနေခဲ့တဲ့ တိုက်အိမ်ဟောင်းကြီး တလုံးရှိပါတယ်။ အိမ်ရဲ့ခမ်းနားခဲ့တဲ့ အရိပ်အယောင်တွေနဲ့ ဖြစ်ချင်သလိုဖြစ် ပစ်ထားခြင်းခံရတဲ့ ဥယျာဉ်ရဲ့ လွမ်းမော ဘွယ်ရာအဖြစ်ကို အိမ်ရှင် တောက်လျှောက်ကင်းမဲ့နေခဲ့တဲ့ အဖြစ်က ပိုလို့ အားဖြည့်ထားနေပါသေးတယ်။ ဟိန္ဒူသူဋ္ဌေး တွေပိုင်တာဖြစ်ပြီး ဒုတိယကမ္ဘာစစ် မြန်မာပြည်ရောက်တဲ့အချိန် အိန္ဒိယကို ပြန်ပြေးကြတယ်လို့ ပြောကြပါတယ်။ စိတ်ချ ရတဲ့ ခြံစောင့်တွေနဲ့ ထားခဲ့ကြတာ၊ စစ်အတွင်းတလျှောက်လုံးလည်း စောင့်ရှောက်ပေးခဲ့ပြီး အိမ်ရှင်တွေ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေမဲ့ သစ္စာရှိရှိနဲ့ ဒီလိုပဲ ဆက်လက် နေထိုင်နေခဲ့ကြပါတယ်။ ကျမ မှတ်မိသလောက် ရှားရှားပါးပါး တခါ နှစ်ခါလောက်ပဲ အရပ်ရှည်ပြီး ဒိုတီဝတ်ထားတဲ့ အဲဒီ့ခြံစောင့်တွေက ကျမတို့ကို သူတို့ ခြံထဲ လာလည်ခွင့်ပေးပါ တယ်။ ချုံတွေ နွယ်ပင်တွေကြားထဲ မီးခိုးရောင် ကျောက်တုံး ရေကန်ထဲက ရေပန်းနှစ်ခုကတော့ ရေမရှိတော့ပေမယ့် ကျမ အတွက် အင်မတန် ခမ်းနားကြီးကျယ်လှပါတယ်။ ဒီအပေါ် ထပ်ဆင့်အားဖြည့်လိုက်တာကတော့ ခုံတန်းလေးတွေ ပေါ် ထိုင်နေတဲ့ အကောင်ကြီးကြီး ကတ္တဝါကြီးနှစ်ကောင်က ခြောက်သွေ့လှတဲ့ ဝင်းခြံဥယျာဉ်ကို သူတို့ရဲ့ တောက်ပလှ တဲ့ အရောင်တွေနဲ့ တောက်ပစေခဲ့ပါတယ်။ ကျမ အတွက် သူတို့ကတော့ ရန်ကုန်တိရစ္ဆာန်ရုံကလွဲရင် အပြင်မှာ မြင်ဖူးတဲ့ အံဖွယ်အကောင်းဆုံး သတ္တဝါကြီးတွေပါပဲ။
အလည်အပတ်လုပ်ဖို့ နေရာတွေနည်းလှတဲ့ အဲဒီ့အချိန်တွေတုန်းက တိရစ္ဆာန်ရုံသွားတယ်ဆိုတာ အထူးအခွင့်အရေးပဲ။ တိရစ္ဆာန်ရုံက ကျမတို့အိမ်နဲ့ သိပ်မဝေးလှတော့ မှောင်ရီပျိုးလို့ တိတ်ဆိတ်တဲ့ အချိန်မျိုးမှာ ခြင်္သေ့တွေရဲ့ ဟိန်းဟောက် သံက ကျမအတွက် အံစရာချည်းပါပဲ။ ခြင်္သေ့တွေဘာလို့ ညနေတိုင်း ဟိန်းနေတာလဲလို့ လူကြီးတွေကိုမေးတော့ တချို့ က ညနေအစာကျွေးချိန်ကြောင့်လို့ ဖြေကြပြီး တချို့ကတော့ သူတို့အိမ်ကိုလွမ်းလို့ ဟိန်းကြတာလို့ ပြောကြတယ်။ သူတို့ ကို တိရစ္ဆာန်ရုံမှာ သွားကြည့်တဲ့အခါ ကျမက သူတို့တွေ လှောင်အိမ်တွေထဲ ဂနာမငြိမ်ပုံကို စိတ်ဝင်စားမိပြီး ဟိုဘက် လျှောက်၊ ဒီဘက် လျှောကလှမ်းနေတဲ့ ခြေလှမ်းတွေဟာ အဝေးကြီးက သူတို့အိမ်ကို လွမ်းလို့ဖြစ်မှာပဲလို့ တွေးမိပါတယ်။ ကျမ ကိုယ်တိုင်ကလည်း အင်္ဂါနေ့မှာ မွေးတာဖြစ်တဲ့အတွက် ဗမာ့အစဉ်အလာဗေဒင် အလိုအရ ခြင်္သေ့ဖြစ်တာကြောင့် ကျမက ဒီခြင်္သေ့ကြီးးတွေကို သက်သက်သနားနေမိတာ ဖြစ်မှာပါ။
မျောက်မျိုးနွယ်တွေနဲ့ ပတ်သက်လို့ကတော့ တမျိုး၊ တိရစ္ဆာန်ရုံ အလည်လာကြတဲ့ သူတွေ အကြိုက်များလှတဲ့ “မျောက် ရွာ” ကြတော့ ကျမသိပ်မကြိုက်ဘူး။ ကျမ မျက်စိထဲ မျောက်တွေကြည့်ရတာ သိပ်ပြီးမဖော်ရွေလှသလို ပျော်ရွင်ပုံလည်း မပေါက်ဘူး။ သူတို့ မျက်လုံးစိုက်ကြည့်ပုံက မလိုမုန်းထားရှိပြီး သူတို့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီး ရယ်နေကြသူတွေကို လှောင်သလို သွားစေ့ပြတတ်ကြတယ်။ သူတို့ရှိရာ ပစ်ပေးသမျှ မြေပဲနဲ့ အခြားစားစရာတွေကို တရှုပ်ရှုပ် တမဲမဲနဲ့ပဲ ပိုင် ပိုင်နိုင်နိုင် ဖမ်းကြတယ်။ ဒီနေရာမှာ ဆင်တွေနဲ့ သိပ်ကွာကြတယ်။ ဆင်တွေဆို သူတို့ကို ပေးတဲ့ ငှက်ပျော်သီးနဲ့ မုန့်တွေ ကို လှမ်းယူရင်လည်း သူတို့ရဲ့ကြီးမားတဲ့ မျက်နှာကြီးတွေ့ ရောင့်ရဲမှုနဲ့ ဣနြေ္ဒရရ၊ နှာမောင်းတွေ ယမ်းလိုက်ပုံကလည်း ယို့ယို့ ကျိုးကျိုးနဲ့ ကျမအထင်တော့ ကျေးဇူးတင်ကြောင်း ပြလိုက်တာလို့ ထင်ပါတယ်။
ကျမ အရွယ်ရောက်လာပြီး နောက်ပိုင်းမှာတော့ တိရစ္ဆာန်ရုံကို နှစ်ခေါက်ပဲရောက်တော့တယ်။ နီပေါမှာ တခေါက်၊ လန် ဒန် မှာ တခေါက်။ ကျမတို့ရဲ့ တနေ့လည်ခင်း အချိန်ဖြုန်းဖို့ အတွက်နဲ့ နောက်ပြီး ဟိမဝန္တာတောင်တန်းပေါ်က တိရစ္ဆာန်ရုံ ဆိုတာလည်း ဖြစ်နိုင်ခြေသိပ်မရှိသလိုမို့ မိုက်ကယ်နဲ့ ကျမ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံကို သွားကြတယ်။ ဒါပေမဲ့ ကြည့်ရတာ ဝမ်းနည်းစရာတောင်ကောင်းတယ်လို့ ထင်တယ်။ သန့်ရှင်းမှုလည်းမရှိ တိရစ္ဆာန်တွေကလည်း အသက်မဝင်လှဘူး။ ခြင်္သေ့တွေ ကျားတွေကို ခွေးသားတွေ ကျွေးတာမို့ ခွေးအရှင်နံရရင် သူတို့လှုပ်ရှားသောင်းကျန်းမှာ စိုးလို့ ကျမတို့ရဲ့ ဘူတန်မျိုး တယ်ရီယာခွေးလေးကို အပြင်မှာ ထားခဲ့ခိုင်းတယ်။ ဒီလိုနေရာမျိုးတော့ နောင်လည်း ဘယ်တော့မှ သွားချင် စရာမကောင်းတဲ့ အတွေ့အကြုံပဲ ရခဲ့ပါတယ်။
နောက်တခေါက်၊ နောက်ဆုံးလည်းဖြစ်တဲ့ တိရစ္ဆာန်ရုံအလည်တခေါက်ကတော့ နောက်နှစ်အနည်းငယ်အကြာမှာ ကျမ သား အလက်စန္ဒြားကို ဝှစ်ပ်စနိတ် တိရစ္ဆာန်ရုံကို လိုက်ပို့ရပါတယ်။  ခတ္တူမန္ဒူ တိရစ္ဆာန်ရုံနဲ့ ယှဉ်လိုက်ရင် အင်မတန် လှပအောင် ထိမ်းသိမ်းထားတယ်ဆိုပေမယ့် အလှောင်ခံ၊ အကျဉ်းကျခံရတဲ့ တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ပျက်မိတယ်။ တိရစ္ဆာန်တွေက မပြောင်းလဲပေမယ့် လူတွေက တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးတာကို ခံစားမိတဲ့ ကျမအမြင်က ပြောင်းလဲ သွားပြီလေ။ ကျမ ဝန်းကျင်ကမ္ဘာမှာ ကျမ မျှော်လင့်မထားတဲ့ ပြောင်းလဲပုံတွေကြောင့် တိရစ္ဆာန်တွေနဲ့ လူတွေကြားထဲ ပတ်သက်မှုအပေါ် ကျမရဲ့ အမြင်တွေ ပိုပြီးတောင် ပြောင်းလဲလာ လိမ့်မယ်ဆိုတာ ဒီတုန်းက မသိခဲ့ပါဘူး။
အောင်ဆန်းစုကြည်
ဇွန်လ ၂၅ ရက်နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ် အတွဲ ၂ ၊ အမှတ် ၁ဝ၂
----------------------------------------------------------------------------------------------------------- 
အပန်းဖြေနားရက်များ ၁
ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။
မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။
ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။
မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။
အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။
တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲ သားငယ် ထိန်းလင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့ကို ရောက်လာပြီး၊ အပန်းဖြေခရီးတစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့်ကြပြီးတဲ့ အခါမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။
မုတ်သုံရာသီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း တစ်နေရာကိုပဲ ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလာကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး၊ ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ် အဲဒီသုံးခုစလုံး အချိုးအစားအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေမှုလား။
ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့ မြို့ဟောင်း ပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့ သွားမယ့်အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေးချမ်းချမ်းနဲ့အနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျွန်မတို့သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေးအဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပ္ပာယ်ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာ မိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားရစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား)၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တစ်ခုကို ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံးနေရာတစ်ခုကို ဦးခွန်သာမြင့်က ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာ တစ်ခုကို ပြောင်းပြီး ပြောပြချင်ပါတယ်။
ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင်မြို့နယ်က ရှစ်ဆယ်ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ရွေးချယ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ်သမဂ္ဂကို နိုင်ငံရေးလမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေ သူငယ်ချင်းများ၊ လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ သဘောချင်း အမြဲတူညီခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသားလွတ်လပ်ရေး၊ နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့ အာဃာတတွေ ကင်းဝေးကြတာ စတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့မှာ ရှိတဲ့အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေးမဟုတ်ပါ) တွေက ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေးပါတယ်။
၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မရဲ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဗိသုကာတစ်ယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့၊ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်များဟာလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက သိကျွမ်း၊ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့ စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါက ခုလိုမိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမထောက်ပံ့သူတွေ၊ ခင်မင်ရတဲ့မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်။ ကျွန်မရဲ့လုံခြုံရေးအရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီး စီမံ ပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံဟိုတယ်လောက် ကျွန်မတို့ အုပ်စု (အားလုံးဆယ့်ခြောက်ယောက်) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေး ဆိုင်ရာ အထင်ရှားဆုံးသော ပုထိုး၊ ထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့နေရာပါ။
အရေးကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လို ခင်မင်သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည့်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁ 
ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး
အပန်းဖြေနားရက်များ ၂­­­­­­  
Bagan Hotel (River View) ပုဂံဟိုတယ် (မြစ်ရှုခင်းသာ) ဆိုတဲ့အတိုင်း သစ်ပင် ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ဟိုတယ်ဝင်းရဲ့ အနောက်ဘက်အနားစွန်းတလျှောက် ပျင်းရိပျင်းတွဲစီးဆင်းနေတဲ့ ဧရာဝတီရဲ့ ခမ်းနားလှတဲ့ ရှုမြင်ကွင်း ကို မြင်ရပါတယ်။ မုတ်သုန်ရာသီထဲ ထဲထဲဝင်ဝင် ရောက်နေပေမယ့် ကျမတို့ ပုဂံမှာနေခဲ့တဲ့ လေးရက်အတွင်း မိုးလေး တဖြိုက် (ဖျန်းတယ်ဆိုရုံလေး) ရွာတာသာရှိလို့ ညနေတိုင်းမှာ ဒီရှေးမြို့တော်ဟောင်းရဲ့ ကျော်ကြားလှတဲ့ နေ၀င်ချိန် ရှု ခင်းတွေနဲ့ ကြည်နူးခဲ့ရပါတယ်။ ကျမတို့နေတဲ့ ဘန်ဂလိုလေးရဲ့ ၀ရန်တာကနေပြီး အနီရောင်စက်ဝိုင်းကြီး တရွေ့ရွေ့နဲ့ ဣနြေ္ဒကြီးစွာ နိမ့်ဆင်းလာတာ။ သူ့ရဲ့အလင်းနဲ့ မဖြစ်နိုင်လွန်းတဲ့ ဟင်္သာပြဒါးတွေ၊ လိမ္မော်တွေ၊ အ၀ါတွေနဲ့ ကောင်းကင် တခုလုံးကို လိမ်းကျံထားလိုက်ပြီး ဆန်းပြားလှတဲ့ တိမ်စိုင်ပုံရိပ်တွေကို အလင်းပေးတာတွေဟာ မြစ်တဖက်ကမ်းက မရန်း စေ့ရောင်နဲ့ မဲနယ်ပြာရောင်စွန်းနေတဲ့ တောင်တန်းနောက်ကို ပုန်းလျှိုးမသွားမချင်း တွေ့နေရပါတယ်။ ခရီးသွားလမ်းညွှန် လက်ကမ်းကြော်ငြာထဲက ဓာတ်ပုံတပုံ အသက်ဝင်လာသလိုပါပဲ။
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ အလည်ရောက်လာကြသူတွေက ပုဂံရဲ့ဆွတ်ပျံ့ဖွယ်တွေကို အံ့မူးဖွယ်တွေကို အများ ကြီးရေးခဲ့ကြ ပြီးပါပြီ။ ဒီမိုးခေါင်ရေရှားလွင်ပြင်မှာ ဘာသာရေးအအောက်အအုံတွေ အရွယ်မျိုးစုံ ထောင်နဲ့ချီပြီးရှိပါတယ် (ရှေးဟောင်း သုတေသနဌာနရဲ့ စာရင်းအရ သေးငယ်တဲ့ အုတ်ပုံအပါအ၀င် စုစုပေါင်း ၃၀၀၀ ကျော်)။ သေးသေးကြီကြီး တခုချင်းစီဟာ ထိပ်မှာ အဖျားချွန်သဏ္ဌာန်နဲ့ မိုးကောင်ကင်အမြင့်ဆီ ဦးတည်နေတာချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့ မြင့်မြတ်တာ တခုခုကို မျှော်မှန်းနေကြတဲ့သဘောကို ဗိသုကာအမြင်အရ ဖေါ်ပြနေပါတယ်။ အကြိမ်ပေါင်းများစွာ ရေးဆွဲ ထားကြပြီးဖြစ်တဲ့ပုံကို တထပ်တည်းတူအောင် ဆွဲဖို့မလိုတော့တာကြောင့် ကျမအပေါ်စွဲထင်မှု လေးတွေနဲ့ပဲ ခြယ်သ လိုက်ပါရစေ။ မှောင်ရိပ်ပျိုးလာတော့ ဘာသာရေးနဲ့ ထုံမွှမ်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်းမဟုတ်၊ ပစ္စုပ္ပန်ထဲ မှာလည်း မရှိတဲ့၊ အချိန်ကာလတွေက ကင်းလွတ်နေတဲ့လောကတခုကို ရောက်သွားပါတော့တယ်။ ပုထိုးစေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုးစုံနဲ့ ယိုယွင်းတဲ့သဘော၊ အနိစ္စသဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲ ကျေပျက်ရတဲ့ သဘောတို့ကို လှစ်ပြနေပါတယ်။ ဒါဟာ ဗုဒ္ဓသာသနာထွန်းကားရာ မြေမှာသာမက တန်ခိုးအာဏာရှင် တွေက သူတို့ ဩဇာဂုဏ်အရှိန်အ၀ါတွေကို ထာဝရမှတ်ကျောက်တင်ဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲမဆို သင့် တော်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာ ကွယ်ပျောက်သွားပြီဖြစ်တဲ့ ခမ်းနားကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီဖြစ်တဲ့ ယဉ် ကျေးမှုခေတ်ကြီးတွေကို သတိရဆင်ခြင်စေပါတယ်။ ရှယ်လီရဲ့ကဗျာက သရုပ်ဖေါ်သလို အဆုံးမရှိတဲ့ သဲကန္တရထဲမှာ အပိုင်းအစတုံးကြီးတွေအဖြစ်သာ ကျန်နေတော့တဲ့ ကျောက်သားမဲ့ ပြုံးပိုင်ရှင် အိုဇီဒီယပ်ရဲ့ သနားစရာ့မာနမာန်ကို အ မှတ်ရစေပါတယ်။ ‘အသင် အင်အားကြီးလှသူများ၊ ငါ့ လုပ်ဆောင်ချက်တွေကြည့်ပြီး စိတ်ပျက်၊ စိတ်လျှော့ ကြလော့’
မိမိရဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို ဒီလိုအုတ်တွေ၊ သရွတ်တွေနဲ့ သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင်တွေ၊ မိဖုရားတွေ၊ မင်းညီ မင်းသား မှူးကြီးမတ်ရာတွေထဲက ဘယ်နှစ်ယောက်က တကယ့်ကို သံသရာက လွတ်မြောက်ချင်ခဲ့ကြသလဲ။ ဘယ်နှစ် ယောက်က မိမိတို့ရဲ့ လောကီတန်ဖိုးကို အဖိုးကြီးအဆောက်အအုံတွေ ထူခြင်းနဲ့သက်သေပြုဖို့ ကြိုးစားခဲ့ကြသလဲ။ ဘယ် နှစ်ယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို မခြုံငုံနိုင်တာကြောင့် သံသရာမှာလည်နေသရွေ့ လောကီ စည်းစိမ်ရှိဖို့အ တွက် အာမခံအနေနဲ့ ဒီဆောက်လုပ်မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။
ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတယ်ဆိုပေမယ့် ကျမစိတ်ကူးစိတ်သန်းကို ဖမ်းစားနိုင်တာ တဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်း ပါပဲ။ ကျမတို့ငယ်ငယ်က သင်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေအရ သူဟာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာဘုရင်ရဲ့ သားပါပဲ။ ဒါပေမဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက် တွေအရတော့ သူတို့နှစ်ယောက်ဟာ သွေးမတော်စပ်ပါဘူး။ ကျန်စစ်သားက သာမန်မျိုးရိုးထဲကပဲ ဖြစ်နိုင်ပေမယ့် သူက သာမာန်မဟုတ်တဲ့ အရည်အချင်းတွေ ပိုင်ပါတယ်။ သူရသတ္တိနဲ့ ပြည့်စုံပြီး ရဲရင့်တယ်။ ဘုရင့်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး ကျော်ကြားတဲ့ သူရဲကောင်းတယောက် ဖြစ်လာတယ်။ ဒါတွေကြောင့် ဘုရင်အိုကြီး မနာလို ၀န်တိုဖြစ်ခဲ့ပြီး သူ့ကို ပုန်ကန်မယ့်လူလို့ သံသယတွေဝင်ခဲ့ပုံရပါတယ်။ အနော်ရထာလွန်တော့ ပျော့ညံ့ပြီး အရည် အချင်းနည်းတဲ့ သားတဦးနန်းတက်ခဲ့ပေမယ့် ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ နန်းတက်နိုင်ခဲ့ခြင်း အားဖြင့် အနော်ရထာရဲ့ အဆက်အနွယ်ထဲက ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးလို့ပဲ ယူဆရပါတယ်။
ကျန်စစ်သားဟာ အမြော်အမြင်၊ စွမ်းရည်သတ္တိနဲ့ နှလုံးရည်ပြည့်ဝတယ်ဆိုတာ ပြနိုင်ခဲ့ပြီး သူဆောက်လုပ်လှူခဲ့တဲ့ အာ နန္ဒာဂူဘုရားဟာ သူရဲ့ဆွဲဆောင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေပါတယ်။ ပြေပြစ်တင့်တယ်တဲ့ အချိုးအစားရှိပြီး၊ အလင်းနဲ့ အရိပ်ကို လိုသလိုရအောင်ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော တည်ဆောက်ပုံရောက အင်မတန် လှပပါ တယ်။ အာနန္ဒာကို ဖူးတယ်ဆိုတာ ဂူကျောင်းထဲက ထူးခြားလှတဲ့ ရုပ်ပွားတော်ကြီးတွေထံ စိတ်ဝိညာဉ် ခိုလှုံရာအနေနဲ့ ဦးခိုက်ရသလို၊ ရှားပါးလှတဲ့ အုပ်စိုးသူ မင်းတပါးကို လေးစားသမှုပြုရသလိုလည်း ဖြစ်ပါတယ်။
ဟိုတယ်ဝင်းထဲမှာ ကျမတို့အတွက် တကယ့်ကိုအံ့အားသင့်ရစေတာက ဂူစေတီလေး နှစ်ဆူပါပဲ။ ဘွဲ့အမည်မရှိပေမယ့် နှစ်ဆူစလုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရပါတယ်။ တဆူက သူ့ နန်းသက်အစောပိုင်းမှာ ရန်သူတွေကို အောင်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးအောက်မေ့တဲ့အနေနဲ့ တည်ထားတာဖြစ်ပြီး နောက်တဆူကတော့ သူ့ဘ၀နောက်ဆုံး ပိုင်းအရောက် ဘ၀တလျှောက်လုံး စစ်သူရဲကောင်းဘ၀နဲ့ သူပြုမူခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် သံဝေဂရပြီး ပြေရာပြေကြောင်း ရည်စူးတည်ခဲ့တာလို့ ပြောပြကြပါတယ်။ အရွယ်အစားသင့်ရုံ ဒီဂူကျောင်းနှစ်ဆူဟာ ညနေတိုင်း စောင်းတီးခတ်ဖျော်ဖြေတတ်တဲ့ ညစာခန်းမ ကပြင်အနားက ပန်းခြံထောင့်တနေရာ ရှိနေတယ်။ သီးသန့် ဘုရားကျောင်း လေးလို ဖြစ်နေတဲ့နေရာမှာ ဖယောင်းတိုင်မီးပူဇော်ရတာဟာ ခမ်းနားကျော်ကြားလှတဲ့ ဘုရားတွေကို ဖူးရတာနဲ့မတူတဲ့ အတွေ့အကြုံခံစားမှုပါပဲ။
ကျမသားနဲ့ ကျမက ပုဂံအနှံအပြားမှာရှိနေတဲ့ ဘုရားစေတီအားလုံးကို ဖူးမနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့ကောင်းမှု စေတီလေးတွေကလွဲရင်တော့ သဗ္ဗညုနဲ့ မနူဟာစေတီတို့ကိုပဲ သွားဖူးခဲ့ပါ တယ်။ မနူဟာစေတီကို အဖမ်းဆီးခံမွန်ဘုရင် မနူဟာ တည်ခဲ့တယ်လို့ ယူဆခဲ့တာကြောင့် ထူခြားတဲ့အဓိပ္ပါယ်ဆောင် ပါတယ်။ ကာလကြာရှည် လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်ကို ပညာရှင်တွေကြား ခုနောက်ပိုင်း မေးခွန်းထုတ်လာကြပေမယ့် ဒီဂူဘုရားဟာ လွတ်လပ်မှုကိုမွတ်သိပ်တဲ့၊ ထိုင်းမှိုင်းလေးလံတဲ့ အာဝါသအဖြစ် ပေါ်လွင်အောင် တမင်ဒီဇိုင်းထုတ်ထား တယ်ဆိုရင် ငြင်းနိုင်မှာမဟုတ်ပါဘူး။ အထဲက ဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ ရှိနေတဲ့ နေရာအကျယ်အ၀န်းနဲ့ မကိုက် လောက်အောင် ကြီးမားနေပြီး၊ ဖူးမြော်သူကို ပိတ်လှောင်မွန်းကျပ်ခြင်းနဲ့ လွတ်မြောက်လိုမှု ပြင်းပြနေတဲ့ ၀ိညာဉ်ရဲ့ရုန်း ကန် အသက်ရှူနေခြင်းတို့နဲ့ ထိတွေ့ရသလို ခံစားရစေပါတယ်။ အဲဒီ ဘုရားသွားဖူးတာ ကျမတို့နိုင်ငံမှာ သိပ်ကိုလိုအပ် နေတဲ့ အရာနှစ်ခုကို သတိပြုစေပါတယ်။ လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွတ်မျှတမှု ရက်ယှက်ဖို့နဲ့ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံရသူတိုင်း လွတ်မြောက်ဖို့တို့ ဖြစ်ပါတယ်။ ဒီအသိတွေကနေတော့ အပန်းဖြေ အနားယူနိုင် တယ်ရယ်လို့ မဖြစ်နိုင်ပါဘူး။
အောင်ဆန်းစုကြည်
(၂၂ . ၈ . ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖေါ်ပြပြီး)
ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၂ အမှတ် ၆၀
---------------------------------------------------------------------------------------------------------------------
အပန်းဖြေနားရက်များ ၃ 
ပုဂံမှာ တတိယမြောက်သွားဖူးခဲ့တဲ့ဘုရားကတော့ သဗ္ဗညုစေတီဖြစ်ပါတယ်။ စေတီတော်ရဲ့ သဟဇာတမျှတဲ့ အချိုးအစားနဲ့ လှေခါးထစ်အထပ်အလွာများဖြင့် ရှေးဟောင်းဘာသာရေး အဆောက်အဦးများတွင် အမြင့်မား ဆုံးဖြစ်နေပါတယ်။ အသပ္ပါယ်ဆုံးစေတီများအနက် စေတီတဆူလဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်များအထိ ဘုရားဖူး များကို စေတီတော်ရဲ့အထပ်အလွှာများပေါ်တက်ကာ အတုမရှိတည်ငြိမ်မှု ဖြန့်ကျက်ထားတဲ့ ပုဂံရဲ့ငြိမ်းအေး သာယာခြင်းကို ငုံ့ကြည့်ခွင့်ပေးခဲ့ပါတယ်။ 
‘ဒီနေရာကိုရောက်ခဲ့ဘူးပြီထိ သဗ္ဗညု စေတီတော်ကို လာရောက်ဖူးမျှော်သူ အရေအတွက် သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ယခုအချိန်တွင် စေတီတော်မှာ ဥပက္ခအပြုခံနေရပြီး လှပသပ္ပါယ်ခြင်းကို ပြန်လည်ဖော်ထုတ်လာရန်အတွက် စောင့်မျှော်နေရတဲ့ ကြေကွဲတမ်းတနေပုံ ပေါ်လွင်နေပါတယ်။
အတွင်းနံရံများအပေါ် ခပ်ကြမ်းကြမ်းသုတ်ထားတဲ့ထုံးရည်များအောက်မှာ ရှေးရေဆေးပန်းချီများရှိနေပါတယ်။ ဒီဟာတွေကို အနုပညာပြန်လည်မွမ်းမံမှုကျွမ်းကျင်သူများဖြင့် ပြုပြင်ပေးရဦးမှာဖြစ်ပါတယ်။ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အနည်းဆုံးဖြစ်နေပါတယ်။ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အထင်ကရဖြစ်တဲ့ အဆောက်အဦးတခုအတွက် ဝမ်းနည်းကြေကွဲဘွယ်ရာ အခြေအနေမျိုးပါပဲ။
ပုဂံနဲ့သူ့ပတ်ဝန်းကျင်မှာ ပြုပြင်မွမ်းမံထိန်းသိမ်းမှုတွေ အများကြီးလိုအပ်လျက်ရှိနေပါတယ်။ သမိုင်းဝင် အဆောက်အဦးတွေကပဲ စပြောရမှာပါပဲ။ ၁၉၉၀ ခုနှစ်များအတွင်းက ပြန်လည်မွမ်းမံရေးလုပ်ခဲ့ကြတာတွေဟာ အထူးကျွမ်းကျင်သူအကြံပေးချက်ရဲ့ အကျိုးသက်ရောက်မှုများမပါရှိပဲ ဆောင်ရွက်ခဲ့ကြတာပါ။ အကောင်းဆုံး ဖြစ်မှုထက် အမြန်ဆုံးပြီးစီးမှုကို ရှေ့ရှုလုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပုဂံကို အခုအနေအထားနဲ့တွေ့မြင် ရတိုင်း မျက်ရည်စို့ရတဲ့ ငိုယိုခဲ့ကြရတဲ့ အနုပညာနဲ့ရှေးဟောင်းသုတေသန ကိုသူမြတ်နိုးသူများရှိနေကြောင်းကို ကျွန်မသိခဲ့ရပါတယ်။
ဒါပေမင့် စေတီပုထိုးလွင်ပြင်ကို ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်ဘို့ အလောတကြီးလုပ်ဆောင်မှုရဲ့ ဖျက်ဆီးခြင်းကိုခံနေရတဲ့ မြတ်နိုးဘွယ်ဘုရားကျောင်းကန်များရဲ့ မူရင်းစစ်မှန်မှုကို ဂရုစိုက်မှုနဲ့ကျွမ်းကျင်မှုများ ဖြင့် ပြန်လည်ပြုပြင်ရနိုင်ခြေရှိနေပါသေးတယ်။ စေတီငယ်များစွာဟာ တာရှည်ပစ်ထားခံရတဲ့ ယိုယွင်းမှုရဲ့ ကံကောင်းတဲ့အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဆိုရမှာပါ။ ဒါတွေကိုလဲ မူလအခြေအနေအတိုင်း နီးနီးစပ်စပ် တူအောင် ပြန်လည်မွမ်းမံရမှာပါ။ ဒါမှမဟုတ် ဖျက်ဆီးမှုဒဏ်ခံစားခဲ့ရတဲ့အချိန်ရဲ့ မျက်မြင်သမိုင်းအသွင် ပျက်စီး မှုအဆင့်ဆင့်များကို မြို့တော်ဟောင်းပေါ်မှာ ပုံဖော်ပြင်ဆင်ထိန်းသိမ်းရမှာပါ။
အထူးကျွမ်းကျင်သူများအတွက် ကိစ္စရပ်များရှိနေကြပါတယ်။ ဒါပေမင့် သူတို့လုပ်ငန်းများမစခင်မှာ ပုဂံကို ကာကွယ်ရန်နဲ့ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ဘို့လိုအပ်ကြောင်း လှုံ့ဆော်သတိပေးရေးကို ကျွန်မတို့ မြှင့်တင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံသမိုင်းမှာ အရေးကြီးတဲ့အထင်ကရသမိုင်းမှတ်တိုင်ဖြစ်ရုံမက ကမ္ဘာ့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစိတ်တပိုင်းဖြစ်နေတယ်ဆိုတာကိုပေါ့။ ရှေးဟောင်းအဆောက်အဦးများသာ ထိန်းသိမ်းစောင့်ရှောက်ခံမှုနဲ့ကာကွယ်မှုရယူဘို့လိုအပ်တာမဟုတ်ပါ။ ပုဂံတဝိုက်ရှိဒေဟတခုလုံးက အချစ်အခင် အမြတ်အနိုးခံဘို့ အထိန်းသိမ်း အစောင့်အရှောက်ခံဘို့ ငိုကြွေး တမ်းတနေကြတာပါ။
တနာရီ ကားစီးသွားတော့ ဒေသရဲ့နောက်ဆုံးအကြွင်းအကျန်ဖြစ်တဲ့ အင်ကြင်းတောကိုရောက်ခဲ့ကြပါတယ်။ သူ့ရဲ့ပတ်ဝန်းကျင်ကြမ်းတမ်းမှုအလယ်မှာတော့ ကြီးကျယ်ခမ်းနားတဲ့ ‘အိုအေစစ်ပေါ့။အင်ကြင်း(Pentacme-siamensis)ဟာ ထူးခြားဆုံးသစ်ပင်ဖြစ်ပါတယ်။ သက်တမ်းရင့်ချိန်မှာ သေဆုံးသွားပေမင့် သူ့ရဲ့အသားဟာ ဆွေးမြေ့သွားရမဲ့အစား ကျောက်သားပြင်လိုအရာဝတ္ထုအဖြစ်ပြောင်းလဲသွားပါတယ်။
သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဥပဒေက ထိုဒေသမှာ သစ်ခုတ်လှဲခြင်းကိုတားမြစ်ထားပါတယ်။ ဒါပေမင့် သစ်ပင်များဟာ အာမခံချက်နည်းပါးလျက်ပိန်လှီနေတဲ့အသွင်ဆောင်နေကြပါတယ်။ သန်မာတဲ့ ပင်ပျို များပေါက်ရောက်တဲ့အထောက်အထားလဲ မရှိသလောက်ပါပဲ။
သစ်တောသစ်ပင်အုပ်ကိုလေ့လာတဲ့ ကျွန်ုပ်တို့အဖွဲ့မှာ စာနယ်ဇင်းသမား အယောက် ၂၀ ခန့်ပါဝင်ပါတယ်။ ပုဂံကိုလာခဲ့တဲ့အားလပ်ရက်မှာ သီးသီးသန့်သန့်ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်မမြော်လင့်မိခဲ့ပါတယ်။ ဒါပေမင့် ဒီလို ဖြစ်မလာခဲ့ပါ။ လက်ရှိအခြေအနေရဲ့အကောင်းဆုံးဖြစ်အောင်အတွက် စာနယ်ဇင်းသမားများကိုလဲ ကျွန်ုပ်တို့ အုပ်စုရဲ့ တိုးချဲ့အဖွဲ့ဝင်များအဖြစ် ကျွန်မ သတ်မှတ်လိုက်ပါတယ်။ ဒီလိုသဘောထားလိုက်ခြင်းဖြင့် သူတို့တ တွေဟာ ခင်မင်ရင်းနှီးကာ ပါဝင်ပူးပေါင်းဆောင်ရွက်လာကြပါတယ်။
ကျွန်ုပ်တို့ရဲ့အကြံအစည်က သစ်တောအတွင်း ချောင်ကျကျတနေရာမှာ အေးဆေးစွာ နေ့လည်ပျော်ပွဲစားတခု တည်ခင်းဘို့ဖြစ်ပါတယ်။ ဒါပေမင့် ကျွန်မတို့ အဲဒီနေရာကိုရောက်တော့ ကျွန်မတို့ကိုတွေ့ဘို့လာတဲ့ ရွာနီးချုပ်စပ် ကလာတဲ့ လူအုပ်ကြီးကိုတွေ့မြင်လိုက်ရပါတယ်။ အဲဒိရွာကလေးဟာ ကဗျာဆန်တဲ့ "ဇီးအို-သစ်လှ-နတ်ထိန်း-အင်ကြင်းတော" အမည်ကို ဆောင်ထားပါတယ်။ အဲဒါဟာ ‘ဟိုက်ခု’ကဗျာလေးလိုပါပဲ။ဂျပန်နိုင်ငံနဲ့ ဒီရွာလေး ဟာ ဆက်နွယ်မှုရှိနေတာကို မမြော်လင့်ပဲတွေ့ရပါတယ်။
အမျိုးသမီးများကို သူတို့ရွာရဲ့အလိုချင်ဆုံးအရာဟာ ဘာပါလဲလို့ကျွန်မမေးကြည့်လိုက်တော့ သူတို့က "ရေ"လို့ ပြန်ဖြေကြပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာက Bridge Asia Japan ကုမ္ပဏီက သူတို့အတွက် အဝီစိ တွင်းတခု တူးပေးခဲ့ကြောင်း၊ ဒါကြောင့် ယခင်ကထက်ကောင်းမွန်အဆင်ပြေနေကြာင်း သူတို့က ဆက်ပြောပြ ကြပါတယ်။ ဒါပေမင့် ရေတွင်းအနီးဝန်းကျင်မှာမနေထိုင်သူတို့ကတော့ အတော်အလှမ်းကွာကွာ လမ်းလျှောက် ပြီး နေ့စဉ် ရေလာခပ် နေရကြောင်းလဲ ပြောပြကြပါတယ်။ ဒါ့အပြင် ရေစုတ်တင်စက်အတွက်လိုအပ်တဲ့ ဒီဇယ်ဆီ ဘိုးကိုလဲ သူတို့ပေးကြရကြောင်း၊ အဘိုးအခမှာ သင့်တင့် လျောက်ပတ်ပေမင့်၊ ထန်းပင်ကိုမှီခိုအသက်မွေး ဝမ်းကျောင်းပြုနေကြရတဲ့ ရွာသူရွာသားများအဘို့တော့ ဝန်ထုပ်ဝန်ပိုးဖြစ်နေရကြောင်းလဲ ပြောပြကြပါတယ်။
မြန်မာပြည်အလယ်ပိုင်းရဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ ထန်းပင်များ ရှင်သန်ဖြစ်ထွန်းပါတယ်။ ဖျာများ၊ ခြင်းတောင်းများယက်လုပ်နိုင်တဲ့ ယပ်တောင်ပုံအရွက်များနဲ့ စားသောက်နိုင်တဲ့ထန်းသီးများ ထန်းပင်ကရရှိကြ ပါတယ်။ ဒါပေမင့် ထန်းပင်ရဲ့ အရေးကြီးဆုံးထွက်ကုန်ကတော့ သူ့ရဲ့ချိုမြတဲ့ “ထန်းရည်”ဖြစ်ပါတယ်။ ယင်းကို လတ်လတ်ဆတ်ဆတ်လဲ သောက်သုံးနိုင်ပါတယ်။ အချဉ်ဖောက်ပြီးလဲ ကျေးလက် အရက်ဖြစ်တဲ့ “ထန်းရည်” အဖြစ် လုပ်နိုင်ပါတယ်။ ကျိုချက်ပြီးလဲ နှစ်လို့ဘွယ်ကောင်းတဲ့ ထန်းလျက်များအဖြစ်လဲ ထုတ်လုပ်နိုင်ပါတယ်။
ကျောင်းသူဘဝတုန်းကသင်ခဲ့ရတဲ့ ထန်းတက်သမားများရဲ့ ကြမ်းတမ်းတဲ့ဘဝအကြောင်းစပ်ဆိုခဲ့တဲ့ ထင်ရှားတဲ့ ၁၂ ရာစုက ကဗျာတပုဒ်ကို ကျွန်မတို့ အမှတ်ရလိုက်ပါတယ်။ သူတို့ရဲ့အန္တရယ်များပြီးပင်ပန်းတဲ့အလုပ်ကို နံနက်ခင်းမြူခိုးဝေချိန်မှစခဲ့ကြရတဲ့ နေ့စဉ်ကျင်လည်ရတဲ့သရုပ်ဖော်ချက်ကို ပြတ်သားထင်ရှားစွာ ယနေ့အချိန် အထိသက်ဝင်ကျန်ရှိနေပုံများကို ရွာမှအမျိုးသားများနဲ့စကားပြောခဲ့ရ လို့ ကျွန်မသိရှိခဲ့ရပါတယ်။
လွန်ခဲ့တဲ့ရာစုနှစ်များစွာက သူတို့ဘိုးဘေးများ လှမ်းလျှောက်လုပ်ကိုင်ခဲ့တဲ့အတိုင်း သူတို့တတွေဟာလွဲ မဆုတ် မနစ်တဲ့ ဇွဲလုံလနဲ့ အလုပ်စက်ဝန်းကို ကျင်လည်လှုပ်ရှားဆောင်ရွက်လျက်ရှိနေကြပါတယ်။
ဒါပေမင့် ထင်ရှားတဲ့ခြားနားမှုတခုကတော့ရှိနေပါပြီ။
ဒီကနေ့မှာတော့ "ဇီးအို-သစ်လှ-နတ်ထိန်း-အင်ကြင်းတော"ရွာက ထန်းတက်သမားတွေထဲမှာ တက္ကသိုလ်ဘွဲ့ရ များ ရှိနေပါပြီ။ 
ဒေါ်အောင်ဆန်းစုကြည်
မိုင်အိနိချိသတင်းစာ - ဂျပန် ၂၀၁၁ ခု စက်တင်ဘာလ ၂၆
(၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ထုတ် ဂျပန်နိုင်ငံ မိုင်အိနိချိ နေ့စဉ်သတင်းစာပါ ဒေါ်အောင်ဆန်း စုကြည်ရဲ့ HOLIDAY-3 ကိုမြန်မာပြန်ဆိုပါသည်)
မောင်မောင်လှကြိုင်
၂၀၁၁ ခုစက်တင်ဘာ ၂၆
အပန်းဖြေနားရက်များ ၎
ဒေါ်အောင်ဆန်းစုကြည် ၂၀၁-၁၀-၂၃(မိုင်အိနိချိ၊ ဂျပန်)
( ဂျပန် နိုင် ငံ ထုတ် မို င် အိ နိ ချိ နေ့စဉ် သတင်းစာပါ ဒေါ်အောင် ဆန်းစု ကြည် ရဲ  Holiday-4 ကို ပြန် ဆို ပါ  သည်  )
မောင်မောင်လှကြိုင်
------------------------------------------------------------
နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း (အောင်ဆန်းစုကြည်)
နှစ်တနှစ်ရဲ့ အစဆိုတာ တဖန်ပြန်သစ်ဆန်းဖို့၊ အားတွေပြန်ဖြည့်ဖို့၊ သန္နိဋ္ဌာန်သစ်တွေချဖို့၊ အတိတ်ကအဖြစ်တွေကို အ မှတ်ရဖို့ အချိန်ပဲ ဖြစ်ပါတယ်။
၂၀၁၀ ကို ပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာ အမှတ်ရစရာနည်းလွန်းလို့ ဆုံးရှုံးသွားပြီး အချိန်တွေနဲ့အတူ ကွယ် ပျောက်သွားပါပြီ။ ၂၀၁၀ ရဲ့ပထမဆုံးနေ့ကို ကျမ ဘယ်လိုဖြတ်သန်းခဲ့လဲ၊ ကျမ သတိမရတော့ပါ။ သိပ်ပြီးသက်တောင့် သက်သာတော့ရှိခဲ့မှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ကျမရဲ့အိမ်ကို ၂၀၀၉ဒီဇင်ဘာလထဲက စပြင်ခဲ့ပြီး နောက် သီတင်း ပတ် အနည်းငယ်အကြာမှာပဲ စည်ပင်အုပ်ချုပ်ရေးက တားမိန့်ထုတ်လို့ ပြင်ဆင်မှုတွေ ရပ်လိုက်ရပါတယ်။
ကျမရဲ့ ရှေ့နေတွေ တားမိန့်ကိုပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေကြတုန်းမှာ ကတ်ထူပုံးတွေ၊စောင်ထူကြီးတွေနဲ့ ထုပ်ထားတဲ့ ဘာရယ်မှန်းမသိနိုင်တဲ့ အရာတွေ၊ ခရီးဆောင်သေတ္တာအမျိုးမျိုးနဲ့ စောင်းနေတဲ့မျှော်စင်နဲ့တူတဲ့ စာအုပ်ပုံတွေအလယ်မှာ ကျမ လပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ စာအုပ်စင်မြင့်ကြီးတခု၊ စားပွဲမျိုးစုံနဲ့ အထုပ်စည်းတွေကြားထဲ ညပ်နေတဲ့ ကျမ ရဲ့အိပ်ရာကနေမော့ကြည့်ရင် ကွာကျနေတဲ့ မျက်နှာကြက်ကို ကောင်းကောင်းမြင်ရပြီး အိုမင်းယိုယွင်းခြင်းနဲ့ ဆွေးမြေ့ ပျက်စီးခြင်းတရားကို အခါများစွာ ဆင်ခြင်နိုင်ခဲ့ပါတယ်။
ရာသီဥတု အေးနေရင်တော့ ပြွတ်သိပ်နေတဲ့ အခန်းထဲနေရတာ နွေးထွေးသလိုလို။ မြို့ထဲပြထဲမှာ တောစခန်းချနေသလို ဟန်နဲ့ နေရတာကလည်း တနည်းတော့ စွန့်စားခန်းတွေ့နေရသလိုလို။ ဒါပေမဲ့ ရာသီဥတုက ပိုပိုပြီး ပူလာတော့ စိတ်ကူး အနုအလှတွေ ပြယ်သွားပါတယ်။ အထူးသဖြင့် ပြတင်းအပြင်ဘက် နံရံမှာ ငြမ်းဆင်ထားတာကြောင့် ပြတင်းတွေ ဖွင့်လို့ မရတဲ့အဖြစ်ရောက်ပြီး တညလုံးနီးပါး ပူပူအိုက်အိုက် ချွေးတွေရွှဲလို့ မအိပ်နိုင်သလောက်ပါပဲ။ ကျမကိုယ်ကျမ ကျန်းမာ ရေးကောင်းလှပါတယ်လို့ မခံစားနိုင်ပါဘူး။
၂၀၁၀ ရဲ့ ပထမသုံးလအတွင်း ကာလတွေကတော့ ကိုယ်ခန္ဓာတင် သက်တောင့်သက်သာ မရှိတာ မဟုတ်ပါဘူး။ စိတ် လည်း အလွန်အမင်း အလုပ်လုပ်ရတဲ့ အချိန်ပါ။ ယခင်နှစ်က အင်းစိန်ထောင်အတွင်းမှာ ကျမအပေါ် ချမှတ်လိုက်တဲ့ စီ ရင်ချက်အပေါ် အယူခံဝင်ထားတာနဲ့ ပတ်သက်လို့ ကျမရဲ့ရှေ့နေတွေ ကျမနဲ့ ဆွေးနွေးဖို့ အခါအားလျော်စွာ လာကြပါ တယ်။ ကျမအတွက် ဒီဥပဒေရေးရာ ကိစ္စတခုလုံးဟာ သိပ်စိတ်ဝင် စားစရာကောင်းပြီး အင်မတန်အတွေ့အကြုံရင့်တဲ့ စွမ်းရည်ရှိတဲ့ ရှေ့နေကြီးတွေဆီကနေ အများကြီးဗဟုသုတ ရခဲ့ပါတယ်။ ကျမရှေ့နေကြီးတွေနဲ့တကွ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကော်မတီအတွက်လည်း ကျမ သိပ်ကို ဂုဏ်ယူမိပါတယ်။ အဲဒီကော်မတီဟာ ၁၉၉၅ က စ လို့ တရားဥပဒေကို ထိန်းသိမ်းဖို့နဲ့ ကျမတို့နိုင်ငံက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေဘက်က ခုခံကာကွယ် ဖို့ အတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြပါတယ်။ ရှေ့နေကြီး ဦးဉာဏ်ဝင်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အ လုပ်အမှုဆောင် ကော်မတီဝင်တယောက်လည်း ဖြစ်နေတဲ့အတွက် ကျမအနေနဲ့ ပြင်ပနိုင်ငံရေးလောကထဲ ဘာတွေဖြစ် နေသလဲဆိုတာတွေ သိရှိခွင့်ရခဲ့ပြီး ပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့် လုပ်ငန်းစဉ်ထဲ အတိုင်းအတာတခုထိ ပါဝင်နိုင်ခဲ့ပါ တယ်။
နိုင်ငံရေးရှုကွက်ထဲ အင်မတန်အရေးကြီးတဲ့ ဒီလိုနှစ်တနှစ်မှာ ရင်ဆိုင်ရတဲ့ ဉာဏ်ရည်မြင့် စိန်ခေါ်ချက်တွေဟာ ကျမ အတွက် ကျန်းမာရေးကိစ္စတွေထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။
ဧပြီလလယ် မြန်မာနှစ်သစ်ကူးချိန်လောက်မှာပဲ တရားရုံးက အိမ်ပြင်တာကို ဆက်လုပ်နိုင်ကြောင်း အမိန့်ချမှတ်လိုက်ပါ တယ်။ အလုပ်သမားတွေ ပြုံရောက်လာတာနဲ့ ပြင်ပကမ္ဘာကအသံတွေ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်နေတဲ့ သီးသန့် ခြံ ၀င်းဟာ နေ့ချင်းညချင်းပဲ အဆက်မပြတ် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိတဲ့ နေရာ ဖြစ်သွားပါတော့တယ်။
လုပ်စရာတွေက အများကြီးပါ။ အဓိကလုပ်ငန်းက ခေါင်မိုးပြင်ဖို့ ဖြစ်ပါတယ်။ နှစ်နဲ့ချီပြီး မုတ်သုန်လတွေမှာ ကျမ မွေ့ရာ (အိပ်နေရင် ကျမပါ) ရေမစိုအောင်နဲ့ ယိုလာတဲ့ မိုးရေကို ခံနိုင်အောင်၊ ခုတင်နဲ့ ခွက်တွေ၊ ဇလုံတွေ၊ ပုံးတွေကို ခက်ခဲတဲ့ စစ်တုရင်ပွဲတပွဲ ကစားတော့ အရုပ်တွေရွှေ့ရသလို လိုက်ရွှေ့နေရပါတယ်။ အခုတော့ ခေါင်လုံအောင် လုပ်နိုင်တော့မှာပါ။ နောက်တမိုးကို စိတ်အေးလက်အေးနဲ့ ကျမ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာ “ခေါင်လုံတယ်”  ဆိုတာ လုံခြုံခြင်းကို ဖော်ကျူးတဲ့ အလင်္ကာ ဖြစ်ပါတယ်။ ထိပ်ဆုံးကသာ ကောင်းရင် တဗိမာန်လုံး ကောင်းမယ်ဆိုတဲ့ အမြင်ကို ထင်ဟပ်တဲ့ အဓိပ္ပါယ်ပါ။
ပြုပြင်၊ ထိန်းသိမ်း၊ ပြင်ဆင်တယ်ဆိုတာ နောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုနဲ့ သက်သောင့်သက်သာ ရှိမှုတွေ အများကြီးရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သို့ပေမယ့် ရုပ်ဝတ္ထုဆိုင်ရာ ကိစ္စတွေထက် ကျမအတွက် ပိုအရေးကြီး တာက လူတွေနဲ့ ဆက်သွယ် ဆက်ဆံလာနိုင်ခြင်း ဖြစ်ပါတယ်။
ငါးလလောက် ကြာမြင့်တဲ့ အိမ်ပြင်ချိန်ကာလ (ဧပြီကစပြီး စက်တင်ဘာမှာ ပြီးပါတယ်။ ကြားထဲ သုံးပတ်လောက် ခဏ ရပ်နားပါတယ်) မှာ နေ့စဉ်နေ့တိုင်း ကျမတို့ အလုပ်သမားတွေရဲ့ ဘ၀တွေနဲ့ သူတို့သောကတွေနဲ့ အကျွမ်းဝင်ခွင့်ရခဲ့ပါ တယ်။ ကျမတို့နိုင်ငံက အလုပ်သမားထု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုမိုနားလည်လာပြီး၊ သူတို့ရဲ့ မျှော်လင့်ချက် နဲ့ ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။
အိမ်ပြုပြင်တဲ့ စီမံချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တခုကတော့ အထူးသတင်းတပ်ဖွဲ့နဲ့တကွ အိမ်ဝင်းလုံခြုံရေး အ တွက် တာဝန်ယူထားတဲ့ အခြားတပ်ဖွဲ့တွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးရတာပဲ ဖြစ်ပါတယ်။ လူတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ ခြံထဲသွင်းဖို့ နေ့စဉ်လိုလို ဆွေးနွေးညှိနှိုင်းနေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးက အကျိုးအကြောင်းသင့်မြတ်တာ၊ ပျော့ပျောင်းလိုက်လျောတာတွေနဲ့ အတားအဆီးတွေကို ချောမွေ့အောင် လုပ်နိုင်တယ်ဆိုတာလည်း ကျမတို့ တွေ့လာခဲ့ရ ပါတယ်။
၂၀၁၀ ခုနှစ်ဟာ ကျမအိမ်အတွက် ပြောင်းလဲတိုးတက်မှုတွေ အများကြီး သယ်ဆောင်လာခဲ့တဲ့ နှစ်ပါပဲ။ ဒါပေမဲ့ ကျမတို့ ပြည်သူတွေ နေထိုင်နေကြရတဲ့ ကျမတို့တိုင်းပြည်မှာရော ဘာတွေ ပြုပြင်ပြောင်းလဲခဲ့သလဲ ဆိုတာကတော့ နောင်တချိန် ပြန်ပြောကြရမယ့် ပိုလေးနက်တဲ့ ပုံပြင်တပုဒ် ဖြစ်နေပါလိမ့်မယ်။
ကျမ လွတ်လာပြီး ပထမဆုံးရေးဖြစ်တဲ့ ဒီဆောင်းပါးကို ကျမက အခုလိုအဆုံးသတ်ချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လုံးလုံး ကျမကို ထောက်ခံမှုနဲ့ ခင်မင်မှုပေးခဲ့တဲ့ မာအိနိချိရှင်ဘွန်းကို ကျမ ကျေးဇူးတင်ကြောင်း ပြောရင်း၊ ကျမ ခင်ပွန်း အထူးနှစ်သက်ခဲ့ပြီး၊ အမြဲရှင်သန်နေမယ့် ပညာအမြင်ကြောင့် ကျမကိုယ်တိုင်လည်း နှစ်သက်ရတဲ့ ကဗျာတပုဒ်က ကောက်နှုတ်ချက်ကလေးကို ကျမရဲ့ စာဖတ်ပရိသတ်တွေနဲ့ မျှဝေချင်ပါတယ်။
မနေ့ကဆိုတာ
အိပ်မက်မျှသာ၊
မနက်ဖြန်ဆိုတာ
စိတ်ထဲကပုံရိပ်အလား၊
ဒါပေမဲ့ ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား၊
မနေ့ကတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖြန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်း
ကြည့်နေသွား။
(The Salutation to the Dawn based on Vedic Hymn မှထုတ်နှုတ်သည်)
အောင်ဆန်းစုကြည်
(၁-၁-၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ ကူးယူတင်ဆက်သည်။
-----------------------------------------------------------------------------------------------------------------
No comments: