Tuesday, May 4, 2010

သူ


သူ ......အနိမ့်ကျဆုံးသော
ကုသိုလ်အလုပ်လုပ်ရင်း

အမြင့်မြတ်ဆုံးသော စိတ်ထားမွေးမြူသူ

သူ
......လူဖြစ်ရတဲ့ တန်ဖိုးကို

တန်ဖိုးရှိတဲ့ လူအဖြစ်ပြခဲ့သူ

သူ
......အယူအမှားတွေ ဖျောက်တဲ့

လူသားဆန်သူ တယောက်ဖြစ်ခဲ့သူ

သူ
......ရုပ်ရှင်အလုပ်ကို စွန့်ပြီး

ရုပ်သေတွေအတွက် ရှင်သန်နေသူ

သူ
......သူ့အနုပညာကို ခုတုံးလုပ်ပြီး

အများ ဝေဒနာကို ဖြေသိမ့်ေ...ပးနေသူ

သူ
......တစ်ရံအခါက ရွှေစင်ရုပ်ကို

စဏ္ဍာလ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လဲလှယ်ခဲ့သူ

သူ
......လူသေတွေအတွက် ခရီးဆက်ရင်း

နာမည် မသေမဲ့ သူ
သူ
......သစ္စာတရားကို လူသေတွေမှာရှာပြီး

မေတ္တာတရားကို လူရှင်တွေကိုဝေငှသူ

သူ
.....ဝါးလုံးတွေများတဲ့ မှော်ရုံတောမှာ

မနိုင်ဝန်ထမ်းနေတဲ့
ကောက်ရိုးတမျှင်ဖြစ်ခဲ့သူ

သူ .....အများနဲ့ တယောက်အဖြစ်က

အများအတွက်
တယောက်ထွန်းတောက်ခဲ့တဲ့

ကြယ်တပွင့်လင်းလက်ခဲ့ပါသည်.......။

မောင်ရင်ငဇေ

(သရုပ်ဖော်
ပန်းချီ မင်းကျော်ခိုင်)


No comments: