ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ

ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ(၁)
 ကုန်းဘောင်မင်းဆက်တို့၏ ဇာတော်များကို ဂြိုဟ်စီး ၊ ဂြိုဟ်မြင် ဝိသောတ္ထရီဒသာ တို့ဖြင့် ဖော်ပြပေးပါမည်။ နက္ခတ္တဗေဒ ကိုလေ့လာနေသူများနှင့် ဗဟုသုတလိုလား သူတို့အတွက် ရည်ရွယ်ပါသည် ။ (ဒေါက်တာဗိုလ်လေး၏ ကောဇာ ဂြိုဟ်စီး ၊ ဂြိုဟ်မြင် မှကူးယူဖော်ပြ ပေးပါသည်။)                                      (၁) အလောင်းမင်းတရားကြီး သက္ကရာဇ် ၁၀၇၆ခု တော်သလင်းလပြည့်ကျော် ၁ ရက် ၊ သောကြာနေ့ တစ်ချက်တီးကျော် ၊ ဓနသိဒ္ဓနက္ခတ် မွန်းတည့်မတ်ချိန် ၊ ပြိဿလဂ် ၊ ကုံစန်း ၊ သိဟ်တွင် တနင်္ဂနွေ ၊ စနေ ၊၊ ကန်တွင် ဗုဒ္ဓဟူး၊ သောကြာ ။ မိဿတွင် ကြာသပတေး ၊။ ကရကဋ်တွင် အင်္ဂါ ။ ဗြိစ္ဆာတွင် ရာဟု။ စင်နက္ခတ် ၂၄လုံး ၊ ၂ပါဒ် ၊ ဗီဇနာပြည့် ကောင်းမြတ်သော မင်္ဂလာအခါ၌ အလောင်းမင်းတရားကြီးကို ဖွားမြင်တော်မူသည် ။ (ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုဌာနစိတ်မှထုတ်ဝေသော ဇာတာတော်ပုံရာဇဝင် မှ ) ထို့ကြောင့် ခရစ်သက္ကရာဇ် ၁၇၁၄ ခု သြဂုတ်လ ၁၃ ရက် ၊သောကြာနေ့ ၂၃နာရီ ၅၉မိနစ် အချိန် တွင် ရွှေဘိုမြို့(မုဆိုးဖိုမြို့ )
(မြောက်လတ္တီကျု ၂၂ံ ၃၄’ ၊အရှေ့လောင်ဂျီကျု ၉၅ံ ၄၂’ ) ၌ ဖွားမြင်ခဲ့သော ဦးအောင်ဇေယျ ( အလောင်းမင်းတရားကြီး ) ၏ တြိစက္ကဇာတာတော် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 



မှတ်စု             

“၁၁တန့် ၊ ၉တန့် ၊ ၂ တန့် ဘာဝသခင် ဂြိုဟ်တို့အနက် စန်း မှ ကိန်းအနေအထားတွင် ရပ်တည်သောဂြိုဟ်တစ်လုံးရှိ၍ ကြာသပတေးဂြိုဟ်သည် ၂ တန့် ၊ ၅ တန့် ၊ သို့မဟုတ် ၁၁ တန့် ဘာဝသခင်ြ၈ိုဟ်ဖြစ်လျှင် ဇာတာရှင်သည် အင်ပါယာကြီးတစ်ခုလုံးကို အုပ်စိုးရသော ဧကရာဇ်ဖြစ်လိမ့်မည်။”
 (ဖလဒီပိကာ ဗေဒင်ကျမ်း )
ဦးအောင်ဇေယျ၏ ဇာတာတွင် ၉ တန့်ဘာဝသခင်ဂြိုဟ် စနေ သည် စန်းမှ ကိန်းအနေအထားတွင်ရပ်တည်၍ကြာသပတေးဂြိုဟ်သည် ၁၁ တန့်ဘဝသခင်ဂြိုဟ်ဖြစ်သဖြင့် ဇာတာရှင်သည် အင်ပါယာကြီးတစ်ခုလုံးကိုအုပ်စိုးရသော ဧကရာဇ်ဖြစ် လိမ့်မည် ဟူသောအဆိုနှင့်ကိုက်ညီနေပါသည် ။ဤဇာတာတွင် လဂ်မှ ၉ တန့် တြိကောဏဘာဝသခင်ဂြိုဟ် စနေ သည်၊ ၄ တန့် ကိန်းဘာဝသခင်ဂြိုဟ်တနင်္ဂနွေနှင့် ပူးယှဉ်သဖြင့် ရာဇယုဂ် ရပါသည် ။
နန်းတက်ချိန်
ဦးအောင်ဇေယျသည် မြန်မာသက္ကရာဇ် ၁၁၁၄ ခု ၊ နတ်တော်လပြည့်ကျော် ၁၃ရက် တနင်္ဂနွေနေ့၊
ခရစ်နှစ်(၃-၁၂-၁၇၅၂ )နေ့တွင် မင်းဖြစ်ခဲ့ပါသည်။

 ကောဇာကြာသပတေးဂြိုဟ်သည် လဂ်မှ ၁၀ တန့်ဘာဝ ကုံရာသီကို  ၉ တန့်
အပြည့်မြင်သည်။
စနေထူလ ၊ စနေအန္တရဒသာ စားစဉ်မင်းဖြစ်ခဲ့ပါသည်။
 ဤတွင်  စနေ ဂြိုဟ်သည်
(၁) ပြိဿလဂ် မှ ၉ တန့် တြိကောဏဘာဝနှင့် ၁၀ တန့် ကိန်းဘာဝသခင် ယောဂကာရကဂြိုဟ်ဖြစ်ခြင်း။

(၂) ၉ တန့် ၊ ၁၀ တန့် ဘာဝသခင်ဂြိုဟ် ၄တန့်ဘာဝ၌ ရပ်တည်သဖြင့် ရပ်တည်မှုကောင်းခြင်း။
(၃)ပြိဿလဂ်၏ ဂြိုဟ်ကောင်း တနင်္ဂနွေ ဂြိုဟ်နှင့် ပူးယှဉ်ခြင်း ။
(၄)သောမဂြိုဟ်များဖြစ်ကြသော ကြာသပတေးဂြိုဟ်နှင့် ပုဏ္ဏစန်း တို့ ၏ အမြင်ခံရခြင်း။
(၅) မိမိအိမ်ကို မိမိပြန်မြင်ခြင်း တို့ကြောင့်  စနေထူလ ၊ စနေအန္တရဒသာ တွင်        

       ဦးအောင်ဇေယျမင်းဖြစ် ခဲ့သည်မှာ ဝိသောတ္ထရီဒသာ စည်းမျဉ်းနှင့် ကိုက်ညီလှပါပေသည်။

နတ်ရွာစံချိန်
အလောင်းမင်းတရား သည် မြန်မာသက္ကရာဇ် ၁၁၂၂ ခု ၊ကဆုန်လပြည့်ကျော် ၁၂ရက် ၊တနင်္ဂနွေနေ့ ၊
ခရစ်နှစ် (11-5-1760 ) မိုးသောက်ယံအချိန် တွင် မုတ္တမကျေးလက် ၊ ကင်းရွာစခန်း၌ နတ်ရွာ စံတော်မူသည်။
 ကောဇာ စနေဂြိုဟ်သည် လဂ်မှ  ၈ တန့်ဘာဝ ဓနုရာသီကို ၁၀ တန့် အပြည့်မြင်သည် ။
စနေထူလ ၊ သောကြာ အန္တရ ဒသာစားချိန်တွင် ဖြစ်သည်။
ဤတွင် သောကြာဂြိုဟ်သည်
(၁) ၆ တန့်ဘာဝသခင်ြ၈ိုဟ်ဖြစ်ခြင်း ။
(၂)နိစ် အိမ်၌ ရပ်တည်ခြင်း ။
(၃) ) ၆ တန့်ဘာဝသခင်ြ၈ိုဟ် ၅ တန့်ဘာဝ၌ ရပ်တည်ခြင်း။
(၄) ထူလဒသာ သခင် စနေ မှ ၂တန့် ၊ ၁၂ တန့် တွင်ရပ်တည်ခြင်း။
      စသောအနေအထားမကောင်းမှုတို့ကြောင့်  စနေထူလ ၊ သောကြာအန္တရ ဒသာ စားစဉ်
    အလောင်းမင်းတရား နတ်ရွာစံ ရသည်မှာလည်း ဝိသောတ္ထရီ ဒသာစည်းမျဉ်းနှင့် ကိုက်ညီလှပါပေသည်။


မှတ်စု             
ရာထူး အတက် အကျ ဂြိုဟ်စီး ဂြိုဟ်မြင် ဥပဒေသ များ(၁) ၁ တန့်ဘာဝ ၊ ၁ တန့်ဘာဝ သခင်ဂြိုဟ် ၊ ၁၀ တန့်ဘာဝ ၊ ၁၀ တန့်ဘာဝ သခင်ဂြိုဟ်နှင့်      ရာထူး ကာရကဂြိုဟ် မူလ တနင်္ဂနွေကို ကောဇာ ကြာသပတေးဂြိုဟ်နှင့် ကောဇာသောကြာ     ဂြိုဟ်တို့ မြင်ချိန် ယှဉ်ချိန်တွင် အလုပ်ရတတ်၏ ။ရာထူးတက်တတ်၏ ။(၂) ) ၁ တန့်ဘာဝ ၊ ၁ တန့်ဘာဝ သခင်ဂြိုဟ် ၊ ၁၀ တန့်ဘာဝ ၊ ၁၀ တန့်ဘာဝ သခင်ဂြိုဟ်နှင့် ရာထူး ကာရကဂြိုဟ် မူလ တနင်္ဂနွေကို ကောဇာ စနေဂြိုဟ် ကောဇာရာဟုဂြိုဟ်နှင့် ကာဇာ အင်္ဂါ ဂြိုဟ်တို့ မြင်ချိန် ယှဉ်ချိန်တွင် အလုပ်ပြုတ်တတ်သည်။ရာထူးမှလျှောကျတတ်၏။     အငြိမ်းစားယူရတတ်သည်။
-------------------------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ(၂)
   (၂) နောင်တော်ကြီးမင်း
    ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီး တွင် အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသည် ။
“ သီရိပဝရ မဟာဓမ္မရာဇာတံဆိပ် နာမံတော်ရှိသော ဘဝရှင်မင်းတရားကြီး ဘုရားကား
သက္ကရာဇ် ၁၀၉၆ ခု ၊ ဝါခေါင်လဆန်း ၁၁ရက် ၊အင်္ဂါနေ့သို့အဝင် ညဉ့်နှစ်ချက်တီးကျော် ၊ သတ္တဗီသျှနက္ခတ်
မွန်းတည့် ၊ ပြိဿလဂ် ၊ ဓနုစန်း ၊ မေထုန်တွင် သောကြာ ၊ ကရကဋ်တွင် တနင်္ဂနွေ ၊ သိဟ်တွင် ဗုဒ္ဓဟူး၊
မိဿတွင်ရာဟု ၊ ဗြိစ္ဆာတွင် ကြာသပတေး ၊ ရာဟုတွင်စနေ ၊ မကာရတွင်အင်္ဂါ ၊ နက္ခတ် စင် ၁၈ လုံး ၊
ပါဒ် သုဉ်း ၊ ၁၁ဗီဇနာတွင် ဖွားမြင်တော်မူသည် ။”
ခရစ်သက္ကရာဇ် ၁၇၃၄ ခု ၊ ဇူလိုင်၃၀ရက် ၊ အင်္ဂါနေ့ နံနက် ၁ နာရီ ၊ ၂၅ မိနစ် အချိန်တွင် မုဆိုးဘိုမြို့၌
ဖွားမြင်သော ၊နောင်တော်ကြီးမင်း ၊ ငယ်မည် မောင်လောက် ၏ တြိစက္ကဇာတာမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
  
နန်းတက်ချိန်
အလောင်းမင်းတရားကြီး နတ်ရွာစံတော်မူလျှင် သားတော်
ဒီပယင်းမင်း(နောင်တော်ကြီးမင်း)သည်
သက္ကရာဇ် ၁၁၂၂ ခု နယုန်လပြည့်ကျော် ၉ ရက် (7 – 6 – 1760 ) စနေနေ့ တွင် ခမည်းတော်ဘုရားအရိုက်အရာဖြစ်သော ရွှေထီး ရွှေနန်းကို သိမ်းမြန်းတော်မူသည် ။
  တနင်္ဂနွေထူလ ၊ သောကြာ အန္တရဒသာ စားချိန် ဖြစ်ပါသည် ။
တနင်္ဂနွေဂြိုဟ်သည်
- ပြိဿလဂ်၏ ဂြိုဟ်ကောင်းဖြစ်ခြင်း ။
- ကြာသပတေးဂြိုဟ်၏အမြင်ခံရခြင်း ။
- သောကြာ နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ က ကြားညှပ်လွှမ်းမိုးထားခြင်း ။
တို့ကြောင့် ဂြိုဟ်ကောင်းတစ်လုံးဖြစ်သည်။
သောကြာဂြိုဟ်သည် ….
- လဂ်သခင်ဂြိုဟ် ဖြစ်ခြင်း ။
- ပုဏ္ဏစန်း ၏ အမြင်ခံရခြင်း ။
- ဥစ်နဝင်းစီးခြင်းတို့ ကြောင့် ကောင်းကျိုးပေးနိုင်၏ ။
ထို့ကြောင့်  တနင်္ဂနွေထူလ ၊ သောကြာ အန္တရဒသာ စားချိန် တွင်
နောင်တော်ကြီးမင်း နန်းတက်သည့် ဖြစ်ရပ်သည် ဒသာစည်းမျဉ်းအတိုင်းပင်ဖြစ်နေပါသည်။
              ကောဇာဂြိုဟ်စီးဂြိုဟ်မြင်
(၁) ကောဇာ ကြာသပတေးဂြိုဟ်သည် လဂ်မှ ၁၀တန့် ဘာဝကို စီးနင်းသွားပြီး ၊
လဂ်သခင် မူလသောကြာ ကို  ၅  တန့် အပြည့် မြင်၏ ။
(၂) ကောဇာသောကြာ၈ိုဟ်သည် လဂ်ကိုစီးနင်းထားသည် ။
နတ်ရွာစံချိန်
နောင်တော်ကြီးမင်းသည် သက္ကရာဇ် ၁၁၂၅ ခ
 နတ်တော်လပြည့်ကျော် ၉ ရက် (29 – 11 – 1763 ) အင်္ဂါနေ့
တွင် နတ်ရွာစံတော်မူသည် ။
တနင်္လာ ထူလ ၊အန္တရ ဒသာ စားချိန် တွင်ဖြစ်သည်။
တနင်္လာဂြိုဟ်သည်
-  ပြိဿလဂ်၏ ဂြိုဟ်ဆိုးဖြစ်ခြင်း ။
-  ၈ တန့် မရဏ ဘာဝ၌ ရပ်တည်ခြင်း ။
- ရာဟု ဂြိုဟ် သည်
- သောကြာပိုင်ရာသီ၌ ရပ်တည်၍ သောကြာသဘောဆောင်ခြင်း
- ၆ တန့် ဘာဝ၌ ရပ်တည်ခြင်း။ တို့ကြောင့်….
တနင်္လာ ထူလ ၊အန္တရ ဒသာ စားချိန် တွင် နောင်တော်ကြိးမင်နတ်ရွာစံခြင်းသည်
ဝိသောတ္ထရီ ဒသာစည်းမျဉ်းနှင့် ကိုက်ညီနေပါသည် ။
ကောဇာဂြိုဟ်စီးဂြိုဟ်မြင်
-  ကောဇာ အင်္ဂါဂြိုဟ်သည် လဂ်မှ ၈ တန့်ဘာဝ ဓနုရာသီ ကို ၄ တန့် အပြည့်မြင်၏ ။
-  ကောဇာရာဟုဂြိုဟ် သည် လဂ်မှ ၈ တန့်ဘာဝသခင် မူလ ကြာသပတေးကို ၉ တန့် အပြည့်မြင်၏။

-------------------------------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ(၃)
(၃)ဆင်ဖြူရှင်မင်း
  ကုန်းဘောင်မင်းဆက်မဟာရာဇဝင်တော်ကြီးတွင် အောက်ပါအတိုင်းမှတ်တမ်းပြုထားပါသည်။
 “သီရိပဝရသုဓမ္မ မဟာရာဇာ ဇနိန္ဒာဓိပတိ တံဆိပ် နာမံတော်ရှိသော ဆင်ဖြူရှင်မင်းတရားကြီးကား
သက္ကရာဇ် ၁၀၉၈ ခု ဝါခေါင်လဆန်း ၁၃ရက် တနင်္ဂနွေနေ့ ၊ နံနက် ၄ ချက်တီးကျော်အချိန် ၊
သိဟ်တွင် လဂ် နှင့် တနင်္ဂနွေ ၊ သောကြာ ၊ မကာရတွင် စန်းနှင့် ကြာသပတေး ၊ မိန်တွင် အင်္ဂါ ၊
က၇ကဋ်တွင် ဗုဒ္ဓဟူး ၊ ပြိဿတွင်စနေ ၊ ကန်တွင်ရာဟု ၊ နက္ခတ်စင် ၂၀လုံး ၊၂ပါဒ် ၁၂ ဗိဇနာ တွင်
ဖွားမြင်တော်မူသည် ။”
ခရစ်နှစ် ၁၇၃၆ ခု သြဂုတ် လ ၈ ရက် ၊ တနင်္ဂနွေနေ့ ၆နာရီ ၅မိနစ်တွင် မုဆိုးဘိုမြို့၌ ဖွားမြင်ခဲ့သော
ဆင်ဖြူရှင်မင်းတရားကြီး ၊ ငယ်မည် မောင်ရွ ၏ တြိစက္ကဇာတာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဇာတာကိုရှင်းလင်စွာမြင်ရန်ပုံကိုကလစ်ပါ။

နန်းတက်ချိန်
သက္ကရာဇ် ၁၁၂၅ နတ်တော်လပြည့်ကျော် ၉ ရက် အင်္ဂါနေ့တွင် နောင်တော်ကြီးမင်း နတ်ရွာစံတော်မူလျှင်
အတွင်းဝန်တို့က နောင်တော်ဘုရား နတ်ရွာစံတော်မူကြောင်းကို ညီတော် မြေဒူးမင်း သီရိဓမ္မရာဇာကို လျှောက်ထားလျှင် နတ်တော်လပြည့်ကျော်၁၀ ရက် ဗုဒ္ဓဟူးနေ့ (ခရစ်သက္ကရာဇ် ၁၇၆၃ ခု နိုဝင်ဘာ ၃၀ ရက် နံနက်နေဝန်းပေါ် တွင် နောင်တော်ဘုရားအရိုက်အရာ ရွှေထီး ရွှေနန်းကို သိမ်းမြန်း စိုးအုပ်တော်မူသည်။
 ရာဟုထူလ ၊ ဗုဒ္ဓဟူး အန္တရ ဒသာစားစဉ်ဖြစ်သည်။
ရာဟုဂြိုဟ်သည်….
- မိမိကသစ်အိမ်တွင်ရပ်တည်ခြင်း ၊
- ကြာသပတေးဂြိုဟ်၏ အမြင်ခံရခြင်း ၊
သိဟ်လဂ်၏ ယောဂ ကာရကဂြိုဟ် အင်္ဂါ၏ အမြင် ခံရခြင်း ။
ဗုဒ္ဓဟူးဂြိုဟ်သည်….
- ၂ တန့် ၊ ၁၁ တန့် ဘာဝသခင်ဖြစ်ခြင်း ၊
- ကြာသပတေးဂြိုဟ် ၏ အမြင်ခံရခြင်း ၊
- ပုဏ္ဏစန်း ၏ အမြင်ခံရခြင်း ။
တို့ကြောင့် ရာဟု ထူလ ၊  ဗုဒ္ဓဟူး အန္တရ ဒသာစား ချိန် တွင် ဆင်ဖြူရှင်နန်းတက်ရသည့် ဖြစ်ရပ်သည်
ဒသာစည်းမျဉ်းနှင့်ဆန့်ကျင်ခြင်းမရှိပါ ။
 ဂြိုဟ်စီးဂြိုဟ်မြင်
 -  ကောဇာ ကြာသပတေးဂြိုဟ်သည် လဂ် မှ ၁၀ တန့်ဘာဝ ပြိဿရာသီ ကိုစီးနင်းထားသည် ။
-  ကောဇာ သောကြာဂြိုဟ် သည် လဂ်မှ ၁၀တန့် ဘာဝ ပြိဿရာသီ ကို သမသတ်မြင်သည် ။
         နတ်ရွာစံချိန်
ဆင်ဖြူရှင် မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၈ ခု ၊ နယုန်လပြည့်ကျော် ၉ ရက်
(ခရစ်သက္ကရာဇ် ၁၇၇၆ ခု ၊ ဇွန်လ ၉ ရက် ) တနင်္ဂနွေနေ့ ညဉ့် ၄ချက်တီးကျော် (၆)မောင်းအချိန်
မိုးသောက်တွင် နတ်ပြည်စံတော်မူသည် ။
ကြာသပတေးထူလ ၊ စနေ အန္တရ ဒသာ စားချိန်ဖြစ်သည် ။
ကြာသပတေးဂြိုဟ်သည်…..
- နိစ် အိမ်တွင် ရပ်တည်ခြင်း ၊
- လဂ်မှ ၈တန့် မရဏ ဘာဝသခင်ဂြိုဟ်ဖြစ်ခြင်း ၊
- လဂ် မှ ၆ တန့်ဘာဝ၌ ရပ်တည်ခြင်း ။
စနေမဂြိုဟ် သည်…
-  သိဟ် လဂ်၏ ဂြိုဟ်ဆိုးဖြစ်ခြင်း ၊
-  သိဟ်လဂ်၏ မာရက ဂြိုဟ်ဖြစ်ခြင်း ၊
-  ရန်နဝင်းစီးခြင်း ။
တို့ကြောင့်   ကြာသပတေးထူလ ၊ စနေ အန္တရ ဒသာ စားချိန်တွင် ဆင်ဖြူရှင်မင်းနတ်ရွှာစံရခြင်းသည်
ဝိသောတ္တရီ ဒသာ စည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီနေပါသည် ။
  ဂြိုဟ်စီးဂြိုဟ်မြင်
-      ကောဇာ စနေဂြိုဟ်သည် လဂ်မှ ၈တန့်ဘာဝ ၊ မိန်ရာသီကို သမသတ်မြင်၏ ။
-     ကောဇာ ရာဟု ဂြိုဟ်သည်  လဂ်မှ ၈တန့်ဘာဝ ၊ မိန်ရာသီကို ၉ တန့် အပြည့်မြင်သည် ။
-----------------------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ(၄)
(၄) စဉ့်ကူးမင်း
  “မဟာဓမ္မရာဇာဓိရာဇာ အမည်ရှိသော စဉ့်ကူးမင်းသည် သက္ကရာဇ် ၁၁၁၈ ခု ၊ ကဆုန်လဆန်း ၁၂ ရက်
တနင်္လာနေ့နံနက် ၄ချက်တီးကျော် ၊ မိဿတွင်ဗုဒ္ဓဟူး ၊ ပြိဿတွင် တနင်္ဂနွေ ၊ မေထုန်တွင်လဂ် နှင့် သောကြာ
ကရကဋ်တွင်အင်္ဂါ ၊ သိဟ်တွင်ရာဟု ၊ ကန်တွင် စနေ နှင့် ကြာသ
ပတေး အခါတွင် ဖွားမြင်တော်မူသည် ။”
                                                                                        (ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး )
 ခရစ်သက္ကရာဇ် ၁၇၅၆ ခု၊ မေလ (၁၂)ရက်နေ့ ၊ နံနက် ၇နာရီ ၂၅ မိနစ် အချိန်တွင်မုဆိုဘိုမြို့၌ မွေးဖွားသော
စဉ့်ကူးမင်း ၊ ငယ်မည် မောင်ရဲလှ ၏ တြိစက္ကဇာတာ မှာ အောက်ပါအတိုင်းဖြစ်သည် ။





နန်းတက်ချိန်
သက္ကရာဇ် ၁၁၃၈ခု ၊ နယုန်လပြည့်ကျော် ၉ ရက် ၊ တနင်္ဂနွေနေ့ (ခရစ်သက္ကရာဇ် ၁၇၇၆ ခု ၊ဇွန်လ ၉ရက်)
တွင် မင်းအဖြစ်သို့ရောက်တော်မူသည် ။
 ရာဟုထူလ ၊ သောကြာအန္တရဒသာ စားချိန်၌ဖြစ်သည် ။
ရာဟုဂြိုဟ်သည်..
-    ကသစ်နဝင်းစီးခြင်း ၊
သောကြာဂြိုဟ် သည်..
-    မေထုန်လဂ်၏ တစ်လုံးတည်းသောဂြိုဟ်ကောင်းဖြစ်ခြင်း ၊
-    မိတ်နဝင်းစီးခြင်း ၊

တို့ကြောင့် ရာဟုထူလ ၊ သောကြာအန္တရဒသာ စားချိန် တွင် စဉ့်ကူးမင်းနန်းတက်ရသည့်ဖြစ်ရပ်
သည် ဒသာစည်းမျဉ်းနှင့် ကိုက်ညီပါသည် ။
ဂြိုဟ်စီး၊ဂြိဟ်မြင်
-    ကောဇာကြာသပတေးဂြိုဟ်သည် မူလ လဂ်ကို စီးနင်းထားသည် ။
-    ကောဇာသောကြာဂြိုဟ်သည် ရာထူး ကို ကိုယ်းစားပြုသောတနင်္ဂနွေကို စီးနင်းထားသည် ။
                      နန်းကျချိန်
၁၁၄၃ ခု ၊ တပို့တွဲလပြည့်ကျော် ၈ ရက် အင်္ဂါနေ့(5 – 2 – 1782  ) ညဉ့်သန်းခေါင်ယံ အချိန်တွင်
ဖောင်းကားစားမောင်မောင် က နန်းတော်ကို အလစ်ဝင်ရာက်သိမ်းပိုက်လိုက်သဖြင့် နန်းကျတော်မူသည် ။
 ရာဟုထူလ ၊ အင်္ဂါအန္တရ ဒသာစားချိန်ဖြစ်သည် ။
ရာဟုဂြိုဟ်သည် ..
-    သိဟ်ရာသီတွင်ရပ်တည်သဖြင့် ရာသီသခင် တနင်္ဂနွေ ၏ သဘောကိုဆောင်ခြင်း ၊
-    တနင်္ဂနွေဂြိုဟ်သည် မေထုန်လဂ်၏ ဆိုးကျိုးဖြစ်ခြင်း ၊
-    တနင်္ဂနွေဂြိုဟ်သည် လဂ်မှ ၁၂ တန့် ဗျာယဘာဝ၌ ရပ်တည်ခြင်း ။
အင်္ဂါဂြိုဟ်သည် …
-    မေထုန်လဂ်၏ ဂြိုဟ်ဆိုးဖြစ်ခြင်း ၊
-    နိစ်အိမ်၌ ရပ်တည်ခြင်း ၊
-    ထူလ ဒသာဂြိုဟ် ရာဟုမှ ၁၂တန့် ဗျာယ ဘာဝ၌ ရပ်တည်ခြင်း ။
တို့ကြောင့်  ရာဟုထူလ ၊ အင်္ဂါအန္တရ ဒသာစားစဉ် စဉ့်ကူးမင်းနန်းကျခဲ့သည်မှာ ဝိသောတ္ထရီဒသာ
     စည်းမျဉ်းနှင့် ကိုက်ညီလှပါပေသည် ။
ဂြိုဟ်စီး၊ဂြိဟ်မြင်
-    ကောဇာအင်္ဂါသည် မူလ လဂ်မှ ၁၀တန့်ဘာဝ မိန်ရာသီကို စီးနင်းထား၍ ၁၀တန့်ဘာဝသခင်ဂြိုဟ်
မူလ ကြာသပတေးကို သမသတ်မြင်သည် ။
-    ကောဇာစနေဂြိုဟ်သည် မူလ လဂ်ကို သမသတ်မြင်သည် ။

နတ်ရွာစံချိန်
၁၁၄၃ ခု ၊ တပေါင်းလဆန်း ၃ ရက် ၊ ကြာသပတေးနေ့ (16 – 3 – 1782 ) နေ့တွင် နန်းကျဘုရင် စဉ့်ကူးမင်း
သည် ပဒုံမင်း၏ ကွပ်မျက်ခြင်းခံရသည် ။ ရာဟုထူလ ၊ အင်္ဂါ အန္တရဒသာစားချိန်တွင်ဖြစ်သည် ။
---------------------------------------------------------------------------------------------------------------------
 ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ(၅)
      (၅) ဖောင်းကားစားမောင်မောင်              
 ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးတွင် ဤသို့ဖော်ပြထားသည်။“ဖောင်းကားစားမောင်မောင်ကား သက္ကရာဇ် ၁၁၂၅ ခု သီတင်းကျွတ်လဆန်း ၆ ရက် ကြာသပတေးနေ့
ဖွားသည် ။”သို့သော် မြန်မာနိုင်ငံသမိုင်း ကော်မရှင်မှ ထုတ်ဝေသည့် မြန်မာ-အင်္ဂလိပ်ပြက္ခဒိန် တွင်
 ၁၁၂၅ခု သီတင်းကျွတ်လဆန်း ၆ ရက်သည် ကြာသပတေးနေ့မဟုတ် ၊ တနင်္လာနေ့သာဖြစ်သည်။ဇာတာတော်ပုံရာဇဝင်တွင်ဖော်ပြထားသော ဖောင်းကားစားမင်း၏ ဇာတာအရ လဂ်နှင့် စန်းပူးသောနေ့မှာ၁၁၂၅ ခု သီတင်းကျွတ်လဆန်း ၂ ရက် ကြာသပတေးနေ့
(8 – 9 – 1763 ) သာဖြစ်ပါသည် ။
               
            ဇာတာတော်ပုံရာဇဝင်တွင်ဖော်ပြထားသော ဖောင်းကားစားမင်း၏ ဇာတာ

ခရစ်သက္ကရာဇ် ၁၇၆၃ ခု စက်တင်ဘာလ ၈ ရက် ကြာသပတေးနေ့ နံနက် ၈ နာရီ အချိန်တွင် မုဆိုးဘိုမြို့၌
ဖွားမြင်သော ၊ ငယ်မည် မောင်မောင် ၏တြိစက္ကဇာတာမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။





နန်းတက်ချိန်
  စဉ့်ကူးမင်းသည် နန်းတော်တွင် မကပ်ပဲ ခရီးထွက်လေ့ရှိသည် ။ဤအချက်ကိုအကွက်ကောင်းချောင်းနေ
သော  ဖောင်းကားစားမောင်မောင် သည် စဉ့်ကူးမင်းနန်းတော်တွင်မရှိခိုက် ၁၁၄၃ ခု တပို့တွဲလပြည့်ကျော်
၈ရက် အင်္ဂါနေ့ ( 5 – 2 – 1782 )  ညဉ့်သန်းကောင်ယံအချိန်တွင် နန်းတော်သို့ဝင်ပြီးလျှင် အာဏာကိုရယူ
ခဲ့ ၏ ။
အင်္ဂါထူလ ၊ ဗုဒ္ဓဟူးအန္တရဒသာ စားချိန်တွင်ဖြစ်သည် ။
ြ၈ိုဟ်စီး ဂြိုဟ်မြင်
- ကောဇာ ကြာသပတေးဂြိုဟ်သည် မူလလဂ်မှ ၁၀တန့် ဘာဝ မေထုန်ရာသီကို သမသတ်မြင်လျက်ရှိသည်။
- ကောဇာ ကြာသပတေးဂြိုဟ်သည် မူလလဂ်မှ ၁၀တန့် ဘာဝသခင်ဂြိုဟ် မူလဗုဒ္ဓဟူးဂြိုဟ်ကို ၉တန့်အပြည့်
  မြင်လျက်ရှိသည် ။
-  ကောဇာသောကြာဂြိုဟ်သည် မူလလဂ်ကို    
သမသတ်မြင်လျက်ရှိသည်။



                  နန်းကျချိန် နှင့် နတ်ရွာစံချိန်
         
 ၁၁၄၃ခု တပို့တွဲလပြည့်ကျော် ၁၄ရက် တနင်္လာနေ့
(11 – 2 – 1782 ) နေ့ ၂ချက်တီးအချိန်တွင်
 ဗဒုံမင်းသားနှင့် အဖွဲ့ကနန်းတော်ကို ဝိုင်းရံပြီးလျှင် ဖောင်းကားစားကို နန်းချပြီးလျှင် အာဏရယူလိုက်ပြန်သည်။
ဖောင်းကားစားမောင်မောင်ကိုလည်း ကွပ်မျက်လိုက်သည်။

အင်္ဂါထူလ ၊ ဗုဒ္ဓဟူးအန္တရဒသာ စားချိန်မှာပင်ဖြစ်သည် ။

အင်္ဂါဂြိုဟ်သည်…
-    ကန်လဂ်၏ဂြိုဟ်ဆိုးဖြစ်ခြင်း၊
-    ၁၂ တန့်ဗျာယဘာဝ၌ ရပ်တည်ခြင်း၊
-    ၈ တန့် မရဏဘာဝသခင်ဂြိုဟ်ဖြစ်ခြင်း။
ဗုဒ္ဓဟူးဂြိုဟ်သည်….
-    နိစ်နဝင်းစီးခြင်း ၊
-    ရာဟုဂြိုဟ်၏ အမြင်ခံရခြင်း ၊
တို့ကြောင့် အင်္ဂါထူလ ၊ ဗုဒ္ဓဟူးအန္တရဒသာ စားချိန်မှာပင် ဖောင်းကားစားမောင်မောင် နန်းကျသည့်ဖြစ်ရပ်နှင့်ကွပ်မျက်ခံရသည့်ဖြစ်ရပ် တို့သည် ဝိသောတ္ထရီဒသာ စည်းမျဉ်းနှင့်
မဆန့်ကျင် ကြောင်းတွေ့ရမည်ဖြစ်သည် ။

ြ၈ိုဟ်စီး ဂြိုဟ်မြင်
-    ကောဇာ စနေသည် မူလလဂ်မှ ၁၀တန့်ဘာဝကို သမသတ်မြင်သည် ။
-    ကောဇာစနေသည် မူလလဂ်ကို ၁၀တန့်အပြည့် မြင်လျက်ရှိ၏ ။
-    ကောဇာရာဟု ဂြိုဟ်သည် မူလလဂ်ကို သမသတ်မြင်လျက်ရှိသည် ။
---------------------------------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်တို့၏ဇာတာတော်များ(၆)
(၆) ဘိုးတော်ဘုရား
    ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင်..
“ သီရီပဝရဝိဇယ နန္ဒယသတြိဘဝနာ ဒီတျာဓိပတိပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ်နာမံတော်ရှိသော
ဆင်ဖြူများသခင် အသျှင်ဘဝရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၀၆ ခု တန်ခူးလပြည့်ကျော် ၆ ရက်
တနင်္လာနေ့ညဉ့် ၃ ချက်တီးကျော် ၅ နာရီ ၊ တွင်ဖွားမြင်တော်မူသည်။”
ခရစ်သက္ကရာဇ် ၁၇၄၅ ခု မတ်လ ၁၁ ရက် တနင်္လာနေ့နံနက် ၅ နာရီ ၊ ၃၀မိနစ် အချိန်တွင် မုဆိုးဘိုမြို့၌
ဖွားမြင်ခဲ့သော ဗဒုံမင်းခေါ် ဘိုးတော်ဘုရား ၊ ငယ်မည် မောင်ဝိုင်း ၏ တြိစက္ကဇာတာမှာ အောက်ပါအတိုင်းဖြစ်သည်။



                                                             

                                                          နန်းတက်ချိန်
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၄၃ ခု တပို့တွဲလပြည့်ကျော်၁၄ရက် တနင်္လာနေ့
(11 – 2 – 1782 ) တွင် ရတနာပူရအင်းဝရွှေနန်းကို တက်သိမ်းစိုးစံတော်မူ၍ မင်းပြုတော်မူသည် ။
သောကြာထူလ ၊ အင်္ဂါ အန္တရဒသာ စားချိန်တွင်ဖြစ်သည် ။
သောကြာဂြိုဟ်သည်….
-    ကုံလဂ်၏ ယောဂကာရကဂြိုဟ်ဖြစ်ခြင်း ။
-    ကြာသပတေး ၏ အမြင်ခံရခြင်း ။
အင်္ဂါဂြိုဟ်သည်…
-    ကုံလဂ်၏ ဂြိုဟ်ကောင်း စနေနှင့်ပူးယှဉ်ခြင်း
-    ယောဂကာရကဂြိုဟ် သောကြာက သမသတ်မြင်ခြင်း
တို့ကြောင့်  သောကြာထူလ ၊ အင်္ဂါ အန္တရဒသာ စားချိန်တွင် ဘိုးတော်ဘုရားနန်းတက်ရခြင်းဖြစ်သည် ။

                 ဂြိုဟ်စီး၊ ဂြိုဟ်မြင်
-    ကောဇာ ကြာသပတေးဂြိုဟ်သည် လဂ်မှ ၁၀တန့် ဘာဝသခင်ဂြိုဟ် မူလအင်္ဂါကို ၉တန့်       အပြည့်မြင်သည် ။

               နတ်ရွာစံချိန်
ဘိုးတော်ဘုရားသည် မင်းစည်းစိမ်ကို ရတနာပူရ အင်းဝရွှေနန်းတော်တွင် တစ်နှစ် လေးလ ၊ အမရပူရ
ရွှေနန်းတော်တွင် ၃၆နှစ် ၊ ပေါင်း ၃၇နှစ် ၄လ ပတ်လုံး မင်းအဖြစ်ဖြင့် သာသနာတော်မြတ်အစီးအပွား
ကိုယ်တော်မြတ်အစီးအပွား ၊ သားတော်စဉ် မြစ်တော်ဆက်တို့၏အစီးအပွား ၊ ပြည်သူလူထု တကာ
သတ္တဝါအပေါင်းတို့၏ အစီးအပွားကို ရွက်ဆောင်တော်မူ၍ အိမ်နိမ့် ၃၆ နှစ် ၊ ၁၀လ ၊
နန်းတော်ထက်စည်းစိမ် ၃၇နှစ် ၄လ ၊ ၁၁၈၁ ခု နယုန်လဆန်း ၁၄ရက် တနင်္ဂနွေနေ့ (6 – 6 – 1819 )
တွင် နတ်ရွာစံတော်မူသည် ။
ရာဟုထူလ ၊ ရာဟုအန္တရ ဒသာစားချိန်တွင်ဖြစ်သည် ။
ရာဟုဂြိုဟ်သည်….
-    ရာဟြု၈ိုဟ်ရပ်တည်သော မိန်ရာသီသခင် ကြာသပတေးဂြိုဟ်သည် ကုံလဂ်၏ ဂြိုဟ်ဆိုးဖြစ်သည့်
အပြင် မာရကဂြိုဟ်လည်းဖြစ်ခြင်း  တို့ကြောင့် ရာဟုထူလ ၊ ရာဟုအန္တရ ဒသာစားချိန်တွင် ဘိုးတော်ဘုရား
နတ်ရွာစံခြင်း ဖြစ်ရပ် သည် ဒသာစည်းမျဉ်းနှင့် ကိုက်ညီလှပါပေသည် ။

ဂြိုဟ်စီး၊ ဂြိုဟ်မြင်
-    ကောဇာ စနေ သည် လဂ်မှ ၈ တန့်ဘာဝ ကန်ရာသီကို သမသတ်မြင်သည် ။
-     ကောဇာ ရာဟု သည် လဂ်မှ ၈ တန့်ဘာဝ ကန်ရာသီကို သမသတ်မြင်သည် ။ 
----------------------------------------------------------------------------------------------------------------------------------

ဘကြီးတော်ဘုရား

ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးတွင် အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသည်။

 “သီရိတြိဘဝနာဒိတျာဓိပတိပရဝပဏ္ဍိတ မဟာဓမ္မရာဇာ ဓိရာဇာတံဆိပ်နာမံတော်ရှိသော
 ဘဝရှင်မင်းတရားကြီးကားသက္ကရာဇ်၁၁၄၆ခုဝါခေါင်လဆန်း၇ရက် သောကြာနေ့သို့အဝင်
ညဉ့်သုံးချက်တီးကျော် ဓနသိဒ္ဓနက္ခတ် မွန်းတည့် ၊ ပြိဿလဂ် ၊ ကန်စန်း ၊ ကရကဋ်တွင် တနင်္ဂနွေဗုဒ္ဓဟူး ၊သောကြာ ၊ သိဟ်တွင် အင်္ဂါ ၊ ဓနုတွင် စနေ ၊ ကုံတွင် ကြာသပတေး  ရာဟု၊နက္ခတ်စင် ၁၂လုံး ၊ပါဒ်သုဉ်း ၊၁၁ဗီဇနာ တွင်ဖွားမြင်တော်မူသည်။”

ခရစ်သက္ကရာဇ်၁၇၈၄-ခု ဇူလိုင်လ ၂၃ရက် သောကြာနေ့ နံနက် ၅နာရီ ၃၀မိနစ်အချိန်တွင်
အမရပူရမြို့၌ ဖွားမြင်သော ဘကြီးတော်ဘုရားငယ်မည် မောင်ဇင် ၏တြိစက္ကဇာတာမှာ
အောက်ပါအတိုင်းဖြစ်သည်။


                                                        
       နန်းတက်ချိန်
                                        
သက္ကရာဇ် ၁၁၈၁ခု နယုန်လဆန်း ၁၄ရက် ( ၆ - ၆ -၁၈၁၉)တနင်္ဂနွေနေ့တွင်ဘခမည်းတော်၏ထီးနန်းစည်းစိမ်
အရိုက်အရာကို ဆက်ခံတော်မူသည်။ ရာဟုထူလ ၊ အင်္ဂါအန္တရဒသာစားချိန်တွင်ဖြစ်သည်။
(၁) ကောဇာကြာသပတေးဂြိုဟ်သည် မူလလဂ်ကို ၅တန့်အပြည့်မြင်သည်။
(၂) ကောဇာကြာသပတေးဂြိုဟ်သည် လဂ်သခင်ဂြိုဟ်မူလသောကြာဂြိုဟ်ကို သမသတ်မြင်သည်။
(၃) ကောဇာကြာသပတေးဂြိုဟ်သည် ရာထူး၊ဂုဏ်ထူးဂြိုဟ် မူလတနင်္ဂနွေဂြိုဟ် ကိုသမတ်မြင်သည်။
                                   
                                                             နန်းကျချိန်
                                    
  သက္ကရာဇ် ၁၁၉၉ ခု ကဆုန်လပြည့်ကျော်၁၂ရက် ( ၃၀ - ၄ - ၁၈၃၇ ) တနင်္ဂနွေနေ့ ည ၄ချက်တီးကျော် ၂ မောင်းခန့်တွင် နန်းစည်းစိမ်ကို ညီတော် သာယာဝတီမင်း အား လွှဲပြောင်းပေးသည်။
စနေထူလ၊စနေအန္တရဒသာ စားချိန်တွင်ဖြစ်သည်။
(၁) ကောဇာ အင်္ဂါဂြိုဟ်သည် မူလလဂ်မှ ၁၀တန့်ဘာဝကို ၈တန့်အပြည့်မြင်သည်။
(၂) ကောဇာ အင်္ဂါဂြိုဟ်သည် လဂ်သခင် မူလသောကြာနှင့်ရာထူး ဂုဏ်ထူးဂြိုဟ်
    မူလတနင်္ဂနွေကိုစီးနင်းထားသည်။
(၃)ကောဇာစနေဂြိုဟ်သည် မူလလဂ်မှ ၁၀တန့်ဘာဝသခင်ဂြိုဟ်မူလစနေဂြိုဟ်ကို
    ၃တန့်အပြည့်မြင်၏။
(၄) ကောဇာရာဟုဂြိုဟ် သည် မူလလဂ်မှ ၁၀တန့်ဘာဝသခင်ဂြိုဟ်မူလစနေဂြိုဟ်ကို
    ၉-တန့်အပြည့်မြင်၏။
------------------------------------------------------------------------------------------------------------------------------------------------
သာယာဝတီမင်း
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသည်။

“သီရီပဝရာဒီတျာလောကာ အဓိပတိဝိဇယမဟာ ဓမ္မရာဇာ ဓိရာဇာတံဆိပ် နာမံတော်ရှိသော
မင်းတရားကြီးဘုရားကား ၁၁၄၈ ခု တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ညဉ့် ၂ ချက်တီးကျော်
၁၁ရက် ဗုဒ္ဓဟူးနေ့သို့အဝင်  ဟသဒနက္ခတ်မွန်းတည့် ၊ဓနုတွင် လဂ်နှင့်စန်း ၊ ရာဟု ၊ မကာရတွင်
အင်္ဂါ  သောကြာ  စနေ ၊ မိန်တွင် တနင်္ဂနွေ ဗုဒ္ဓဟူး ၊ မိဿတွင် ကြာသပတေး ၊နက္ခတ်စင် ၁၉ လုံး
ဥပါဒ် ၊ ၉ဗီဇနာ တွင် ဖွားမြင်တော်မူသည်။ နံတော်ဗုဒ္ဓဟူးသားတည်း။”

ခရစ်သက္ကရာဇ် ၁၇၈၇-ခု မတ်လ ၁၄ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂နာရီ ၃၀မိနစ်အချိန်တွင်
အမရပူရမြို့၌ ဖွားမြင်သော သာယာဝတီမင်း ငယ်မည် မောင်ခင် ၏တြိစက္ကဇာတာမှာ
အောက်ပါအတိုင်းဖြစ်သည်။


       နန်းတက်ချိန်





       သာယာဝတီမင်းသည် သက္ကရာဇ် ၁၁၉၉ ခု ကဆုန်လပြည့်ကျော် ၁၂ ရက် (ခရစ်နှစ် ၃၀ - ၄ -၁၈၃၇ ) တနင်္ဂနွေနေ့ တွင်မင်းအဖြစ်သို့ရောက်တော်မူသည်။

      ကြာသပတေး ထူလ ၊ စနေ အန္တရ ဒသာ စားချိန် တွင်ဖြစ်သည်။

(၁)ကောဇာကြာသပတေးသည် လဂ်မှ ၁၀တန့်ဘာဝသခင်ဂြိုဟ် မူလဗုဒ္ဓဟူးနှင့် နိုင်ငံရေးသြဇာအာဏာဂြိုဟ်

       မူလတနင်္ဂနွေကို ၉ တန့်အပြည့်မြင်သည် ။

(၂) ကောဇာသောကြာသည်လဂ်သခင်မူလကြာသပတေးကိုစီးနင်းထားသည်။

                                           
                    နတ်ရွာစံချိန်

(၁)သက္ကရာဇ် ၁၂၀၈ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်

(ခရစ်နှစ် ၁၇ - ၁၁ - ၁၈၄၆ ) 
ညဉ့် ၂ချက်တီးကျော် တစ်မောင်းခန့် အချိန် တွင် နတ်ရွာစံသည်။

    ကြာသပတေး ထူလ ၊ တနင်္လာအန္တရဒသာစားချိန်တွင်ဖြစ်သည်။

(၂) ကောဇာ အင်္ဂါဂြိုဟ်နှင့် ကောဇာရာဟုဂြိုဟ်တို့သည် လဂ်သခင်မူလ ကြာသပတေးကို သမသတ်မြင်၍ ကောဇာ စနေ သည် လဂ်သခင်ကြာသပတေးကို ၃ တန့်အပြည့်မြင်သည်။

(၃)ကောဇာရာဟု သည် လဂ်မှ ၇တန့်ဘာဝကိုလည်းကောင်း ၊
 ကောဇာစနေဂြိုဟ်သည် လဂ်မှ ၉တန့်ဘာဝကိုလည်းကောင်း မြင်ပြီး
လဂ်မှ ၈တန့် မရဏဘာဝ ကရကဋ်ရာသီကို ကြားညှပ်လွှမ်းမိုးထား၏ ။  
-------------------------------------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်ဇာတာတော်များ (၉)

ပုဂံမင်း


 ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးတွင် အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသည်။
“သီရီ သုဓမ္မ တိလောက ပဝရ မဟာရာဇာဓိရာဇာ တံဆိပ်နာမံတော်ရှိသော မင်းတရားကား
 သက္ကရာဇ် ၁၁၇၃ ခု ဝါဆိုလဆန်း ၂ ရက် သောကြာနေ့ ၊ နေ့ ၂ချက်တီးကျော်အချိန် ၊ပြိဿတွင်
ဗုဒ္ဓဟူး  ကြာသပတေး  သောကြာ ၊မေထုန်တွင် စန်း နှင့် တနင်္ဂနွေ ၊ ကန်တွင် လဂ် နှင့် ရာဟု၊
ဗြိစ္ဆာ တွင် အင်္ဂါ  စနေ၊  နက္ခတ်စင် ၅ လုံး ၊ ၂ပါ ဒ် ၊ ၁၁ ဗီဇနာ တွင် ဖွားမြင်တော်မူသည် ”

ခရစ်နှစ် ၁၈၁၁ ခု ဇွန်လ ၂၁ ရက် သောကြာနေ့  ၁၂ နာရီ ၅ မိနစ် အချိန်တွင် အမရပူရမြို့၌

ဖွားမြင်သော ပုဂံမင်း ၊ ငယ်မည် မောင်လူကလေး ၏ တြိစက္ကဇာတာမှာ အောက်ပါအတိုင်းဖြစ်သည်




နန်းတက်ချိန်





















သက္ကရာဇ် ၁၂၀၈ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် ( ၁၇ -၁၁ - ၁၈၄၆ ) အင်္ဂါနေ့


ညဉ့် ၂ ချက်တီးကျော် တစ်မောင်းခန့် အချိန်၌ သာယာဝတီမင်း နတ်ရွာစံတော်မူလျှင် သားတော်ပုဂံမင်း သည်

ခမည်းတော်မင်းတရားကြီး အရိုက်အရာတော်ဖြစ်သော အမရပူရရွှေပြည်တော်ကြီးနှင့်
      တကွ ၊တိုင်းခရိုင် နိုင်ငံအားလုံးကိုသိမ်းအုပ် စိုးစံတော်မူ၏။

(၁) စနေ ထူလ ၊ သောကြာ အန္တရ ဒသာစားချိန်တွင်ဖြစ်သည်။

(၂) ကောဇာ ကြာသပတေးဂြိုဟ်သည် မူလလဂ်မှ ၁၀ တန့် ဘာဝသခင်ဂြိုဟ်     မူလ ဗုဒ္ဓဟူး    

     ကိုစီးနင်းထားသည်။

(၃) ကောဇာ ကြာသပတေးဂြိုဟ်သည် မူလလဂ်ကို ၅ တန့် အပြည့်မြင်သည်။

  နန်းကျချိန်




 











  

သက္ကရာဇ် ၁၂၁၄ ခု တပေါင်းလဆန်း ၁၁ ရက် ကြာသပတေးနေ့ ( ၁၇ - ၂ - ၁၈၅၃ )

   နံနက် ၁ ချက်တီး အချိန်တွင် ရွှေနန်းထက်မှ ဆင်းရသည်။

(၁) စနေထူလ ၊ ရာဟု အန္တရ ဒသာ စားချိန်တွင်ဖြစ်သည်။
(၂) ကောဇာ အင်္ဂါဂြိုဟ် သည် မူလလဂ်ကို သမသတ်မြင်သည် ။
(၃) ကောဇာ အင်္ဂါဂြိုဟ် သည် မူလလဂ် မှ ၁၀တန့်ဘာဝသခင်ဂြိုဟ် မူလ ဗုဒ္ဓဟူးကို
     ၄ တန့်အပြည့်  မြင်၏။
(၄) ကောဇာ စနေ သည် လဂ်မှ ၁၀တန့်ဘာဝ နှင့် ရာထူး ဂုဏ်ထူးကာရကဂြိုဟ် မူလ တနင်္ဂနွေ
     ကို ၃ တန့် အပြည့်မြင်၏။
(၅) ကောဇာ ရာဟု သည် ၁၀ တန့်ဘာဝ နှင့် မူလ တနင်္ဂနွေကို စီးနင်းထားသည်။
-------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်ဇာတာတော်များ (၁၀)
     မင်းတုန်းမင်း

    ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး(တတိယတွဲ) တွင်အောက်ပါအတိုင်းဖော်ပြထားပါသည်။

    “ သီရိပဝဂ ဇယာဝုန္တယသပဏ္ဍိတ တြိဘဝနာဒိတျာဓိပဓိမဟာဓမ္မရာဇာ ဓိရာဇာတံဆိပ် နာမံ

ခံတော်မူသော ဆင်ဖြူများရှင် ပဉ္စမ သင်္ဂါယနာတင် အသျှင်ဘဝရှင်မင်းတရားကြီးကား


သက္ကရာဇ် ၁၁၇၆ ခု ဝါဆိုလပြည့်ကျော် ၄ ရက်  အင်္ဂါနေ့ ၂ ချက် တီးကျော် သုံးနာရီ  ၂ပါဒ် ၇ဗီဇနာ


အချိန် တွင် တူတွင်လဂ် ၊ မအာရ တွင်စန်း ပြိဿတွင် သောကြာ ၊ မေထုန်တွင် တနင်္ဂနွေ ၊


ကရကဋ်တွင် အင်္ဂါ ၊ဗုဒ္ဓဟူး ၊ရာဟု ၊ သိဟ် တွင် ကြာသပတေး ၊ မကာရတွင် စနေ ၊


နက္ခတ်စင် ၂၁ လုံး ၊၃ ပါဒ် ၊၁၁ ဃဋီ ၊ ဝရစုတ် ကြိုက်လျက် ဖွားမြင်တော် မူသည် ။”

ခရစ်နှစ် ၁၈၁၄ ခု ဇူလိုင်လ ၅ ရက် အင်္ဂါနေ့  ၁၄နာရီ ၄၀ မိနစ် အချိန်တွင် အမရပူရမြို့၌
ဖွားမြင်သော မင်းတုန်းမင်း ၊ ငယ်မည် မောင်လွင် ၏ တြိစက္ကဇာတာမှာ အောက်ပါအတိုင်းဖြစ်သည်။

နန်းတက်ချိန်

















   သက္ကရာဇ် ၁၂၁၄ ခု တပေါင်းလဆန်း ၁၁ ရက် ( ၁၇ - ၂ - ၁၈၅၃ ) ကြာသပတေးနေ့ တွင် အမရပူရ


ရွှေနန်းကို သိမ်းမြန်းအောင်မြင်၍ မင်းပြုတော်မူသည်။

(၁) ကြာသပတေး ထူလ ၊တနင်္လာအန္တရ ဒသာစားချိန်တွင်ဖြစ်သည်။

(၂)ကောဇာကြာသပတေးဂြိုဟ်သည် လဂ်မှ ၁၀ တန့် ဘာဝ ကရကဋ်ရာသီကို
   
 ၉ တန့်အပြည့်မြင်သည်။

(၃) ကောဇာသောကြာဂြိုဟ်သည် လဂ်မှ ၁၀ တန့် ဘာဝ ကရကဋ်ရာသီကိုသမသတ်မြင်သည်။

(၄) ကောဇာကြာသပတေးဂြိုဟ်သည် လဂ်သခင် မူလသောကြာ ကို သမသတ် မြင်သည်။

    နတ်ရွာစံချိန်



















သက္ကရာဇ် ၁၂၄၀ ခု ၊သိတင်းကျွတ်လဆန်း ၆ ရက် ( ၁ - ၁၀ -  ၁၈၇၈ ) အင်္ဂါနေ့ ၊နေ့ ၂ ချက်တီးကျော်

      ၆ မောင်း ခန့် တွင် နတ်ရွာစံသည် ။

(၁) ဗုဒ္ဓဟူးထူလ ၊ဗုဒ္ဓဟူး အန္တရဒသာ စားချိန်တွင်ဖြစ်သည်။

(၂) ကောဇာစနေဂြိုဟ်သည် လဂ် မှ ၈တန့် ဘာဝ ၊ ၈တန့် ဘာဝ သခင်ဂြိုဟ် သောကြာကို ၃

     တန့်အပြည့်မြင်သည်။

(၃) ကောဇာ ရာဟုဂြိုဟ်သည် လဂ်မှ ၈ တန့်ဘာဝ ၊ ၊ ၈တန့် ဘာဝ သခင်ဂြိုဟ် သောကြာကို ၅

     တန့်အပြည့်မြင်သည်။
-------------------------------------------------------------------------------------------------------------------
ကုန်းဘောင်မင်းဆက်ဇာတာတော်များ (၁၁)

သီပေါမင်း

ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး(တတိယတွဲ) တွင်အောက်ပါအတိုင်းဖော်ပြထားပါသည်။

“ သီရိပဝရ ဝိဇယာ နန္တယသတိလောကာ ဓိပတိပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာတံဆိပ် နာမံတော်ရှိသော
မာရ်အောင်ရတနာ စေတီတော် ဒါယကာ အသျှင်ဘဝရှင်မင်းတရားကြီးဘုရား အကြောင်းတော်ကား
၁၂၂၁ ခုနှစ် နတ်တော်လပြည့်ကျော် ၁၂ ရက် စနေနေ့ နံနက် ၄ ချက်တီးကျော် ပြိဿ တွင် ကြာသပတေး
ကရကဋ်တွင် စနေ ၊ ဗြိစ္ဆာတွင် စန်း နှင့် သောကြာ ၊ဓနုတွင် လဂ် ၊တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ ကုံ တွင် အင်္ဂါ ၊ရာဟု၊
စင်နက္ခတ် ၁၆ လုံး ၊ ၃ ပါဒ် ၊ ၁၀ ဗီဇနာ ၊ စိတြနက္ခတ် မွန်းမတ်အချိန် ဖွားမြင်တော်မူသည်။”

ခရစ်နှစ် ၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် စနေနေ့ နံနက်  ၇ နာရီ ၁၅ မိနစ် အချိန် တွင် မန္တလေး ရတနာပုံ ၌
ဖွားမြင်သော သီပေါမင်း ၊ငယ်မည် မောင်မျိုးဆက် ၏ တြိစက္ကဇာတာ မှာ အောက်ပါအတိုင်းဖြစ်သည်။





နန်းတက်ချိန်
















သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၁၄ ရက် ( ၈ - ၁၀ - ၁၈၇၈ )နေ့  နံနက် ၄ ချက်တီး အချိန်


နန်းတက်သည်။

(၁) ဗုဒ္ဓဟူးထူလ ၊စနေ အန္တရဒသာစားချိန်တွင်ဖြစ်သည်။

(၂) ကောဇာကြာသပတေးဂြိုဟ်သည် လဂ်မှ ၁၀တန့် ဘာဝ ကန်ရာသီကို  ၉ တန့်အပြည့်မြင်၍   

       လဂ်သခင်ဂြိုဟ်  မူလကြာသပတေးကို ၅တန့်အပြည့်မြင်သည်။

(၃) ကောဇာသောကြာဂြိုဟ်သည် လဂ်မှ ၁၀တန့် ဘာဝ ကန်ရာသီကို  စီးနင်းထားသည်။



နန်းကျချိန်






















သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် ( ၂၉ - ၁၁ - ၁၈၈၅ ) တနင်္ဂနွေနေ့ ၃


ချက်တီးအချိန်တွင် သီပေါမင်းနန်းကျသည် ။

(၁) ကိတ် ထူလ ၊ စနေ အန္တရ ဒသာစားချိန်တွင်ဖြစ်သည်။

(၂) ကောဇာ စနေဂြိုဟ်သည် လဂ်နှင့် ရာထူးဂြိုဟ် မူလတနင်္ဂနွေကို သမသတ်မြင်သည်။

(၃)  ကောဇာ ရာဟုဂြိုဟ်သည် လဂ်နှင့် ရာထူးဂြိုဟ် မူလတနင်္ဂနွေကို စီးနင်းထားသည်။





 


No comments: