Saturday, September 15, 2012

နတ်သျှင်နောင် ၏ အတ္ထုပ္ပတ္တိ


  သန်လျင်မြို့တွင်တွေ့ရသော ၁၇ရာစု အတွင်းက တည်ဆောက်ထားသည့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း (Church)တကျောင်း။ သန်လျင်မြို့သည် မြန်မာနိုင်ငံ၌ ခရစ်ယာန် သာသနာ ကို ပေါ်တူဂီများနှင့်အတူ အစောဆုံးရောက်ရှိသောဒေသဖြစ်သည်။ မြန်မာ့သမိုင်းတွင်ကျော်ကြားသော စာဆိုစစ်ဘုရင် နတ်သျှင်နောင် သည် မြန်မာနိုင်ငံသားများထဲတွင် ခရစ်ယာန် ဘာသာကို အစောဆုံးသက်ဝင်ယုံကြည်သူတဦးဖြစ်သည်။(ကရင် အမျိုးသား ဦးနော သည် အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှဖြစ်သည်။ ဤနေရာတွင် ဆက်စပ်၍ နတ်သျှင်နောင် ၏ အတ္ထုပ္ပတ္တိ ကိုတင်ပြပေးပါ့မည်။
တုကဗျာဖွဲ့ဆိုမှုတွင် တံခွန်စိုက်ဖြစ်သော တောင်ငူဘုရင် နတ်သျှင်နောင် မင်းသားသည် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး၏ မြေးတော်ဖြစ်၍ သက္ကရာဇ် ၉၄၆-ခုနှစ်တွင် တောင်ငူနန်းကို စိုးစံတော်မူသော ရွှေနန်းတည်မင်း ခေါ် မင်းရဲ သီဟသူ၏ သားတော်ကြီး ဖြစ်လေသည်။ နတ်သျှင်နောင်သည် မင်းသားငယ်ဘဝကပင် ဆင်စီး၊ မြင်းစီး၊ ထားခုတ်၊ လှံထိုး အမျိုးမျိုး တတ်မြောက်တော်မူသဖြင့် လက်ရုံးရည်ဖြင့် အမှုတော်ထမ်းရာတွင် များစွာထင်ရှားကျော်စောလှသော မင်းသားဖြစ်သည်။ လက်ရုံးရည်ဖြင့် အမှုတော်ထမ်းရာတွင် များစွာထင်ရှားကျော်စောလှသော မင်းသားဖြစ်သည်သာမက ခမည်းတော် ရွှေနန်း တည်မင်း အားကိုးအားထားရာ ညာလက်ရုံးတဖက်လည်း ဖြစ်လေသည်။ ထိုမင်းသား၏ လက်ရုံးရည်ကို ယုံကြည်ကိုးစား တော်မူသဖြင့် ဟံသာဝတီဘုရင် ငါးဆူဒါယကာမင်းသည် နတ်သျှင်နောင်အား များစွာ မြှောက်စားတော်မူပြီးလျှင် သက္ကရာဇ် ၉၄၉-ခုနှစ်အတွင်း ကိုယ်တော်တိုင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်တော်မူရာ၌လည်း နတ်သျှင်နောင်အား တောင်ငူတပ် တွင် တပ်မှူးခန့်၍ ထည့်တော်မူသည်။ နတ်သျှင်နောင် ကြီးမှူးသော တောင်ငူတပ်သည် ယိုးဒယားမင်း ဗြဲနရာဇ်၏ တပ်မတော်နှင့် တရောမိုင်းတက် အင်းတော်အရပ်တွင် တွေ့ကြ၍ နတ်သျှင်နောင်တို့က အရေးသာကြကြောင်း ငါးဆူ ဒါယကာမင်း ကြားသိရလျှင် များစွာအားရတော်မူ၍ ဆုလာဘ်များစွာ ပေးသနားတော်မူသည်။
နတ်သျှင်နောင် မင်းသား၏ ခမည်းတော် မင်းရဲသီဟသူသည် သက္ကရာဇ် ၉၆၄-ခုနှစ် နတ်တော်လတွင် တောင်ငူရွှေနန်းကို အသစ်ထပ်မံ ဘန်ဆင်းတော်မူ၍ တောင်ငူဘုရင်ဟူသောအမည်ဖြင့် စိုးစံတော်မူသည်။ ရွှေနန်းတည်သည်ကို အစွဲပြု၍ လည်း ရွှေနန်းတည်မင်းဟု ခေါ်သည်။ အထွတ်အမြတ်သို့ရောက်သည့်အခါတွင် သားတော်ကြီး နတ်သျှင်နောင်မင်းသားကို မဟာဥပရာဇာ ဟူသော အမည်ဖြင့် အိမ်ရှေ့နှင်းတော်မူ၍ ဇင်းမယ်ဘုရင်နှမတော် ရာဇဓာတုကလျာနှင့်လည်း စုံဘက် တော်မူသည်။
နတ်သျှင်နောင်သည ်စောင်းညှင်း တီးမှုတ်မှု၌ လိမ္မာလှသည့်ပြင် ကဗျာဖွဲ့ဆိုသီကုံးမှု၌လည်း ဝါသနာထုံသည်။
မြန်မာပြည်၌ အထွတ်အမြတ်သို့ရောက်တော်မူကြသော မင်းအပေါင်းတို့အနက် နတ်သျှင်နောင်သည် ကဗျာလင်္ကာဖွဲ့ဆိုမှု၌ ကျွမ်းကျင်လိမ္မာသော ဘုရင်စာဆိုတဦးဖြစ်သည်။ ထိုမင်း၏ကဗျာများသည် များစွာနူးညံ့သိမ်မွေ့နက်နဲလှ၍ သြဇဂုဏ် လည်း မြောက်လှပေသည်။ ကဗျာသီကုံးဖွဲ့နွဲ့မှုတွင် သိမ်မွေ့နက်နဲသော ဉာဏ်ဖြင့် ဆန်းပြားစွာ ဖွဲ့တတ်သည်နှင့်အမျှ အရာရာ၌ပင် လွန်စွာဆန်းပြားတတ်သော ဉာဏ်ပရိယာယ်ကိုသုံးစွဲလွန်းလှ၍ တခါတရံ အမှောက်အမှားနှင့် တွေ့ကြုံတော် မူရ ရှာလေသည်။ မင်းသားသည် ငယ်စဉ်ကပင် ဇင်းမယ်ဘုရင်နှမတော် ရာဇဓာတုကလျာမင်းသ္မီးနှင့် ရည်ငံရင်းရှိသည့် အတိုင်း ကဗျာဖွဲ့ဆိုရာ၌လည်း ထိုမင်းသ္မီးကို ရည်ရွယ်ဖွဲ့ဆိုသည်သာ များသည်။
နတ်သျှင်နောင်မင်းသားသည် သက္ကရာဇ် ၉၇၀-ခုနှစ် ဝါခေါင်လပြည့်ကျော် ၆-ရက် သောကြာနေ့တွင် ဘခင်၏အရိုက်အရာ ဖြစ်သော ရွှေထီးရွှေနန်းကို စိုးစံတော်မူသည်။ ထိုနှစ်တွင်ပင် အဝမင်းပြည်သော အနောက်ဘက်လွန် မင်းတရားသည် တောင်ငူသို့ ချီတက်တိုက်ခိုက်တော်မူလေသည်။ တောင်ငူဘုရင် နတ်သျှင်နောင်သည် စစ်သည်အလုံးအရင်း အင်အား ရှိသမျှနှင့် ခံတော်မူသည်။ တောင်ငူမြို့ကို ရန်သူ အဝမင်း၏တပ်တော်များက ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် မြို့တွင်းသားတို့ အစာရေစာ ငတ်မွတ်ခေါင်းပါးကြသည်နှင့် တောင်ငူမြို့ ပြာဿာဒ်ကျောင်းဆရာတော်နှင့် ညီတော် မင်းသားများကပါ အညံ့ခံမှ သင့်မည်ထင်ကြောင်းနှင့် နောင်တော် တောင်ငူဘုရင်ကို လျှောက်တင်ကြပါသော်လည်း ပဋ္ဌမသော် တောင်ငူ ဘုရင်က တင်းမာလျက်ပင် ရှိနေသေးသည်။ နောက်မှ အားမတန် မာန်လျော့၍ အညံ့ခံပြီးလျှင် မြို့တော်ကိုအပ်ရသည်။ အနောက်ဘက်လွန်မင်းသည် တောင်ငူကို အလိုပြည့်သော် မင်းညီမင်းသားများနှင့်တကွ မှူးမတ်သေနာပတိတို့အား သစ္စာ တော်ပေးသည်။ တောင်ငူဘုရင်ကိုလည်း သစ္စာတော်ပေး၍ တောင်ငူနန်းကို မှန်ကင်းချပြီးလျှင် လက်အောက်ဘုရင်ခံငယ် အဖြစ် စိုးမိုးစေရန် မြို့ကို အပ်နှင်းတော်မူသည်။
အနောက်ဘက်လွန်မင်းတရားကြီးသည် အရေးတော်ပြီး၍ နေပြည်တော်သို့ ပြန်တော်မူလျှင် တောင်ငူဘုရင်က စောင်းတတ်၊ ညှင်းတတ်သူတို့အားလက်ဆောင်အဖြစ်ဖြင့်ပေးလိုက်သည်။ (ဤသည်တွင် ရဝေရှင်ထွေး၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို တို့သည် ဟံသာဝတီသို့ လိုက်ပါသွားကြရကုန်သည်ဟု ဆိုသည်)။ ဘိုးတော် ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားကြီး လက်ထက်တော်တွင် သိန်းဃိုဠ်ကျွန်းမှ ရောက်သော သပိတ်တော် စွယ်တော်မြတ်တို့ကို ၉၆၁-ခုနှစ် ငါးဆူဒါယကာနှင့် တောင်ငူဘုရင်တို့ အရေးတော်ပြီးကြလျှင် တောင်ငူ ကေတုမတီသို့ ဆောင်ယူ၍ လွှတ်တော်ရှေ့တွင် ရွှေပြဿာဒ်နှင့် တင်ထားကိုးကွယ်လျက် ရှိသည်ကိုလည်း ရတနာပြဿာဒ်တွင် တင်၍ နေပြည်တော်သို့ အနောက်ဘက်လွန်မင်း ပင့်ဆောင် သွားလေသည်။နတ်သျှင်နောင်သည် သံလျင်စား ကုလားငဇင်ကာနှင့် ဆက်သွယ်ခြင်း

တောင်ငူဘုရင် နတ်သျှင်နောင်သည် အိမ်ရှေ့မင်းအဖြစ်နှင့်ရှိစဉ်ကပင် မိမိချစ်လှစွာသော မိဖုရား ရာဇဓာတုကလျာ အနိစ္စ ရောက်သဖြင့် စိတ်လက်မချမ်းသာရှိနေရာ ယခုတဘန် ဟံသာဝတီမင်း၏ လက်အောက်ဘုရင်ခံငယ်အဖြစ်နေရသည်တွင် ပိုမို၍ စိတ်ဝေဒနာခံစားရရှာသည်။ ထို့ပြင် မိမိကိုယ်တိုင်ကပင်လည်း လက်ရုံးအားကိုးသူဖြစ်သဖြင့် အနောက်ဘက်လွန်မင်း ကို လက်စားချေ၍ အင်းဝရွှေနန်းကိုပင် သိမ်းမြန်းလိုသည့်ဆန္ဒ ပြင်းပြဟန်တူသည်။ အင်းဝရွှေနန်းကို ကြံစည်ရန်ကား မလွယ်ကူလှပေ။ ထို့ကြောင့် သံလျင်မြို့စား ကုလားငဇင်ကာနှင့် ပူးပေါင်းကြံစည်ရသော် သင့်မည်ဟု အယူတော်ရှိတော်မူ သည်။ သံလျင်မြို့စားသည် လက်နက်အင်အား၌ ကြွယ်ဝသည်ကို သိတော်မူသည့်အတိုင်း ထိုမြို့စားကုလားအား မိမိနိုင်ငံ တော်သို့ လာရောက်၍ မိမိကို သံလျင်သို့ ခေါ်ဆောင်ယူပါရန် စာသုဝဏ် လျှို့ဝှက်စွာ ရေးပြီးလျှင် ကြက်ရိုးပင်စားကို စေတမန်ပြု၍ သံလျင်သို့လွှတ်သည်။ ထိုသို့ လျှို့ဝှက်စွာ ကြံစည်ချက်ကို ဘထွေးတော်နှင့် ညီတော်များပင်လျှင် မရိပ်မိ မသိရှိကြချေ။
ကုလားငဇင်ကာကလည်း “ကောင်းပါပြီ၊ ကျွန်ုပ်တွင် ယခုအင်အားနည်းသည့်အခိုက် ဖြစ်ပါသည်။ ဂိုဝါစစ်ဘုရင်ထံသို့ စေလွှတ်၍ သင်္ဘောလူသူတောင်းပါမည်။ အမှုရှိလျှင်လည်း တတ်နိုင်သမျှ ကူညီပါမည်” ဟု စာပြန်သည်။
ထိုနောက် များမကြာမီ နတ်သျှင်နောင်ထံမှ ပေါတုဂီ (ပေါ်တူဂီ) ဗိုလ်မှူးငဇင်ကာအား အထက် ကတိရှိသည့်အတိုင်း အကူ အညီ လာစေချင်ကြောင်း စာရောက်လာပြန်သဖြင့် ငဇင်ကာသည် ကုလားဖြူ၊ ကပ္ပလီ၊ အမြောက်၊ သေနတ် အပြည့်အစုံ နှင့် ဇွင်ဒေကရသီယာ ကို ကြီးကြပ်စေပြီးလျှင် တောင်ငူသို့ ချီတက်စေသည်။

ဇွင်ဒေကရသီယာ၏ တပ်သည် တောင်ငူသို့ ချီတက်လာခြင်း

သက္ကရာဇ် ၉၇၄-ခုနှစ် ဝါခေါင်လတွင် သံလျင်စား ပေါ်တူဂီဗိုလ်မှူး ကုလားငဇင်ကာက လွှတ်လိုက်သော ဇွင်ဒေကရသီယာ ၏ တပ်သည် ရေကြောင်းချီတက်၍ လာသည်။ ကုလားတို့နှင့် ပူးပေါင်း၍ မုတ္တမစား စောဗညားဒလလည်း ကြည်းကြောင်း ချီတက်၍ လာသည်။ ထိုအခိုက် ကျောက်မော်တွင် တပ်ချ၍နေသော မင်းရဲကျော်စွာသည် ကုလားများတက်လာသည်ကို ရုတ်တရက်ဖြစ်သဖြင့် မသိရဘဲ အမြောက်စိန်ပြောင်းသံကို တချက်ကြားရမှ ဗိုလ်ချုပ် ဗိုလ်မှူးများကို ဆင့်ခေါ်စီရင်၍ ခုခံတိုက်ခိုက်လေသည်။ သို့ ခုခံတိုက်ခိုက်ပါသော်လည်း မင်းရဲကျော်စွာတို့အရေးနိမ့်၍ ထိုစစ်ပွဲတွင် မင်းရဲကျော်စွာ ဆင်ထက်မှ ကျည်သင့်၍ ကျဆုံးသည်။
ထိုနောက် ကုလားငဇင်ကာက လွှတ်လိုက်သော ဇွင်ဒေကရသီယာ၏ တပ်သည် တောင်ငူမြို့တွင်းသို့ တောင်မျက်နှာမှ ဝင် ၍ မြို့ကိုသိမ်းယူပြီးလျှင် နတ်သျှင်နောင်မင်းသားကိုလည်း မိဖုရားနှစ်ပါး၊ အခြွေအရံများနှင့်တကွ သံလျင်သို့ ခေါ်ဆောင် သွားသည်။
တောင်ငူကို ကုလားများ ချီတက်တိုက်ခိုက်ကြောင်း အနောက်ဘက်လွန်မင်းတရားကြီး ကြားသိတော်မူလေသော် မိမိ၏ လက်အောက်နိုင်ငံတော်ကို ဖျက်ဆီးရမည်လောဟု အမျက်တော်ရှိ၍ ချက်ခြင်းပင် စစ်နှစ်ဘက်ညှပ်ကာ တောင်ငူကြောင်း ချီစေသည်။ လွှတ်လိုက်သော စစ်တပ်တော်သည် ရမည်းသင်းအရပ်တိုင်အောင် ရောက်လာ၍ တောင်ငူကို ကုလားများ သိမး်ယူပြီးသည်သာမက နတ်သျှင်နောင်ကိုပါ သံလျင်သို့ ခေါ်ဆောင်သွားပြီဟု ကြားသိရလျှင် မင်းတရားကြီးသည် များစွာ စိတ်မချမ်းမသာ ဖြစ်တော်မူပြီး တပ်တော်ကို ပြန်ခေါ်တော်မူသည်။ ထိုနှစ်တွင်ပင် ကုလားငဇင်ကာ၏ လက်နက်နိုင်ငံဖြစ် သော သံလျင်မြို့ကို ချီတက်တိုက်ခိုက်စေတော်မူသည်။
တောင်ငူမင်း သံလျင်သို့ ဆိုက်ရောက်လာလျှင် ငဇင်ကာက ရဲမက်ဗိုလ်ပါ အခင်းအကျင်း အတီးအမှုတ်ဖြင့် ဧည့်ခံဆီးကြို သည်။ တွေ့ဆုံကြလျှင် တောင်ငူမင်းက ငဇင်ကာ၏လက်ကို ကိုင်ဆွဲ၍ မိန့်တော်မူသည်မှာ … “ငါသည် ဆွေမျိုးရင်းချာများ ကို ပစ်ခွာ၍ ပေါ်တူဂီဗိုလ်မှူးထံ ရောက်လာသည်မှာ ဆွေမျိုးရင်းချာမက ယုံကြည်ထင်မှတ်၍ ရောက်လာခြင်းဖြစ်သည်။ ကတိသစ္စာ ရှိသည့်အတိုင်း မြဲမြံတော်တည့်မှန်ကန်စွာ ဆီးခံလုပ်ကြံရမည်”။
ငဇင်ကာကလည်း “မည်သို့မျှ မကြောင့်ကြပါနှင့်၊ ကြိုးစားအားထုတ်၍ ကျွန်တော်၏အသက်နှင့်ကိုယ် တည်နေသမျှ ကာလ ပတ်လုံး စွန့်စားတွန်းလှန်ပါမည်” ဆိုလျှင် တောင်ငူမင်းက ရတနာကျောက်ကောင်း တင်သည့် ရွှေလက်စွပ် အပြည့်ထည့် ထားသော ရွှေအစ်တလုံးကို ပေါ်တူဂီဗိုလ်မှူးငဇင်ကာသို့ ပေးသည်။ ငဇင်ကာက မယူ ငြင်းဆန်ပြီးလျှင် တောင်ငူကို အလို တော်ပြည့်မှ သနားတော်မူသည့် ဆုကို လက်ခံပါမည် ဟု လျှောက်ကြားသည်။

သံလျင်စစ်ပွဲ

သက္ကရာဇ် ၉၇၄-ခု၊ ပြာသိုလဆန်း ၄-ရက်၊ တနင်းလာနေ့တွင် အနောက်ဘက်လွန်မင်းသည် သံလျင်သို့ ကြည်းကြောင်း၊ ရေကြောင်း စစ်သည်တော်များစွာနှင့် ချီတက်ရောက်လာသည်။ သံလျင်မြို့ အထားအနေကောင်း၍ အတွင်းမှ အမြောက် စိန်ပြောင်းတို့ဖြင့်ပစ်ခတ်ရာတွင် မြန်မာတပ်သားတို့ အသေအပျောက်များရကား တပ်ကို နောက်ဆုတ် ပြီးလျှင် သံလျင်ကိ်ု ဘေးပတ်လည်မှ ဝိုင်းရံထားသည်။ ဤသို့ အစာရေစာ မသွင်းနိုင်အောင် ပိတ်ဆို့ထားသည်မှာ ၂-လ ကျော် ကြာမြင့်သည်။ သံလျင်မြို့တွင်းမှ ငဇင်ကာ၏တပ်သားတို့ ရံဖန်ရံခါ ထွက်၍တိုက်သည်။ ငဇင်ကာလည်း ကိုယ်တိုင် ထွက်၍တိုက်မှ အရေးသာမည်ကို ယုံကြည်သဖြင့် ကိုယ်တိုင် ကွပ်ကဲအုပ်ချုပ်၍ ထွက်တော်မူလျှင် နတ်သျှင်နောင်က “ဓမ္မ ရာဇာသည် ငါ့ဆွေမျိုးပင်ဖြစ်သည်။ ဆွေမျိုးလက်အောက်မခံလို၍ ဗိုလ်မှူးထံရောက်သည်။ သေတူရှင်ဘက် ဗိုလ်မှူး ထွက်ရာ ငါလည်း ထွက်၍လိုက်မည်၊ တိုက်မည်” ဟု မိန့်ဆိုတော်မူပြီးလျှင် ငဇင်ကာနှင့်အတူ ထွက်တိုက်တော်မူသည်။
နောက်တနေ့တွင် မင်းမဟာဓမ္မရာဇာတပ်က အမတ်တယောက်ကို သံပြု၍ ဆင်တစီးနှင့် သံလျင်သို့လွှတ်လိုက်သည်။ မဟာဓမ္မရာဇာက ပေးလိုက်သော စာသုဝဏ်ကို ဘတ်စေရာတွင် …
”ပေါ်တူဂီအမျိုးသားနှင့်ငါတို့သည် ရန်စစ်ရန်စ ရှိကြသည်မဟုတ်၊ ငါ့ရန်သူဖြစ်သော တောင်ငူမင်းကို သိမ်းဆည်းထားသော ကြောင့်သာ ရန်စစ်ဖြစ်ရသည်၊ ငါ့ရန်သူကိုပေးအပ်လျှင် စစ်ပြေငြိမ်းကြ၍ နေမြဲတိုင်းနေကြမည်ပင် ဖြစ်တော့သည်” ဟူ၍ ပါ ရှိသည်။ သို့စာတွင် ပါသည်ကို ပေါ်တူဂီဗိုလ်မှူး ငဇင်ကာက … “ကျွန်ုပ်တို့သည် ကတိသစ္စာ မြဲတည့်တော်မှန်သည့် လူမျိုး ဖြစ်သည်၊ ဝင်ရောက်ပေါင်းဖော်လာသည်ကို ကတိသစ္စာရှိသည့်အတိုင်း ပေါင်းဘက်ကြိုးပမ်း မ,စ ရမည် ဖြစ်သည်၊ တောင်ငူမင်းကို အလိုရှိသော်လည်း မပေးမအပ်သာကြောင်း” ပြန်ဆိုလျှောက်ကြားလိုက်သဖြင့် ထိုပြန်ကြားစာကိုယူ၍ မြန်မာမင်း သံသည် တပ်မတော်သို့ ပြန်လာသည်။
ထိုနောက် မဟာဓမ္မရာဇာတပ်သည် ကြည်းကြောင်း ရေကြောင်း နှစ်ဘက်ညှပ်၍ အပြင်းအထန်တိုက်ခိုက်ကြပြန်သည်။ ထို သို့ တိုက်ခိုက်နေကြစဉ် စစ်တကောင်းမြို့က ပေါ်တူဂီအမျိုးသား “မာရကျစ်ဓမ္မေ” အမည်ရှိသော ကုန်သည်သည် သင်္ဘော ဖြင့် ရခိုင်ပြည်သို့ရောက်လာရာတွင် သံလျင်တွင် ပေါ်တူဂီအမျိုးသားတို့နှင့် မြန်မာတို့ စစ်ဖြစ်ကြောင်း ကြားသိရလျှင် ရတတ်သမျှ လူစုပြီးကာ သံလျင်မြို့သို့ သင်္ဘောလွှင့်လာသည်။ သံလျင်သို့ရောက်လျှင် မဟာဓမ္မရာဇာ၏ လှေတပ်က သင်္ဘောနှင့်တကွ သင်္ဘောပါလူများကို ဥပါယ်တံမျဉ်ဖြင့် သိမ်းယူဘမ်းဆီး၍ အကျဉ်းချထားလိုက်သည်။

နတ်သျှင်နောင် ဗရင်ဂျီဘာသာသို့ ဝင်ခြင်း

ထိုနောက် မာရကျစ်ဓမ္မေ၏လူစုကို အနာအကျင်ပြု၍ စာတစောင်ရေးပြီးလျှင် သံလျင်သို့ ဖောင်ဖြင့်မျှောလိုက်သည်။ စာတွင် ”ဗိုလ်မှူး ဇွင်ကာကူ သတိပြုလေ၊ ငါ့ရန်သူကို မပေးအပ်လျှင် ဤကဲ့သို့ချည်း ဖြစ်ကြရမည်” ဟူ၍ ပါသည်။ ထို ဒုက္ခသည်တို့ ဇွင်ကာကူထံရောက်၍ မြင်ရလျှင် များစွာသနား၍ ဒေါသလည်း ထွက်သည်။ နတ်သျှင်နောင်သည် ဤ အချင်း အရာကို မြင်လျှင် များစွာစိတ်နာ၍ ငဇင်ကာနှင့် တစိတ်တဝမ်းတည်းဖြစ်ကာ ဗရင်ဂျီဘာသာသို့ ဝင်သည်။ ဗရင်ဂျီ ဘုန်းကြီး အံထော်နီအာလမေတူ နှင့် ကူရုဇာစူ တို့က ဘာသာသို့ သွတ်သွင်းပေးသည်။

နောက်ဆုံးတိုက်ပွဲ

မြန်မာတို့သည် နေ့ကိုမတိုက်တော့ဘဲ ညကိုသာလျှင် တိုက်ကြတော့သည်။ တညတွင် တစုတရုံးတည်း သံလျင်မြို့ မြောက် မျက်နှာက မြို့ကို တဟုန်တည်း တက်ကြသည်။ မြန်မာစစ်သည် ၁၅၀ဝကျော်မျှ မြို့တွင်းဝင်မိရာ ပေါ်တူဂီဗိုလ်မှူးနှင့် ပေါ်တူဂီ ရဲမက်အပေါင်းတို့ ဖြိုးဖြိုးဖျဖျ လိုက်လံပစ်ခတ်တိုက်ခိုက်ကြသည်တွင် ဝင်မိသမျှသော လူ ၁၅၀ဝ-ကျော်တို့အနက် များစွာသေဆုံးကြပြီး မတက်မငင်နိုင်၍ ဆုတ်ခွာကြရကုန်သည်။ ထိုနောက် သက္ကရာဇ် ၉၇၄-ခုနှစ်၊ တန်းခူးလပြည့်နေ့တွင် မြန်မာသူရဲကောင်းတို့သည် အရှေ့မျက်နှာတံခါး၌ အစောင့်ထားသည့် ပေါ်တူဂီ ၁၂-ယောက်ကို ညတချက်တီးကျော်တွင် ထိုးခုတ်သတ်ဖြတ်၍ မြို့တံခါးကို ဖွင့်ပေးသည်နှင့် မင်း မဟာဓမ္မရာဇာ၏ ရဲမက်တို့သည် တဟုန်တည်း ဝင်ကြသည်။မြို့ လေးမျက်နှာကလည်း တညီတညွတ်တည်း တက်ကြသည်နှင့် မခံမရပ်နိုင်ဘဲ ၄င်းနေ့မိုးလင်းတွင် သံလျင်မြို့ ပျက်လေ သည်။ သံလျင်ပျက်လျှင် ဗိုလ်မှူးငဇင်ကာနှင့် နတ်သျှင်နောင်ကို လက်ရဖမ်းမိသည်။ ထိုနောက် မဟာဓမ္မရာဇာက ငဇင်ကာ အား …
”ငါအကြိမ်ကြိမ် စာပေးမှာထားသည်၊ ငါ့ရန်သူကို အပ်ရမည်ဆိုသည်ကို မပေးမအပ်နေသည်မှာ ယခုငါ့လက်သို့ ရောက်ပြီ။ အသနားခံ၍ တောင်းပန်လျှင် ချမ်းသာပေးမည်” ဟု မိန့်တော်မူသည်။
ပေါ်တူဂီဗိုလ်မှူးကလည်း “ကျွန်ုပ်တွင် အပြစ်မရှိသည်ကို အဘယ်ကြောင့်တောင်းပန်ရမည်နည်း၊ အရှင်မင်းကြီး၏ရန်သူ ကို လက်ခံသည်ဆိုရာမှာလည်း အရှင်မင်းကြီး၏ရန်သူဖြစ်ခဲ့လျှင် ခပ်သိမ်းသောသူအပေါင်းတို့၏ ရန်သူဖြစ်ရတော့အံ့လော၊ ကျွန်ုပ်အား မိတ်ဖွဲ့လာလျှင် ကျွန်ုပ်၏မိတ်ဆွေခင်ပွန်းဖြစ်သည်။ မိတ်ဆွေခင်ပွန်းကို အမှန် မချွတ်မယွင်း စွမ်းဆောင်ရမည် ဖြစ်၍ စွမ်းဆောင်ပေသည့်ဓမ္မတာအတိုင်း တနေ့မွေးလျှင် တနေ့သေရမြဲဖြစ်သည်။ ယခု အရှင်မင်းကြီး၏လက်သို့ရောက်၍ ပြုလိုရာပြုနိုင်မည်ပင်ဖြစ်တော့သည်။ သို့ရာတွင် ကျွန်ုပ်နှင့်တောင်ငူမင်းမှာ သေလျှင်သေချင်း၊ ရှင်လျှင်ရှင်ချင်း၊ သစ္စာကတိ ကြီးစွာရှိသည်။ သေလျှင်လည်းအတူ၊ ရှင်လည်း အတူတူဖြစ်လိုသည်” စသည်ဖြင့် မတုန်မလှုပ် လျှောက်ကြားသည်။
တဘန် တောင်ငူမင်းကို စစ်မေးပြန်ကလည်း “ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကို သိပြီးပင် ဖြစ်တော့သည်။ ဤ ပေါ်တူဂီအမျိုးသားတို့နှင့် ပေါင်းရှက်၍ တသွေးတည်းတသားတည်းဖြစ်ပြီးရကား သေဘေးကို ကြောက်သာတော့မည် မဟုတ်၊ ဓမ္မတာတမ်း ဖြစ်မြဲပျက်မြဲပင်။ ငါတယောက်တည်းသာ ဖြစ်ရပျက်ရသည် မဟုတ်၊ လက်သို့ရောက်သည်ဟု သတ် သော်လည်း ကိုယ်ကာယ အကောင်သာ သေမည်၊ အသက်ကို စိုးပိုင်သည်မဟုတ်၊ ပြုလိုရာ ပြုလေ၊ ခံမည်” ဟူ၍ မိန့်တော် မူလျှင် တောင်ငူမင်းနှင့် ငဇင်ကာတို့ကို သက္ကရာဇ် ၉၇၄-ခု၊ တန်းခူးလပြည့်ကျော် ၃-ရက်၊ စနေနေ့တွင် သံလျင်မြို့ ဈေးလည်၌ ကားကြက်၍ ကွပ်မျက်သည်။ သံလျင်တွင် အနိစ္စရောက်ရသည်ကို အကြောင်းပြု၍ နတ်သျှင်နောင်ကို သံလျင် ရောက် မင်းတရား ဟူ၍ တွင်သည်။ (ဤကား ပေါ်တူဂီရာဇဝင်နှင့် မဟာရာဇဝင်ကြီးတို့ကို အထောက်အထားပြု၍ ရေးသားအပ်သော နတ်သျှင်နောင်၏ အတ္ထုပ္ပတ္တိပေတည်း။)
စာသားတချို့ကို Myanmar Poem Scorner မှ မှီငြမ်းသည်။

https://www.facebook.com/photo.php?fbid=199350133528805 amp;set=a.199350116862140.45843.100003614593126&type=3



Thursday, September 6, 2012

ဝန်းသို့ စော်ဘွားကြီး စဝ်အောင်မြတ်

မြန်ပြည်မြောက်ပိုင်း သျှမ်းလူမျိုးများ သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီး
သူ့ကျွန်မခံလိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စဝ်အောင်မြတ်။ ။ 


ဝန်းသို့ စော်ဘွားကြီး စဝ်အောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွေးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။

မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။ မောင်အောင်မြတ် ငါးနှစ်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မြို့လက်ရှိအတိုင်းနှင့် ဝန်းသိုမြို့ မင်္ဂလါ စော်ဘွားကြီးဟု အဆောင်အရောင် အစီးအနှင်း များနှင့်တကွ စော်ဘွား အဖြစ်သို့ တိုးမြင့်ခန့်ထားပြန်သည်။
ပထမ- မဟာဝံသရာဇာ သိုဟုံဘွား
ဒုတိယ- မဟာသိဒ္ဓိဇေယ သိုဟုံဘွား၊


သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်း ကျေးရွာနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံချီးမြင့်ပြန်သည်။ နှောက် သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်းလက်ထက် ထပ်မံ ချီးမြင့်ပြန်လေသည်။
တတိယ- မဟာဝံသ သိရီရာဇာ သိုဟုံဘွားဟူ၍ တံဆိပ် ၃ လုံး ဘွဲ့ ၃ တန်ရရှိ၍ ထိုဘွဲ့များကို အပ်နှင်းလျက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။

နယ်နိမိတ် အပိုင်းခြားများ

၁။ အရှေ့လာသော် ဧရာဝတီ မြစ်လယ်ကြော ကမ္ဘာဇတိုင်းအထိ၊
၂။ တောင်ဘက်လာသော ရဲသာရွာ ဟလင်းကြီး သံသနဂရတိုင်းထိ၊
၃။ အနောက်ဘက်လာသော သလ္လာဝတီ မြစ်လယ်ကြော မဏိပူရတိုင်းထိ၊
၄။ မြောက်လက်လာသော မိုင်းကောင်းနှင့် ကြောကိုင်း နရသုတဏ္ဍတိုင်းအထိ၊
၅။ အရှေ့မြောက်လာသော ကောက်ကွေ့ချောင်းထွက် ဧရာဝတီအထိ၊
၆။ အရှေ့တောင်လာသော တမောအောက် ဇင်းချောင်းပေါက် ဧရာဝတီအထိ၊
၇။ အနောက်တောင်လာသော ကလုံး ရွှေတွင်း သလ္လာဝတီမြစ်အထိ၊
၈။ အနောက်မြောက်လာသော ဦးရူချောင်းထွက် သလ္လာဝတီ မြစ်လယ်ကြောထိ ဖြစ်လေသည်။ ဤသို့ နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ် ပိုင်းခြားလျက် ၅၅ ခရိုင်ဘွားစားရသည်။ ဤကား စော်ဘွား အဆက်ဆက်တို့၏ ဘွားစားရသော နယ်ပယ် အပိုင်းအခြားဖြစ်သည်။

မောင်အောင်မြတ် အရွယ်ရောက်သော အခါ သူ၏ ဆန္ဒအတိုင်း ဖခင်ဖြစ်သူ ဝန်းသို စော်ဘွားကြီး ဦးရွှေသာက ကင်းဝန်မင်းကြီး ဦးကောင်းထံ အပ်နှံ၍ ထီးသုံး နန်းသုံး တရားဥပဒေ ပညာရပ်များနှင့်တကွ အုပ်ချုပ်မှုရေးရာ အဖြာဖြာများကို သင်ကြား စေခဲ့သည်။ သီပေါမင်းတရား ထံတွင်လည်း ကွမ်းရေတော်ကိုင် အဖြစ် အမှုထမ်းရသည်။ ထို့ကြောင့် ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ဗဟုသုတတို့၌ လည်းကောင်း၊ ရှေးဟောင်း အနုပညာ၊ ရာဇဝင်၊ ကဗျာလင်္ကာများ၊ ဗေဒင်ပညာရပ်များ၌ လည်းကောင်း၊ အုပ်ချုပ်မှုရေးရာများ၌ လည်းကောင်း ကျွမ်းကျင် လာခဲ့သည်။

ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာသည် မိုးကောင်းမြို့ဝန် အဖြစ် ပြောင်းရွှေ့ ခန့်ထားခြင်း ခံရသဖြင့် ဦးအောင်မြတ်သည် ၁၂၄၄ ခုနှစ်တွင် ဘုရင်သီပေါမင်းထံ အမိန့်တော် ခံဝင်ကြရာ မြို့ရွာ ခရိုင်နေ ပေါမိုင်း ထမုံ သူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘော တူညီကြခြင်း ရွှေနန်းတော်ကြီး၌လည်း ဘုရင်သီပေါမင်းမှ အစ ပြု၍ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင် သီပေါမင်းက ဝန်းသိုစော်ဘွား အရာခန့်အပ် ချီးမြင့်တော်မှုလေသည်။ ဖခင်နေရာ ဝန်းသို့ စော်ဘွားအဖြစ် သီပေါမင်းမှ ခန့်အပ်ခဲ့သည်။ 'မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ' ဟူသော ဘွဲ့ကိုလည်း ချီးမြင့်တော်မူသည်။

ကင်းဝန်မင်းကြီး ဦးကောင်း
ဝန်းသိုမြို့သည် နေပြည်တော် မန္တလေးနှင့် အတန်ဝေးသော မြို့ဖြစ်၍ အအုပ်အချုပ် မကောင်းလျှင် နယ်ခြား နိုင်ငံရေး ပြဿနာများ အချိန်မရွေး ပေါ်ပေါက်နိုင်သည်။ မီးဝေးချိပ်ပမာ ဆိုသကဲ့သို့ လူဆိုးတို့ အတန်သောင်းကျန်းသော နေရာဖြစ်သည် ဟုလည်း ကြားသိရသဖြင့် လက်ရုံးရည် ပြည့်ဝသော မောင်အောင်မြတ်နှင့် သင့်လျော်သည်ဟု ကင်းဝန်မင်းကြီး ဦးကောင်းက သူ၏ မှတ်တမ်း၌ ရေးသား ထားခဲ့သည်။ ဝန်းသိုစော်ဘွား အဖြစ် ခန့်အပ်ခြင်း ခံရစဉ်က ဦးအောင်မြတ်၏ အသက်သည် ၂၃ နှစ်သာ ရှိသေးသည်။

ဦးအောင်မြတ် စော်ဘွားဖြစ်ပြီး နောက်တနှစ်တွင် မိုးညှင်းဒေသ တလျှောက်၌ ဗိုလ်ဝ ခေါင်းဆောင်သော သူပုန်များ ထွက် သောင်းကျန်းခဲ့သည်။ လူအင်အား သုံးထောင်ကျော် လေးထောင်ခန့်နီးပါး ရှိသော သူပုန်တို့အား နှစ်ထောင်မျှလောက်သာ အင်အားစုနှင့် အောင်မြင်စွာ နှိမ်နင်းနှိင်ခဲ့သည်။ သူပုန်ခေါင်းဆောင် ဗိုလ်ဝကိုပါ အသေ ဖမ်းမိခဲ့သည်။

သီပေါမင်း ကိုယ်တိုင်က အားရတော် မူလှသဖြင့် မောရိယမဟာဝံသ သီရိသုဓမ္မရာဇာသိုဟုံဘွား ဟူသောဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရသည်။

၁။ ပထမ- ဘွဲ့ မဟာဝံသသိရီဇေယ သိုဟုံဘွား ၎င်းနောက် မကြာမီ ၁၂၄၅ ခုနှစ် ပထမဝါဆို လဆန်း ၉-ရက်နေ့တွင် သိရီဇေယနှင့်လဲလှယ်၍ အဘစော်ဘွားကြီး လဲချားစော်ဘွားကြီးနည်းတူ ထီးအစီး အနင်းနှင့်တကွ ထပ်မံချီးမြင့်တော်မူပြန်သည်။
၂။ ဒုတိယ- မောရိယမဟာဝံသ သိရီ သုဓမ္မရာဇာ သိုဟုံဘွားဟူ၍ဖြစ်သည်။
ထိုနှစ်တွင် စကာစော်ဘွားကြီး၏ သမီးတော်မှန်နန်း အပျိုတော် စပ်ရွှေကြည်နှင့် လက်ဆက်ခဲ့သည်။ စော်ဘွားဦးအောင်မြတ်သည် ဝန်းသိုမြို့တွင်ဟော်နန်း ရှိသော်လည်း နယ်ပယ် ငြိမ်သက်ရေးကို ရှေးရှု၍ ဝန်းသိုမြို့ အနောက်မြောက် မိုင် ၃ဝ ကျော်သော ပင်လယ်ဘူးမြို့၌ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။
စော်ဘွားကြီးရဲ့ မဟာဒေဝီနှင့် ဆွေမျိုးတော်များ၊အခြွေအရံများ
၁၂၄၇ ခုနှစ်တွင် တတိယ အင်္ဂလိပ် မြန်မာ နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခါနီး အချိန်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက် ဖြစ်လာသဖြင့် သတင်းမှန် ရရှိစေရန် နေပြည်တော်သို့ အထောက်တော်များ စေလွှတ် စုံစမ်းခဲ့သည်။ နေပြည်တော်မှလည်း အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် အတွက် စစ်သားများ စုဆောင်းရန် စာချွန်တော် ရောက်လာသဖြင့် လက်နက်လူသူ အသင့်စုဆောင်းလျက် ရှိသည်။ အထောက်တော်များ ပြန်လည် ရောက်ရှိသော အခါ သီပေါမင်း အင်္ဂလိပ်လက်သို့ ပါတော်မူပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။


သို့ရာတွင် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ငြိမ်သက်စွာနေရန် ကင်းဝန်မင်းကြီးထံမှ အမိန့်လွှာ တစောင် ရောက်လာသဖြင့် အဖကဲ့သို့ လည်းကောင်း၊ ဆရာသမား ကဲ့သို့လည်းကောင်း လေးစား အပ်သော မင်းကြီး အမိန့် ဖြစ်သဖြင့် ခက်ထန်သော စစ်စိတ် စစ်မာန်များကို မျိုသိပ်ထားခဲ့ရသည်။ အင်္ဂလိပ် လက်အောက်သို့ကား ဝင်ရောက်ခြင်း မပြုဘဲ သစ်လုပ်ငန်း၊ စပါးလုပ်ငန်းများကိုသာ လုပ်ကိုင်စားသောက် နေခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ဦးစီးလုပ်ကိုင်သော သစ်လုပ်ငန်း ထွန်းကားရာ နေရာကို မိမိတို့သာ ရရှိလျှင် ချက်ချင်း ချမ်းသာနိုင်သည်ဟု စိတ်ကူးမိသူ အချို့က ဦးအောင်မြတ်သည် စီးပွားရေးကို ဖိဖိစီးစီး လုပ်ကိုင်၍ ငွေကြေး စုဆောင်းကာ တော်လှန် ပုန်ကန်ရန် အကြံပြုနေသည်ဟု အင်္ဂလိပ် အရာရှိများအား ချောပစ်စကား ပြောဆိုကြသည်။ ထိုအခါ ဦးအောင်မြတ်ကို နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးလိုကြောင်း ကင်းဝန်မင်းကြီးအား အကြောင်းကြားစေခဲ့သည်။


ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်ကို နေပြည်တော်သို့ လာရောက် ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သည်။ သို့ရာတွင် ဦးအောင်မြတ်က အရှင်သခင်များ မရှိသည့်နောက် နေပြည်တော်သို့ မလာရောက် လိုတော့ကြောင်း၊ တပါးကျွန်မခံလိုတော့ကြောင်း၊ အင်္ဂလိပ် မင်းနှင့်တကွ အင်္ဂလိပ်အရာရှိ ကိုယ်စားလှယ် တို့ကိုလည်း အရိုအသေ မပြုလိုတော့ကြောင်း အကြောင်း ပြန်လိုက်သည်။
မိုင်းတုံတောင် နောက်ခံနှင့် တချိန်က ဝမ်းဆေ ခေါ် ဝန်းသိုမြို့
ယင်းသို့ စာပြန်ပြီးနောက် အင်္ဂလိပ်များ လာရောက် တိုက်ခိုက်ပါက အသင့် ဖြစ်စေရန် ဝန်းသိုမြို့ ပတ်ဝန်းကျင်၌ သစ်တပ်မြို့ရိုးများ ဆောက်ခြင်း၊ ကင်းတပ်များ အထပ်ထပ်ချခြင်း၊ လူသူလက်နက် စုဆောင်းခြင်း စသည်များ ပြုလုပ် လာခဲ့သည်။ မက္ခရာ မင်းသားကြီး၏ သားတော် ထိပ်တင်ရန်ပိုင်နှင့် မူးမတ် တစုတို့သည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရာမှာ ရှုံးနိမ့်သဖြင့် ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာ၏ အကူအညီဖြင့် ယူနန်နယ်သို့ ဆုတ်ခွာ လာခဲ့သည်။ ဦးရွှေသာကိုလည်း တော်လှန် ပုန်ကန်မှု အားပေးသည်ဟု ဆိုကာ အင်္ဂလိပ် အစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ကြောင်း ဦးအောင်မြတ် သိသောအခါ ဖခင်ရှိရာ မိုးကောင်းမြို့သို့ သွားရောက်၍ အခြေအနေကို ဆွေးနွေးခဲ့သည်။


အင်္ဂလိပ်တို့ကား ဦးအောင်မြတ်တို့ သားအဖကို မဖမ်းသေးဘဲ ကင်းဝန်မင်းကြီးကို ဖျောင်းဖျ နားချရန် စေလွှတ်လိုက်သည်။ ဦးအောင်မြတ် မိုးကောင်းသို့ သွားနေခိုက် ဖြစ်၍ ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်နှင့်မတွေ့ဘဲ မန္ဈလေးသို့ ပြန်ခဲ့ရသည်။ ကင်းဝန်မင်းကြီးမှ တဆင့် စေ့စပ် မရသဖြင့် အင်္ဂလိပ် အစိုးရသည် ဦးအောင်မြတ်၏ ငယ်ဆရာ ဝန်းသို ဆရာတော် ဦးဂုဏမှ တဆင့် စေ့စပ်ပြန်သည်။ အင်္ဂလိပ်ကို ကျွန်အဖြစ် မခံလို အင်အား ပြည့်လာသည့် တနေ့ မန္တလေးကို တိုက်ယူပါမည်ဟု ဆရာတော်အား လျှောက်ထားခဲ့သည်။

 စေ့စပ်မရသည် အဆုံး၌ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ခွန်းတောင် မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ် တတပ်နှင့် စေလွှတ်လိုက်သည်။ ဝန်းသိုမြို ့စော်ဘွား ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ စေလွှတ်လိုက်သော တပ်များကို မှန်ကင်းတောင် စခန်းမှ ဆီးကြို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွား တပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင် စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီး တတိုင် ရှိနေသေးသည်။ ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွား တပ်များက လိုက်လံ တိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ် တဦးနှင့် တပ်သား သုံးဦး ကျဆုံးခဲ့သည်။


အင်္ဂလိပ် တပ်များလည်း ကောလင်းမြို့မှနေ ထပ်ပြီး ဆုတ်ခွာရသည်။ ထိုအခါမှ စ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ အမည်သည် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့သို့ တိုင်အောင် ကျော်ကြား လာခဲ့သည်။ ရှုံးနိမ့်၍ ဆုတ်ခွာခဲ့ရသော အင်္ဂလိပ်တပ်များကို အားဖြည့်ရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ်နှစ် စဗက် ဦးဆောင်သော အမှတ် (၂ဝ) ခြေလျင်တပ်ရင်းနှင့် ရွှေဘိုမှ ဗိုလ်ကြီး ကေရီ ဦးဆောင်သော မြင်းတပ်များ ရောက်ရှိလာ သဖြင့် ကောလင်းမြို့သို့ ပြန်၍ ချီတက် လာကြပြန်သည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ ဝန်းသိုတပ်များနှင့် အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်များကို တိုက်ခိုက်သည်။ သို့ရာတွင် အင်အားချင်း မမျှသဖြင့် ရုတ်တရက် မြို့သို့ မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာ ဝန်းရံနေ၍ အင်္ဂလိပ် တပ်များကို တောထဲသို့ မျှားခေါ်သည်။ ယင်းတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အကျအဆုံး ဒဏ်ရာရသူ များပြားသည်။ လက်နက် အင်အား လူအင်အား မမျှသဖြင့် ဆုတ်ခွာ ခဲ့ရသော်လည်း ဦးအောင်မြတ်၏ တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ် ပြန်လှန် တိုက်ခိုက်မှုများ ပြုခဲ့သည်။

စော်ဘွားကြီးရဲ့ မှန်စီရွှေချ လက်စွဲတော် ဒူးလေ၊ စစ်ချီစစ်တက်ခရာ၊ ဆင်စွယ် တံဆိပ်တုံး
ထိုနယ်မြေ ဒေသ တဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေခဲ့သည်။ အင်္ဂလိပ် အစိုးရက ယင်းတို့၏ စစ်တပ်အတွက် ရွှေဘိုမှ နောက်ထပ်တပ်များ စစ်ကူရောက်လာရာ ဝန်းသို တပ်များသည် တဖြေးဖြေး ဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာ ခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိခဲ့သည်။ အဝေးမှ အမြောက် သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ ပစ်ရသဖြင့် မျှော်မှန်းသလောက် မဖြစ်ဘဲ ဝန်းသို စော်ဘွားတပ်များ အထိအခိုက် နည်းသည်။ နောက်ဆုံး၌ အင်္ဂလိပ်တပ်များသည် ကျိုင်းခွင်တောင်ကုန်းကို ပတ်၍ စီးသော ဒေါင်းဖြူချောင်းကို အကျအဆုံး များစွာနှင့် ဖြတ်ကူးကား ဝန်းသို့တပ်များကို အနီးကပ် တိုက်ခိုက်ကြသည်။ ဝန်းသိုစော်ဘွား၏ တပ်များသည် အတော်ကြာကြာ ခုခံ တိုက်ခိုက်ကြပြီးနောက် တောင်ကုန်း တဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြသည်။ ကျိုင်းခွင် တိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အပျက်အစီး အသေအပျောက် များသည်။ အင်္ဂလိပ် စစ်သား သုံးဦး ကျဆုံးသည့် နေရာတွင် ကျောက်တိုင်တခု စိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။ ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟက်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ် စစ်ပုလိပ်တပ် တတပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။

ထိုတိုက်ပွဲတွင် စော်ဘွားကြီး ဦးအောင်မြတ်တပ်မှ ၂၇ ယောက် ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားရာ ယင်းဒဏ်ရာနှင့်ပင် မကြာမီ သေဆုံးခဲ့သည်။ လက်နက် အင်အား လူအင်အား မမျှသည့်ပြင် အတွေ့အကြုံ နည်းပါးသော သူများနှင့် တိုက်ခိုက်ရသော်လည်း သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ကြောင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လယ်ဘူး စသော ဒေသများမှ အပြင်းအထန် တော်လှန် တိုက်ခိုက်ခဲ့သည်။ မဲဇာချောင်းနားရှိ မန်လောင် မန်စီ ဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် လူသူ လက်နက် အနည်းငယ်နှင့် တနှစ်နည်းပါးမျှ အားမလျှော့ဘဲ ဇွဲနပဲနှင့် တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
                                                         ကုလားဖြူတပ်တွေ ဝန်းသို ဟောနန်းကို သိမ်းပိုက်စဉ်
အင်္ဂလိပ် အစိုးရသည် စော်ဘွားကြီးကို ထိုအချိန်အထိ သူပုန်ဟုလည်း မကြေညာဘဲ သူတို့ဘက် ဝင်လာလျှင် အခါမရွေး လက်ခံ၍ ရာထူးပင် ပေးမည်ဟု စကား ကမ်လှမ်းမြဲ ကမ်လှမ်းလျက် ရှိသည်။ ဝန်းသို စော်ဘွားကြီးကာ အင်္ဂလိပ်တို့ မည်သို့ ခေါ်ယူ ချော့မော့စေကာမူ စကားပင် မပြန်ခဲ့ချေ။ အင်္ဂလိပ်ဆိုလျှင် သူနှင့် အဖက်မတန်ဟုပင် သဘောပိုက်ထားဟန် တူသည်။

 ကုလားဖြူတပ်တွေ ဝန်းသိုဟောနန်းကို သိမ်းပိုက်စဉ်
​နောက်ဆုံးတွင် ဝန်းသို စော်ဘွားကြီး၏ တပ်များသည် မန်စီ အနီး အင်္ဂလိပ် စစ်တပ်နှင့် တွေ့၍ ဝိုင်းမိနေသော အခါ အင်္ဂလိပ် စစ်တပ်နှင့် အတူ ပါလာသော မြတောင် မြို့စားက ဝန်းသို စော်ဘွားကြီးကို စကား ကမ်းလှမ်းပြန်ရာ ရာထူးမက်၊ ဥစ္စာမက်၊ စိတ်မခိုင်သူများ သစ္စာဖောက်ကာ အင်္ဂလိပ်ဘက်သို့ တစတစ ဝင်သွားကြသည်က တကြောင်း၊ မိုးဦးကျလာ သဖြင့် နောက်လိုက် နောက်ပါများ ငှက်ဖျားရောဂါ ဖြစ်လျက် စိတ်ဓတ် ကျဆင်းလာသည်က တကြောင်း၊ အထောက်အပံ့ အကူအညီများကလည်း နည်းပါသထက် နည်းပါး လာသည်က တကြောင်း၊ အရပ်ရပ်သော အခြေအနေတို့ကလည်း အဆိုးဘက်နှင့် အရှုံးဘက်ကချည်း များနေသည်က တကြောင်း ဤသို့သော အကြောင်းများကြောင့် အတိုက်အခိုက် ရပ်ရန် ဆုံးဖြတ်လိုက်သည်။
 
သို့ရာတွင် ဝန်းသို စော်ဘွားကြီးသည် အင်္ဂလိပ် လက်အောက်သို့ကား မဝင်။ ဖခင်ရှိရာ တရုတ်ပြည်သို့ ထွက်ခွာတော့မည်ဟု အကြောင်းပြန်ရာ မြတောင်မြို့စားက ဘေးရန် ကင်းရှင်းသော တရုတ်ပြည် ထွက်လမ်းကို အလံစိမ်း လွှတ်ပြသဖြင့် ထိုလမ်းအတိုင်း ၁၂၅၃ ခုနှစ်တွင် ထွက်ခဲ့သည်။

အငိုက်မိအဖမ်းဆီး ခံလိုက်ရသော စော်ဘွားတပ်သားအချို့
မိုညှင်းမှ ဘီးလင်းမြို့၊ ယင်းမှ ဟိုပင်နန့်ဆော်လော်၊ ထိုမှ စန်းတာမြို့သို့ ဝင်သည်။ စန်းတာမြို့မှ စန်းတာ စော်ဘွားက ကောင်းစွာကြို၍ နေရာထိုင်ခင်းများ ချပေးသည်။ စန်းတာမြို့၌ပင် ၁၂၇၈ ခုနှစ်တွင် ဖခင် မိုးကောင်း စော်ဘွားကြီး ဦးရွှေသာ ကွယ်လွန်ရာ၊ ဦးအောင်မြတ် ကိုယ်တိုင် ဖခင် အလောင်းကို ထမ်း၍ မြို့ဦးဈေး နေရာ၌ သင်္ဂြိုဟ်ခဲ့သည်။ ယူနန်နယ် စန်းတာမြို့၌ ရှိနေစဉ်လည်း အင်္ဂလိပ် အစိုးရက စော်ဘွားကြီး၏ သတင်းများကို အမြဲ သိရှိလိုသည် ဟူသော အမိန့်ကြောင့် မန်းတာ၊ မိုင်းလ စသော မြို့များမှ လာသော ခရီးသည်များထံတွင် စုံစမ်းပြီးလျှင် မြတောင် မြို့စားက အမြဲ အစီရင်ခံစာ သွင်းနေရသည်။ ယူနန်နယ်တွင် နေထိုင်စဉ် စော်ဘွားကြီးသည် စပါးပေး ပေးခြင်း၊ တတ်ကျွမ်းထားသော မြန်မာ့ ဆေးပညာဖြင့် ဆေးဝါး ကုသပေးခြင်းတို့ဖြင့် ဖြစ်သလို အသက်မွေးဝမ်းကျောင်း ရှာဖွေ စားသောက် နေထိုင်ခဲ့သည်။

စော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ် လက်အောက်တွင် အညံခံ၍ ဝင်လျှင် သူများနည်းတူ ရာထူးရာခံ အပြည့်အဝနှင့် ထိပ်တန်းမှ သက်သောင့်သက်သာ နေရမည် ဖြစ်ပါလျက် သူ့ကျွန် မခံလိုသော စိတ်ဓာတ်ကြောင့် စည်းစိမ် ချမ်းသာများကို စွန့်လွှတ်လျက် နေထိုင်ခဲ့သော မြန်မာမျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ စော်ဘွားကြီး စဝ်အောင်မြတ်သည် ယူနန်နယ် စန်းတာမြို့၌ ၁၃ နှစ်၊ မိုင်းလမြို့၌ ၁၉ နှစ်၊ စုစုပေါင်း ၃၂ နှစ်တိုင်တိုင် သူ့ကျွန် မခံလိုသော စိတ်ဖြင့် တရုတ်ပြည် မြို့များတွင် နေထိုင်ခဲ့သည်။ မြန်မာပြည် ဘုရင်ခံက စော်ဘွားကြီး စဝ်အောင်မြတ်အား ဦးရီတော် ညောင်ရွှေ စော်ဘွားကြီး ဆာစဝ်မောင် မှတဆင့် မြန်မာပြည်သို့ ပြန်ပြောင်းလာသော အခါ စိတ်မငြိုငြင်စေရပါ၊ အထောက်အပံ့ ပေးပါမည်ဟု ပြောကြားလာသည်။
 
ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစဝ်မောင်
စဝ်အောင်မြတ် ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်၏ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစောမောင်လည်း အသက်ရွယ်ကြီးပြီ ဖြစ်သဖြင့်ကိုယ်ရပ် ကိုယ်ဒေသသို ့ပြန်နေပါရန် အတန်တန် တောင်းပန် ပြောဆိုလာသည်။ အမျိုးမျိုးအဖုံဖုံ အဘက်ဘက်မှ စဉ်းစားပြီးမှ စော်ဘွားကြီးဦးအောင်မြတ်သည် (ခရစ်နှစ် ၁၉၂၃) ၁၂၈၅ ခုနှစ်၊တပေါင်းလဆန်း ၉ ရက် နေ ့တွင်မြန်မာနိုင်ငံသို ့ပြောင်းရွေ ့လာခဲ့သည်။ ယင်းနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိ၍ ဟောကုန်းရှိ သထုံဟော်တွင် နေထိုင်ခဲ့သည်။

သထုံဟော်၌ပင် ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်သည် အသက် ၇၁ နှစ် အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ တောင်ကြီးမြို့သို့ ပြန်ရောက်သော အခါ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်ကို အင်္ဂလိပ် အစိုးရတို့က တလလျှင် ထောက်ပံ့ငွေ ၁ဝဝိ ပေးခဲ့သည်။ ထိုစဉ်က ငွေ ၁ဝဝိ သည် ယခုငွေနှင့် ခေတ်ကာလ အလျောက် နှိုင်းစာလျှင် ၁ဝဝဝိ မျှပင် ကျော်မည် ထင်သည်။

စော်ဘွားကြီးသည် ထိုထောက်ပံ့ငွေကို နည်းသည် များသည်လည်း မပြော။ အချိန်တန်၍ လာရောက် ထုတ်ပေးလျှင် သားသမီးများ လက်သို့ လွှဲအပ် ပေးခဲ့သည်။ စော်ဘွားကြီး အတွက်မူ ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင် ထောက်ပံ့နေသော ငွေဖြင့်သာ ရောင့်ရဲစွာ သုံးစွဲနေခဲ့သည်။ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ပြန်ရောက်၍ သုံးနှစ်အကြာ ကွယ်လွန် သွားရှာသည်။
စော်ဘွားကြီးအား တပ်မတော်မော်ကွန်းတိုက်မှ လာရောက်တွေ့ဆုံ သမိုင်းဖြစ်စဉ် အသံများသွင်းခဲ့ပါသည်။

ယနေ့ သျှမ်းလူငယ် အမျိုးသားတို့ ဝန်သိုစော်ဘွားကြီး စဝ်အောင်မြတ်၏ မျိုးချစ်စိတ်ဓါတ်အား အတုယူ စံထားလောက်ပေသည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် အထက်မြန်ပြည် မြောက်ပိုင်းတွင် နေထိုင်ကြသော  တိုင်းလုံ၊ တိုင်းမောဝ်၊ ခန္တီးသျှမ်း၊ သျှမ်းနီ၊ ကဒူး၊ ကဏန်း၊ တိုင်းဆာတို့၏ ခေါင်းဆောင်ကြီးလည်း ဖြစ်တော့သည်။ ဦးအောင်မြတ်သည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ် ရောင်ရဲစွာ လောကုတ္တရာ ဘက်တွင်သာ အားထုတ် နေထိုင်ခဲ့သည်။   ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ကလည်း ဆက်လက် ထောက်ပံ့ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသော အခါ၌လည်း အင်္ဂလိပ် အစိုးရကဲ့သို့ပင် တလလျှင်ငွေ ၁ဝဝိ ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့် အချိန်အထိ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ခရစ် ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှ စ၍ ဝန်းသို စော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့အား မြန်မာအစိုးရက ကျေးဇူးဆပ်သည့် အနေဖြင့် တလလျှင် ထောက်ပံ့ကြေးငွေ ၅ဝဝိ ကျပ်စီ ပေးခဲ့သည်။ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့တွင် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်တွင် ကွယ်လွန် အနိစ္စရောက်သည်။
 
၀န်းသိုစော်ဘွားကြီး၏ နောက်ဆုံး ဈပန သားသမီးမြေး၊ မြစ်များနှင့် ပြည်သူများ
ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူကုန်း မြောက်ဘက်ရှိ စီစဉ်ရွေးချယ် သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ ရှေးထုံးစဉ်လာ အတိုင်း ဂူသွင်း သင်္ဂြိုဟ်ကြသည်။ အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီကလည်း စော်ဘွားကြီး၏ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့် အနေဖြင့် မသာစရိတ်ငွေ ၅,ဝဝဝိ ထောက်ပံ့ခဲ့သည်။
စော်ဘွားကြီး ဦးအောင်မြတ်တွင် ဦးခွန်ဆက် (ခေါ်) စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးနှင့် ခွန်ချို ဟူသော သား ၅ ယောက်နှင့် နန်းဆိုင်မယ်၊ စောဖြူ ဟူသော သမီး ၂ ယောက် ထွန်းကားခဲ့သည်။

စော်ဘွားကြီးရဲ့သားများ    စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးန်း

ဤသို့ဖြင့် ဗြိတိသျှတို့ ဝင်ရောက်ကျုးကျော်မှုတွင်လည်း သျှမ်းအမျိုးသားများသည် ရဲဝန့်ပြတ်သားစွာ ဆန့်ကျင် ခဲ့ကြသလို မြန်မာ့လွတ်ရေးအတွက်မှာ ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာ့သမိုင်းဝင် ရဲဘော်သုံးကျိပ်ထဲတွင်း သျှမ်းအမျိုးသား သုံးဦးပါဝင်လေသည် ဗိုလ်မိုးညို၊ ဗိုလ်စောအောင်၊ ဗိုလ်စောနောင် အထက်မြန်မာပြည်တွင် ထင်ရှားသော ပုဂိုလ်များအနက် ဗန်မော်နယ်ဘက်တွင် ဦးစိန်တိုး၊ ဗိုလ်လှကြိုင် ဖြစ်ပြီး၊ မိုးညှင်း၊ မိုးကောင်းနယ်တွင် သခင်ပြန့်၊ ဗိုလ်အောင်ခို၊ ဗိုလ်ထွန်းရင် တို့သည် မျက်မှောက်ကာလ အထိ နိုင်ငံတော်၏ အကျိုးကို တယ်ပိုးခဲ့သော တိုင်းလျဲန် ခေါ်သျှမ်းနီ များဖြစ်၍ ၎င်းတို့သည် မော်ကွန်းဝင် ပုဂ္ဂိုလ်များ ပင်ဖြစ်ပါသည်။

အထူးသဖြင့် ဗိုလ်လှကြိုင်သည် ဗိုလ်ချုပ်အောင်းနှင့် အရင်းနီးဆုံး သူဖြစ်သည်။
အထက်မြန်ပြည် မြေလတ်သျှမ်း ဒေသများအား ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန်အခြေခံ ဥပဒေ ရေးဆွဲမည်ပြုရာတွင် ဗိုလ်လှကြိုင်သည် ထိုဒေသများသည် သျှမ်းနယ်များဖြစ်သည် ကချင်ပြည်နယ်အဖြစ် သတ်မှတ်ရန် မသင့်သော်ကြောင်းပြောဆိုရာ ဗိုလ်ချုပ်အောင်ဆန်းမှ တတိုင်းလုံးတပြည်လုံးအတွက် လုပ်နေတာ မင်းလူမျိုးတမျိုးထဲကို မကြည့်နဲ့ဟုပြောရာ ဗိုလ်လှကြိုင်သည် မည်သို့ပြန်လည်တုံ့ပြန်ခြင်း မရှိတော့၍ နေလိုက်ခြင်းသည် သျှမ်းနီအမျိုးသားတို့အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရလေသည်။


အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင် နိုင်ကြပါစေလို့ ရည်ညွန်းတင်ပြ လိုက်ရပါသည်။   
ထုတ်နုတ်- ရွှေဥသြရဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'  စာအုပ် နှင့်ကျေးဇူးရှင်- ခန္တီးဆရာတော်ဘုရားကြီး ရေး ဝန်းသို ရာဇဝင်သစ်  

Sunday, August 19, 2012

သိမ်ဟူသည် .....

သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဋ္ဌာနကို သိမ် ဟုခေါ်သည်။
သိမ်ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ် ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ်ထားသောနေရာပင်ဖြစ်သည်။ ရဟန်းတော်တို့ချည်းသာပြုလုပ်ဆောင် ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။ ထိုကံကြီးကံငယ်တို့တွင် တခုခုကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂-တောင့်ထွာထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။

ထိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဖက် ၂-တောင့်ထွာ အရပ်အတွင်းသို့ လူဝတ်ကြောင်၊ သာမဏေစသူတို့ မဝလာ မရှိစေရပေ။ ဝင်လာခဲ့ ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်လေသည်။ ထို့ကြောင့် ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ မရှိစေဖို့ အရေးကြီးသည်။ ထို့အပြင် ကံပြုနေသော သံဃာ၏ ၂-တောင့်ထွာအရပ်၌ အပြင်ဘက် သိမ်နယ်ပယ်အတွင်း တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် ၂-ပါး၊ ၃-ပါးစသည် မရှိစေဖို့လည်း အရေးကြီးပြန်သည်။ ယင်းသို့ရှိလျှင် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာ ရောက်သောကြောင့် ပြုဆဲကံပျက်လေသည်။ ထို့သို့သိမ်နယ်ပယ်တခုအတွင်းမှာပင် ကံပြုသံဃာ၏ ၂-တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။ အစုကွဲသည်ဟု ဆိုလိုပေသည်။

သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စာ ရေးကြီးသောအရာ ဖြစ်ပေသည်။
သိမ်အမျိုးအစားအကျဉ်း
ထိုသိမ်သည် အကျဉ်းအားဖြင့် ၂-မျိုး၊ ၂-စားရှိ၏။ ယင်းတို့ကား ၄ပါး၊ ၄ပါးထက်များသော ရဟန်းတော်တို့ စုပေါင်း၍ ဉ တ်ကမ္မဝါစာဖတ်၍ မသမုတ်ရပဲ အလိုလိုသိမ်ဖြစ်နေသော သိမ်တို့ဖြစ်လေသည်။ ထို ၂-မျိုးတွင် ပထမအမျိုးအစားကို ဗဒ္ဓသိမ် (ဥတ်ကမ္မဝါစာဖြင့် ဖွဲ့အပ်သောသိမ်ဟု ခေါ်၍ ဒုတိယအမျိုးအစားကို အဗဒ္ဓသိမ် (ဥတ်ကမ္မဝါစာဖြင့် မဖွဲ့အပ်သောသိမ်) ဟု ခေါ်လေသည်။

ထို ၂-မျိုးတွင်လည်း ဗဒ္ဓသိမ်သည်
(၁) ခဏ္ဍသိမ် 
(၂) သမာနသံဝါသကသိမ် 
(၃) အဝိပ္ပဝါသသိမ်ဟု ၃မျိုးပြား၍ 
အဗဒ္ဓသိမ်လည်း
(၁) ဂါမသိမ် 
(၂) ဥဒကုက္ခေပသိမ် 
(၃) သတ္တဗ္ဘန္တရသိမ်ဟု ၃မျိုးပင် ပြားပြန်သည်။ (ခဏ္ဍသိမ်စသည်၏ အဓိပ္ပါယ်ကို လာလတ္တံ့ ကထာတို့၌ ပြဆိုပါမည်။)
ဂါမ- ဂါမသိမ်- ဂါမခေတ်
အထက်၌ပြခဲ့သော ဗဒ္ဓသိ်မ်၊ အဗဒ္ဓသိမ် ၂-မျိုးတို့တွင် ဗဒ္ဓသိမ်ဟူသည် ဂါမ သိမ်ပေါ်မှာ သမုတ်ရသော သိမ်ဖြစ်၏။ ထို့ကြောင့် ဗဒ္ဓသိမ်ကို လေ့လာ သောအခါ ရှေးဦးစွာ ဂါမသိမ်အကြောင်းကို နားလည်ရန် လိုအပ်ပေသည်။

ဂါမသိမ် ဟူသော စကားမှာ ဂါမသီမာဟူသော ပါဠိစကားမှလာသော စကား ဖြစ်၏။ ထို၏အနက်မှာ ရွာအပိုင်းအခြား ဖြစ်၏။ ရွာအပိုင်းအခြားဟူသည်မှာလည်း လူတို့နေရာ ရွာသက်သက် (စည်းရိုးအတွင်း) သာမက ထိုရွာပိုင်ဆိုင်ရာ ကုန်းမြေများအပါအဝင် ရွာအရပ်ကိုပင် ဤသိမ်ဆိုင်ရာ၌ ဂါမဟု လည်းကောင်း၊ ဂါမခေတ်ဟုလည်းကောင်း၊ ဂါမသိမ်ဟုလည်းကောင်းခေါ်ပေသည်။ အကျဉ်းအားဖြင့် အစိုးရတို့က ရွာတရွာနယ်မြေဟု သတ်မှတ်ထားသော အရပ်ကို ဂါမသိမ်တခုဟု ခေါ်ဆိုရသည်။

ထိုဂါမသိမ်အတွင်းရှိ မြစ်၊ ဆားငန်ချောင်း၊ ဇာတဿရ (အလိုလိုဖြစ်သော) အိုင်တို့ကိုကား ဂါမသီမာဟူသောပုဒ်၏ တိုက်ရိုက် အနက်မှာ ရွာအပိုင်းအခြားဖြစ်သော်လည်း ဤအရာ၌ ဆိုခဲ့ပြီး ရွာအပိုင်းအခြားသာမကပဲ နိဂုံးအပိ်ုင်းအခြား၊ မြို့အပိုင်းအခြားတို့ကိုလည်း ဂါမသိမ်ဟု ခေါ်ရလေသည်။
ထိုကြောင့် အကျဉ်းချုပ်လိုက်လျှင် ရွာအပိုင်းအခြား နိဂုံး(ရွာကြီး) အပိုင်းအခြား၊ မြို့အပိုင်းအခြား အားလုံးကိုပင် ဂါမ၊ ဂါမသိမ်၊ ဂါမခေတ်ဟု ဆိုအပ်တော့သည်ဟု မှတ်အပ်၏။ ပြဆိုခဲ့ပြီးသော ရွာအပိုင်းအခြား၊ နိဂုံးအပိုင်းအခြား၊ မြို့အပိုင်းအခြား အရပ်တို့သည် ဥတ်ကမ္မဝါစာဖြင့် မသမုတ်ရပဲ အလိုလိုသိမ်ဖြစ်နေသော အရပ်များဖြစ်လေ သည်။ ထို့ကြောင့် အဆိုပါဂါမသိမ်တို့၌ ရဟန်းတော်တို့သည် တစုတည်းပေါင်းစု၍ ဥပုသ်ပြုခြင်း၊ ရဟန်းခံခြင်း စသော သံဃာ့ကံများကို ဆောင်ရွက်နိုင်ကြတော့သည်။ (ဝိနယာလင်္ကာရ ပ၊ ၃၄၈။ ဤကား မှတ်နှင့်ရုံသာ၊ အကျယ်ကို အဗဒ္ဓသိမ်အခန်းမှာ ရှုပါရန်)။

ဘာကြောင့် သိမ်သမုတ်ရသနည်း
အထက်၌ပြခဲ့သည့်အတိုင်း ရွာအပိုင်းအခြားစသော ဂါမသိမ်သည် အလိုလိုဖြစ်နေခဲ့သော် ရဟန်းတော်တို့သည် အဘယ်ကြောင့် ထိုဂါမသိမ်အတွင်း၌ ဗဒ္ဓသိမ်တို့ကို သမုတ်ကြသနည်း။ အလုပ်ပိုကို လုပ်နေသည်နှင့် မတူပါ လောဟု စောဒကတက်ဖွယ်ရှိ၏။ အဖြေကား ဤသို့တည်း။

သံဃာတော်များ ကံကြီးကံငယ် ပြုသောအခါ ကျယ်သည်ဖြစ်စေ၊ ကျဉ်းသည်ဖြစ်စေ သိမ်တခုအတွင်းရှိ ရဟန်း တော်အားလုံး ကံပြုရာအရပ်သို့ စုဝေးလာရောက်ကြရသည်။ အကယ်၍ မလာရောက်နိုင်သူ ရှိနေပါက ကံပြုခြင်းကို သဘောတူကြောင်း ဆန္ဒပေးလိုက်ရသည်။ ဆန္ဒမပေးပါက သိမ်နယ်၏ အပြင်ဘက်သို့ ထွက်နေ ရမည်။ ဤသို့ ဆန္ဒလည်းမပေး၊ စည်းဝေးရာသို့လည်း မလာရောက်၊ သိမ်အပြင်ဖက်ကိုလည်း ထွက်မနေသော ရဟန်းတပါးမျှပင် ရှိနေခဲ့သော် အခြားသံဃာအားလုံး စုဝေး၍ ပြုအပ်သောကံသည် အချည်းနှီးဖြစ်လေ တော့သည်။

ဤသို့ ဂါမသိမ် တခုအတွင်းရှိ သံဃာတို့ကို စုဝေးရန်မှာ တကျောင်း၊ နှစ်ကျောင်းမျှသာရှိသော ရွာငယ်တို့၌ ဖြစ်နိုင်စရာရှိသော်လည်း ကျောင်းများစွာရှိသော ရွာကြီးတို့၌မူ ဖြစ်နိုင်ရန် မလွယ်ကူလှပေ။ ထို့ပြင် ကံပြု နေစဉ်အတွင်း ကျယ်ဝန်းလှသော ဂါမသိမ်အပိုင်းအခြားအတွင်းသို့ အပြင်အပမှ ရဟန်းများမဝင်လာရန် စောင့် ရှောက်တားဆီးရသည်မှာလည်း ဖြစ်နိုင်စရာမရှိသော အလုပ်ဖြစ်လေသည်။ ရွာထက်ကြီးသော နိဂုံ၊ မြို့တို့၌မူ မဖြစ်နိုင်ဟုပင် ဆိုရပေမည်။

ယင်းသို့ ဂါမသိမ်သည် မသမုတ်ရပဲ သိမ်ဖြစ်နေသော်လည်း သံဃာများစွာရှိသော ဂါမသိမ်တို့၌ သံဃာသိမ်းရန် မလွယ်ကူမဖြစ်နိုင်သောကြောင့်လည်း၊ ယခုခေတ်ကဲ့သို့ မော်တော်ကား၊ မီးရထားစသော ယာဉ်တို့ဖြင့် ခရီး အသွားအလာ များသောအခါ၌ ဂါမသိမ်အတွင်းသို့ ပြင်ပရဟန်းများ မဝင်လာရန် တားဆီးစောင့်ရှောက်ဖို့ မဖြစ်နိုင်သောကြောင့်လည်းကောင်း။ လက်တွေ့အားဖြင့်မူ ယင်းဂါမသိမ်မှာ စိတ်ချလက်ချ သံသယ ကင်းရှင်း စွာဖြင့် ကံပြုနိုင်သောရော မဟုတ်ပဲ ဖြစ်နေလေတော့သည်။

ထို့ကြောင့် သံဃာအသိမ်ရလွယ်၍ စိတ်ချလက်ချ ချမ်းချမ်းသာသာ ကံပြုနိုင်ရန် အလို့ငှာ ကျယ်ဝန်းလှသော ဂါမသိမ်ထဲ၌ ဗဒ္ဓသိမ်များကို သမုတ်ကြရခြင်း ဖြစ်လေသည်။ ဗဒ္ဓသိမ် သမုတ်ထားသောအခါ ဂါမသိမ် တခုလုံး အတွင်းရှိ ရဟန်းများကို သိမ်းစရာမလိုတော့ပဲ သမုတ်ထားသည့်နေရာ (ဥပမာ- ကျောင်းတကျောင်းစာမျှ အရပ်) အတွင်းမှာသာ သံဃာကို သိမ်းရတော့သဖြင့် လွယ်လည်းလွယ်ကူသည်။ ဖြစ်လည်းဖြစ်နိုင်လေ တော့သည်။ ဗဒ္ဓသိမ်အပြင်ဘက် ဂါမသိမ်၌တည်သော ရဟန်းက ဗဒ္ဓသိမ်အတွင်း၌ ပြုအပ်သောကံကို မပျက်စေနိုင်တော့ပေ။ ကံပြုနေစဉ်အတွင်း အခြားရဟန်းများလည်း ဝင်ရောက်လာစရာ မရှိသလောက်ဖြစ်၍ နယ်နိမိတ်တို့၌ အစောင့်အရှောက်ထားရသည့် တာဝန်လည်း ပေါ့သွားလေတော့သည်။ ဤသို့လျှင် သံဃာ့ကံများကို စိတ်ချလက်ချ သံသယကင်းရှင်းစွာဖြင့် အောင်အောင်မြင်မြင်ပြုနိုင်ရန် အလို့ငှာ လည်းကောင်း၊ ဆိုခဲ့ပြီးတာဝန်များ ဒုက္ခများမှ ကင်းလွတ်ခွင့် ရစေရန်လည်းကောင်း၊ ဂါမသိမ်ပေါ်၌ ဗဒ္ဓသိမ် များကို သမုတ်ကြရခြင်းဖြစ်ရာ ထိုသို့သမုတ်ခြင်းမှာ အကျိုးလည်းရှိ၊ ကျေးဇူးလည်းများသော လုပ်ငန်းတရပ် ဖြစ်ပါတော့သည်။
ဘာကြောင့် သိမ်နုတ်ရသနည်း
သိမ်သမုတ်ရန် လိုအပ်သောကြောင့် သိမ်သမုတ်ကြရသည်ဖြစ်လျှင် မိမိတို့သမုတ်လိုသည့်နေရာ၌ သိမ်သမုတ်ရန်ပင် ဖြစ်သည်မဟုတ်ပါလော။ အဘယ့်ကြောင့် သိမ်မသမုတ်မီ သိမ်နုတ်ခြင်းကိစ္စကို ပြုလုပ်ကြပြန်ပါ သနည်းဟု မေးဖွယ်ရှိပြန်ပါသည်။

ဤအမေး၏အဖြေကို နားလည်နိုင်ရန် ရှေးဦးစွာ သိမ်ပျက် ၁၁- လုံးတို့တွင် အပါအဝင်ဖြစ်သော (က) စပ်၍ သမုတ်အပ်သောသိမ်နှင့် (ခ) လွှမ်းမိုး၍ သမုတ်အပ်သောသိ်မ်။ ဤနှစ်မျိုးကို သိရှိနားလည်ရန် လိုအပ်ပေသည်။ သိမ်သမုတ်လိုသော မြေအရပ်အတွင်း၌ သိမ်ဟောင်းတခုခုရှိနေခဲ့လျှင် အသစ်သမုတ်သည့်သိမ်မှာ မအောင်မြင်တော့ပေ။ သိမ်သစ် သမုတ်မြေအတွင်း သိမ်ဟောင်းမှာ မြေအားလုံးသော်၎င်း၊ အယုတ်ဆုံးအားဖြင့် ရဟန်း ၄- ပါး ကံပြုလောက်ရုံ အရပ်သော်၎င်း ပါရှိနေခဲ့ပြီး သိမ်သစ်သမုတ်လျှင် ထိုသိမ်ကို လွှမ်းမိုး၍ သမုတ်အပ်သောသိမ်ဟု ခေါ်သည်။

ရဟန်းလေးပါးနေလောက်ရုံ အရပ်မှအောက် တဆံခြည်မျှပင်ဖြစ်စေကာမူ လွှမ်းမိုး၍ သိမ်သစ်သမုတ်လျှင် ထိုကို စပ်၍ သမုတ်အပ်သောသိမ် ဟုခေါ်သည်။ ထိုသိမ်နှစ်မျိုးလုံးပင် မအောင်မြင်သော သိမ်များဖြစ်၍ သိမ်ပျက်များ ဖြစ်လေသည်။ ထိုသို့စပ် လွှမ်း၍ သမုတ်အပ်သောအခါ နဂိုရှိရင်းသိမ်ဟောင်းတို့ကား ပျက်၍ မသွားကြပေ။ တည်မြဲတိုင်းပင် တည်ကြလေသည်။ (ဤ၌စပ်၊ လွှမ်း၏ အဓိပ္ပါယ်ကို သာရတ္ထ၊ ဝိမတိ၊ ကင်္ခါဋီကာသစ်တို့နှင့်အညီ ရေးသည်) ထိုသို့စပ်၊ လွှမ်း၍ သမုတ်အပ်သောသိမ်တို့မှာ သိမ်ပျက်ဖြစ်ကုန်ရကား မိမိတို့သမုတ်မည့်သိမ်ကို ယင်းအပြစ်နှစ်ပါးမှာ လွတ်စေဖို့ရန် အရေးကြီးလေသည်။

သိမ်သစ်သမုတ်မည့်နေရာ၌ ရှေးက သိမ်ဟောင်းများ မရှိဟု သံသယကင်းလောက်အောင် အတိအကျသိရလျှင်မူကား သိမ်ကို နုတ်ဖို့ပင်မလို၊ သမုတ်လိုသောနေရာ၌ သိမ်ကို သမုတ်လိုက်ရုံသာရှိသည်။ သို့သော် ဂေါတမဘုရားရှင်၏ သာသနာတော် ၂၅၀ဝကျော် အတွင်း မိမိတို့ သိမ်သစ်သမုတ်မည့် နေရာ၌ ရှေးမည်သည့်အခါကမှ သိမ်မသမုတ်ခဲ့ဖူးသေးဟု မည်သူပြောနိုင်ပါမည်နည်း။ ထို့သို့မပြောနိုင်သည့်အတွက် ရှေးက သမုတ်ခဲ့ဖူးသော သိမ်ဟောင်းများ အကယ်၍ရှိခဲ့သော် ထိုသိမ်ဟောင်းများ ကျွတ်လွတ်သွား၍ သန့်ရှင်းသောမြေဖြစ်ဖို့ရာ သိမ်နုတ်ရခြင်းဖြစ်လေသည်။ ထို့ကြောင့် သိမ်နုတ်ခြင်းသည် ရှေးက သိမ်ဟောင်းရှိခဲ့သော် ထိုသိမ်ဟောင်းတို့ ကျွတ်လွတ်သွားခြင်း အကျိုးရှိ၍ ရှေးက သိမ်ဟောင်းများ မရှိခဲ့လျှင်လည်း မိမိတို့ သိမ်သစ်သမုတ်မည့် နေရာသည် စင်ကြယ်သော မြေနေရာနှစ်မျိုးကို မျှော်ကိုး၍ပင် သိမ်သစ်သမုတ်မည့်နေရာ၌ သိမ်နုတ်ကြရခြင်း ဖြစ်လေသည်။
အထပ်ထပ်နုတ်ရန် လိုအပ်ပုံ
ထိုသို့သိမ်နုတ်သောအခါ တကြိမ်တခါမျှသာ မနုတ်မူ၍ သိမ်သစ်မြေနေရာအတွင်း နေရာအနှံ့အပြား အထပ်ထပ် နုတ်ရလေသည်။ အဘယ်ကြောင့် ယင်းသို့နုတ်ရသနည်းဟူမူ သိမ်ဟောင်းမည့်သည့်နေရာမှာ ရှိသည်ဟု ဧကန်သိရသည်မဟုတ်။ မှန်းဆ၍သာ နုတ်ရသောကြောင့် မိမိတို့ ကမ္မဝါစာဖတ်၍ နုတ်ခဲ့သော နေရာတို့တွင် တနေရာရာ၌ သိမ်ဟောင်းကို ကျကျနနမိ၍ ယင်းသိမ်ဟောင်း ကျွတ်လွတ်သွားပြီဟု စိတ်ချလက်ချ မှတ်ယူနိုင်ရန် အလို့ငှာ နေရာအနှံ့အပြား အထပ်ထပ် နုတ်ရခြင်းဖြစ်လေသည်။ ထိုသို့စေ့စပ်အောင် နုတ်လိုက်သောအခါ သိမ်သစ်မြေနေရာ၏ မည့်သည့်နေရာမှာပင် သိမ်ဟောင်းရှိခဲ့ရှိခဲ့ ထိုသိမ်ဟောင်းမှာ ဧကန်ကျွတ်လွတ်သွားပြီးဟု စိတ်ချလက်ချ သံသယ ကင်းရှင်းစွာ မှတ်ယူနိုင်လေ တော့သည်။
ပို၍နုတ်ရပုံ
ထို့သို့နုတ်သောအခါ သိမ်သမုတ်မည့် မြေနေရာသာမကပဲ နေရာ၏ အရပ် ၄- မျက်နှာလုံးမှာပင် အပြင်သို့ တိုးချဲ့၍ ပို၍နုတ်ရသည်။ အဘယ်ကြောင့် ပိုနုတ်ရသနည်းဟူမူ အကယ်၍ မြေနေရာသစ်တွင်း၌ ပါဝင်နေသော သိမ်ဟောင်းမှာ ရဟန်း ၄-ပါး ထိုင်လောက်ရုံမဟုတ်ပဲ ထိုအောက်လျော့၍ အနည်းငယ်မျှသာ ပါဝင်နေသည်ဖြစ်အံ့။ ထိုသို့ဖြစ်လျှင် သိမ်သစ်တနေရာမှာသာနုတ်က ထိုအနည်းငယ်မျှသာ ပါဝင်နေသော သိမ်ဟောင်း ကျွတ်သွားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသိမ်ဟောင်းပေါ်၌ ရဟန်း ၄- ပါးနေ၍ ကမ္မဝါစာဖတ်သည် မဟုတ်သောကြောင့်တည်း။

သိမ်နုတ်ရာ၌ အင်္ဂါနှစ်ချက်ရှိ၏။ တချက်မှာ နုတ်မည့်သိမ်ပေါ်၌ အနည်းဆုံး ရဟန်း ၄-ပါးစုဝေးခြင်းဖြစ်၍ နောက်တချက်မှာ သိမ်နုတ်အံ့ဟု နှလုံးသွင်း၍ ကမ္မဝါစာဖတ်ခြင်းဖြစ်၏။ အထက်၌ပြခဲ့သော အနည်းငယ်မျှသာ ပါဝင်နေသော သိမ်ဟောင်း၌ သိမ်သစ်ဧရိယာ ရှိသမျှသာနုတ်လျှင် ရဟန်း ၄- ပါး စုဝေးမိနိုင်မည် မဟုတ်သောကြောင့် ထိုသိမ်ဟောင်း ကျွတ်မည်မဟုတ်ချေ။ ထိုသိမ်ဟောင်းမကျွတ်ပဲ အပေါ်ကထပ်၍ သိမ်သစ်သမုတ်လျှင် ထိုသိမ်မှာ အောင်မြင်သောသိမ် ဖြစ်လာတော့မည်မဟုတ်။

ထိုသိမ်သစ်မအောင်မြင်လျှင် အောင်မြင်သည့်အထင်ဖြင့် ထိုသိမ်၌ပြုသမျှသော သံဃာ့ကံတို့မှာ မအောင်မြင်သော ကံတို့သာဖြစ်ကုန်မည်။ ထိုသို့ဖြစ်သော် သာသနာတော်ကြီးကို များစွာထိခိုက်မည် ဖြစ်လေသည်။ ထို့ကြောင့်သိမ်နုတ်သောအခါ သိမ်သစ် မြေနေရာ၏ အပြင်ဘက် အရပ်လေးမျက်နှာလုံးမှာပင် ညောင်စောင်းတခု၊ နှစ်ခုစာမျှ (ဝိနယာလင်္ကာရအလို) တိုးချဲ့၍ နုတ်မှာသာ စိတ်ချရလေသည်။

ထိုသို့ စိတ်ချလောက်အောင် တိုးချဲ့၍ နုတ်ခဲ့လျှင် “စပ်၍ သမုတ်ခြင်း” အပြစ်မှ လွတ်ရုံသာမက အခြားအကျိုးတခုလည်း ရေသေးသည်။ အကယ်၍ သိမ်ဟောင်းနယ်နိမိတ်နှင့် သိမ်သစ်နယ်နိမိတ်တို့သည် ဖြစ်တောင့်ဖြစ်ခဲ တိုက်တိုက်ဆိုင်ဆိုင်တခုခုသောဘက်၌ တလျှောက်လုံး ထိစပ်ရုံမျှသာ ထိစပ်နေသည်ဆိုကြပါစို့၊ ထိုသို့ဖြစ်နေရာဝယ် တိုး၍လည်းမနုတ်မိခဲ့သော် သိမ်ချင်းထိနေသည့်အတွက် သိမ်နှစ်ခုရောစပ်ခြင်း “သီမာသင်္ကရ”အပြစ် ပေါ်လာဦးမည်ဖြစ်သည်။ (ဝိနယာ လင်္ကာရ- ပ၊ ၃၆၂) သို့ ဖြစ်သော် သိမ်သစ်သည် သိမ်ပျက်ကား မဖြစ်ပေ။ သို့သော် သိမ်ချင်းထိနေသည့်အတွက် တသိမ်တည်းလို ဖြစ်နေရကား တသိမ်၌ ကံပြုလျှင် အခြားတသိမ်တွင်းရှိ သံဃာများကို ကံပြုရာနေရာသို့၎င်း ပင့်ရမည်။ သို့မဟုတ် ဆန္ဒသော်၎င်း ဆောင်ရမည်။ သို့မဟုတ် ထိုအခြားသိမ်မှ လွတ်ရာကျွတ်ရာ အပြင်ဘက်သို့၎င်း ထွက်နေစေရမည်။ ထိုကဲ့သို့ မဟုတ်ပဲ ကံပြုသော် ကံပျက်လေတော့သည်။ သိမ်သစ်၊ သိမ်ဟောင်း ထိနေသည်ကို သိရလျှင် တော်သေးသည်။ ထိုသို့မသိပဲ သိမ်သစ်၌ကံပြုအံ့။ သိမ်ဟောင်နေရာ၌လည်း ရဟန်းများရှိသည်ဖြစ်အံ့၊ ထိုကံသည်အောင်မြင်သောကံ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သိမ်နေရာ၏ အပြင်ဘက်ကိုပါ တိုးချဲ့၍နုတ်ခြင်းသည် ဤဆိုအပ်ပြီး သီမာလင်္ကာရအပြစ်မှ လွတ်စေခြင်း အကျိုးရှိလေသည်။

ထို့ကြောင့် သိမ်နုတ်သောအခါ တိုးချဲ့၍လည်း နုတ်ရမည်၊ သိမ်နုတ်သည့်မြေနေရာ အတွင်း၌လည်း အနေအထားအမျိုးမျိုးနေ၍ အထပ်ထပ်နုတ်ရမည်၊ ထိုသို့ ကျနစွာနုတ်မှသာ သိမ်သစ် သမုတ်မည့် နေရာသည် သန့်ရှင်းသော မြေနေရာဖြစ်ကြောင်း ယုံကြည်စိတ်ချရမည်ဖြစ်လေသည်။
အောင်မြင်သော ဗဒ္ဓသိမ်လက္ခဏာ
သိမ်နုတ်ပြီးနောက် သန့်ရှင်းသော မြေအပြင်ဝယ် သိမ်သမုတ်သောအခါ မိမိတို့ သမုတ်သည့်သိမ်သည် အောင်မြင်သောသိမ်ဖြစ်ရန် များစွာအရေးကြီးလေသည်။ သမုတ်သောသိမ်သည် အကြောင်းတစုံတရာကြောင့် မအောင်မြင်ပါက အကျိုးမရှိရုံမျှမဟုတ် အကျိုးမဲ့အပြစ်ပင် ဖြစ်နိုင်လေသည်။ မိမိတို့သမုတ်သော သိမ် မအောင်မြင်သည်ကို မသိပဲ အောင်မြင်သည်အထင်ဖြင့် ထိုသိမ်ပျက်၌ ရဟန်းခံမိသော ပုဂ္ဂိုလ်များလည်း ရဟန်းဖြစ်တော့မည်မဟုတ်။ ထိုအခါ သာသနာတော်ကြီးကို လွန်စွာ ထိခိုက်ပေတော့မည်။ ထို့ကြောင့် သိမ်သမုတ်သောအခါ အောင်မြင်သော သိမ်ဖြစ်ရန် များစွာ အရေးကြီးလေတော့သည်။

အောင်မြင်သော ဗဒ္ဓသိမ်၏ လက္ခဏာကို ကင်္ခါအဋ္ဌကထာ (၈၇)၌ (၁) ဧကာဒသဝိပတ္တိသီမာယေ အတိက္ကမိတွာ၊ (၂) တိဝိဓ သမ္ပတ္တိယုတ္တာ၊ (၃) နိမိတ္တေန နိမိတ္တံ သမ္ဗန္ဓိတွာ သမ္မတာဟု ၃- ပါးပြထားပေသည်။ မိမိတို့ သမုတ်မည့်သိမ်ကို အောင်မြင်သော ဗဒ္ဓသိမ် ဖြစ်စေလိုလျှင် (၁) သိမ်ပျက် ၁၁- လုံး အဖြစ်မှ လွတ်ကင်းစေရခြင်း၊ (၂) သမ္ပတ္တိ (ပြည့်စုံခြင်း) ၃- ပါးနှင့် ပြည်စုံစေရခြင်း၊ (၃) နိမိတ်ခြင်းစပ်အောင် နိမိတ်ကြား၍ သမုတ်ခြင်း။ ဤလိုအပ်ချက် ၃-ပါးနှင့် ညီညွတ်စေရမည်ဟု ဆိုလိုပေသည်။ ဤအင်္ဂါ ၃- ပါးကို ကျကျနန နားလည်အောင် ရှေးဦးစွာ အားထုတ်ရမည် ဖြစ်လေသည်။
သိမ်ပျက် ၁၁- လုံး
ထိုအင်္ဂါ ၃-ပါးတွင် ပထမအင်္ဂါ၌ပါသော သိမ်ပျက် ၁၁- လုံးကား ပါဠိတော်၌ပင်လာသော သိမ်ပျက်များတည်း။ ကံပျက်ခြင်း၏ အကြောင်း ၅-ပါးတွင် အပါအဝင်ဖြစ်သော သိမ်ကြောင့် ကံပျက်ပုံကို ပြရာဝယ် ပရိဝါ ပါဠိတော် ကမ္မဝဂ် (၃၈၁) ၌ သိမ်ပျက် ၁၁- လုံးကို ထုတ်ပြ၍ ဤသိမ်တို့ကြောင့်ကံပျက်နိုင်ကြောင်း ဟောကြားမိန့်ဆိုထားသည်ကို တွေ့ရသည်။ (ထို့ကြောင့် ထိုသိမ်ပျက်တို့၏ အဖွင့်ကို မဟာဝါ အဋ္ဌကထာမှာ အပြည့်အစုံ မတွေ့ရပဲ ပရိဝါအဋ္ဌကထာ, အင်္ခါအဋ္ဌကထာတို့မှာသာ တွေ့ရခြင်းဖြစ်သည်။)
ထိုသိမ်ပျက် ၁၁- လုံးတို့ကား-
(၁) ငယ်လွန်းသောသိမ်
(၂) ကြီးလွန်းသောသိမ်
(၃) နိမိတ်ကျိုးသောသိမ်
(၄) အရိပ်ကို နိမိတ်လုပ်သောသိမ်
(၅) နိမိတ်လုံးဝ မရှိသောသိမ်
(၆) သိမ်ပ၌တည်၍ သမုတ်အပ်သောသိမ်
(၇) မြစ်၌ သမုတ်အပ်သောသိမ်
(၈) သမုဒြာ၌ သမုတ်အပ်သောသိမ်
(၉) ဇာတဿရအိုင်၌ သမုတ်အပ်သောသိမ်
(၁၀) မိမိသိမ်ဖြင့် သူတပါးသိမ်ကို စပ်၍ သမုတ်အပ်သောသိမ်
(၁၁) မိမိသိမ်ဖြင့် သူတပါးသိမ်ကို လွှမ်း၍ သမုတ်အပ်သောသိမ်
တို့ ဖြစ်လေသည်။
(ဆောင်) ကြီး, ငယ်, ကျိုး, ရိပ်၊ အနိမိတ်၊ ဗဟိဒ်တည်သမုတ်။
အိုင်, သမုဒ်, မြစ်, စပ်, လွှမ်းလစ်၊ ဆယ့်တသိမ်ပျက်ထုတ်။
(ဝိနယသံခိပ်)
(၁) ငယ်လွန်းသောသိမ်
ငယ်လွန်းသောသိမ်ဟူသည် ရဟန်း ၂၁ ပါး ထိုင်မနေနိုင်လောက်အောင် သေးငယ် ကျဉ်းမြောင်းသော သိမ်တည်း၊ သံဃာ့ကံတို့တွင် သံဃာ ၄- ပါး လိုအပ်သောကံ၊ ၅- ပါး၊ ၁၀- ပါး၊ အပါး ၂၀- လိုအပ်သောကံဟု အမျိုးမျိုးရှိ၏။ သိမ်ဟူသည်မှာလည်း မည်သည့် သံဃာ့ကံကိုမဆို ပြုနိုင်လောက်အောင် ကျယ်ရမည်ဖြစ်၏။ သံဃာအများဆုံး လိုအပ်သော ကံကိုပြုနိုင်လျှင် ထိုအောက်နည်းသော သံဃာလိုအပ်သည့် ကံများကိုလည်း ပြုနိုင်တော့သည်။ ထို့ကြောင့် အများဆုံးလိုအပ်သော သံဃာ ၂၀၊ ကံပြုခံရမည့် သံဃာ ၁-ပါး အားဖြင့် အနည်းဆုံး ရဟန်း ၂၁- ပါး ထိုင်နေလောက်မှသာ အောင်မြင်သော သိမ်ဖြစ်သည်။ ထို့အောက်ငယ်လျှင် “ ငယ်လွန်းသော သိမ်” ဖြစ်၍ သိမ်ပျက်ဖြစ်တော့သည်။

အဋ္ဌကထာတို့၌ “ ရဟန်း ၂၁- ပါး ထိုင်မနေလောက်လျှင် ငယ်လွန်းသောသိမ် ဖြစ်သည်” ဟု ဤမျှသာ ပြထားသည်။ ထို့ကြောင့် အလျားအနံကို မိမိတို့ဘာသာ တွက်ယူရမည်ဖြစ်၏။ ရဟန်းတပါး ထိုင်လောက်ရာ အရပ်ကို တိုင်းတာကြည့်သောအခါ ၂- ပေ ပတ်လည်ခန့် ရှိသည်ကို တွေ့ရ၏။ ထို့ကြောင့် ၂- ပေ ပတ်လည် အကွက်ပေါင်း အနည်းဆုံး ၂၁- ကွက်ရှိမှ အငယ်ဆုံး အောင်မြင်မည့်သိမ် ဖြစ်မည်ကို မှတ်သင့်သည်။ ထို ၂၁- ကွက်ကို အတိအကျဖြစ်အောင် စီစဉ်ကြည့်လျှင် ၇- ကွက် ၃- တန်းရမည်ဖြစ်၏။ ထိုကို အလျားအနံ ပေဖွဲ့လျှင် အလျား ၁၄- ပေ, အနံ ၆- ပေ အနည်းဆုံး ရှိရမည်ဖြစ်သည်။ ၇- ကွက် ၃- တန်း မဟုတ်ပဲ ကြိုက်သလို ၂- ပေ ပတ်လည် ၂၁- ကွက် ဖြစ်အောင်လည်း စီစဉ်နိုင်သည်ပင်။

ဤသို့ တွက်ရာ၌ စတုရန်းနှင့် တွက်ခြင်းကို ရှောင်သင့်သည်၊ အဘယ်ကြောင့်ဟူမူ စတုရန်းနှင့် တွက်လျှင် စတုရန်း ပြည့်သော်လည်း ၂- ပေ ပတ်လည် ၂၁- ကွက် မရနိုင်သော အလျား အနံလည်းဖြစ်နိုင်သောကြောင့် တည်း။ ရှင်းဦးအံ့ ၂- ပေပတ်လည်ကွက်တွင် စတုရန်း ၄- ပေရှိ၏။ ထို့ကြောင့် ၂- ပေပတ်လည် ၂၁- ကွက်တွင် စတုရန်း ၈၄- ပေဖြစ်သည်။ သို့ဖြစ်ရာ အလျား ၁၂ ပေ၊ အနံ ၇-ပေ လုပ်လျှင် စတုရန်း ၈၄- ပေကား ပြည့်သည့်၊ သို့သော် ယင်းအလျားအနံတွင် ၂- ပေ ပတ်လည် ၂၁ ကွက်ရမည် မဟုတ်ပေ။ ထို့ကြောင့် စတုရန်းပေမည်ရွေ့မည်မျှဟု ဆိုခြင်းထက် ၂- ပေပတ်လည် ၂၁- ကွက်ရှိမှဟု ဆိုခြင်းက စိတ်ချရသည်ဟု မှတ်သင့်ပေသည်။

ကင်္ခါဋီကာသစ် (၁၃၆) ၌ ရဟန်းတို့ ထိုင်ပုံကို “ ပရိမဏ္ဍမာ ကာရေန” ဝန်းဝိုင်းသော အခြင်းအရာဖြင့် ဟု ဆို၏။ ထိုအတိုင်းဖြစ်လျှင် အလျားအနံ မျှအောင်လုပ်ရပေမည်။ အလျားအနံလည်းမျှ၊ ၂၁- ပါးစာ အတိအကျလည်းရအောင် လုပ်ရန် ခဲယဉ်းသည်။ ထို့ကြောင့် အလျားအနံလည်းမျှအောင် အလျားလိုက် ၅- ပါး၊ ထောင်လိုက် ၅- ပါးအားဖြင့် ၂၅- ပါးထိုင်လောက်ရာကို သတ်မှတ်လျှင် ၁၀- ပေပတ်လည်ဖြစ်လေသည်။ ထို့ကြောင့် ကင်္ခါဋီကာသစ်အလို ၁၀- ပေပတ်လည် အနည်းဆုံး ရှိရမည်ဟု သတ်မှတ်သင့်ပေသည်။

လက်တွေ့တွင် ဤမျှသေးငယ်သော သိမ်ကို သမုတ်ကြသည်ကား မဟုတ်ပေ။ သို့သော် ကျမ်းဂန်၌ ရှိသောကြောင့် အသေးဆုံးသိမ်ပမာဏကို မှန်းဆနိုင်ရန် တွက်ချက်၍ ပြရခြင်း ဖြစ်ပေသည်။
(၂) ကြီးလွန်းသောသိမ်
တဆံခြည်ဖျားမျှဖြင့်သော်လည်း ၃- ယူဇနာကိုလွန်၍ သမုတ်အပ်သောသိမ်ကို “ ကြီးလွန်းသောသိမ်” ဟု ခေါ်၏။ ထို့ကြောင့် အောင်မြင်သောသိမ်၏ အကြီးဆုံးပမာဏမှာ ၃- ယူဇနာဟု မှတ်အပ်၏။ ဤ၌ ၃- ယူဇနာ သတ်မှတ်ခြင်းမှာလည်း ဥပေါသထက္ခန္ဓကလာ မြတ်စွာဘုရား၏ ပညတ်တော်မူချက်ကြောင့် ဖြစ်လေသည်။

ချဲ့ဦးအံ့- သိမ်သမုတ်ခြင်းကို မြတ်စွာဘုရား ခွင့်ပြုတော်မူလေသည်ဆိုလျှင်ပင် ဆဗ္ဗီရဟန်းတို့သည် ၄- ယူဇနာ, ၅- ယူဇနာ, ၆- ယူဇနာကျယ်သောသိမ်တို့ကို သမုတ်ကြတော့သည်။ ဥပုသ်ပြုရန်လာသော ရဟန်းတို့သည် ဥပုသ်ပြုသည့်နေရာ ဝေးလွန်းသည့်အတွက် ပါတိမောက် ပြနေစဉ်မှလည်း ရောကလာကြ၏။ ပြီးခါစမှာလည်း ရောက်လာကြ၏။ ပါတိမောက်ပြသည်ကို လုံးဝမမှီပဲလည်းရှိကြ၏ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်လာသောအခါ မြတ်စွာဘုရားက “ ၄- ယူဇနာရှိသော, ၅- ယူဇနာ, ၆- ယူဇနာရှိသော ကြီးလွန်းသော သိမ်များကို မသမုတ်ရ။ မဟုတ်လျှင် ဒုက္ကဋ် အာပတ်သင့်စေ” ဟု မိန်တော်မူ၍ အလွန်ဆုံး ၃- ယူဇနာရှိသောသိမ်ကိုသာ သမုတ်ရန် ခွင့်ပြုတော်မူလေသည်။ (မဟာဝါပါဠိတော်၊ ၁၄၄- ၅)။

ထိုပညတ်တော်အရပင် ၃- ယူဇနာထက်အနည်းဆုံး ဆံခြည်တမျှင်စာမျှ ပိုလွန်သောသိမ်ကို ကြီးလွန်းသော သိမ်ပျက်ဖြစ်သော သိမ်ဟုဆိုရကြောင်း အဋ္ဌကထာဆရာ ဖွင့်ပြတော်မူခြင်းဖြစ်လေသည်။ အဋ္ဌကထာ၌ “ တဆံခြည်ဖျားမျှဖြင့်သော်လည်း” ဟု ဆိုသောစကားမှာလည်း ၃- ယူဇနာအတိုင်းအတာကို မည်သည့်နည်းနှင့်မျှ မကျော်လွန်ရသည်ကို လေးနက်အောင် ဆိုသောစကားသာ ဖြစ်လေသည်။ လက်တွေ့တိုင်းတာရာတွင်မူ တဆံခြည်လွန်သည်, မလွန်သည်ကို သိနိုင်ရန် ခဲယဉ်းဘိတောင်း၊ ထို့ကြောင့် ၃- ယူဇနာရှိသော သိမ်ကို အကယ်၍ သမုတ်လိုပါမူ ၃- ယူဇနာအောက် အတော်အတန်လျော့၍ သမုတ်သင့်သည်။ သို့မှ စိတ်ချရမည်ဖြစ်သည်။

၃- ယူဇနာဟူရာ၌ ၄-ထောင့်သိမ်ဖြစ်လျှင် အလျား ၃- ယူဇနာ အနံ ၃- ယူဇနာဖြစ်ရမည်။ ၃- ထောင့်သိမ်ဖြစ်လျှင် ထောင့်တခုမှ တခုသို့ ၃- ယူဇနာထက် လွန်စေ၍ သိမ်သမုတ်အံ့။ သမုတ်သော ရဟန်းများလည်း အာပတ်သင့်၍ သိမ်လည်းမအောင်ပဲ သိမ်ပျက်ဖြစ်တော့သည်။ (မဟာဝါ၊ ဋ္ဌ၊ ၃၂၇)။

(၃) နိမိတ်ကျိုးသောသိမ်
နိမိတ်ကျိုးသောသိမ်ကား ၂- မျိုးရှိသည်၊ ထိုတွင် ပထမ အမျိုးအစားမှာ နိမိတ်ချင်းစပ်အောင် မကြားပဲ သမုတ်အပ်သော သိမ်မျိုးတည်း။ သိမ်ကို အရှေ့အနောက် တောင်မြောက်၌ နိမိတ်တခုစီထား၍ သမုတ်သည်ဆိုကြပါစို့၊ နိမိတ်ကြားသောအခါ အရှေ့နိမိတ်ကို ရှေးဦးစွာကြား၍ အစဉ်အတိုင်းလှည့်ကာ တောင်, အနောက်, မြောက်နိမိတ်တို့ကိုကြားပြီး တဖန် အရှေ့နိမိတ်ကိုထပ်၍ စပ်သွားအောင် မကြားပဲသမုတ်လျှင် ထိုသိမ်သည် နိမိတ်ကျိုးသော သိမ်ဖြစ်၍ သိမ်ပျက်ဖြစ်လေတော့သည်။ (နိမိတ်ခန်း၌ အကျယ်တွေ့ရဦး လတ္တံ့)။

ဒုတိယအမျိုးအစားကား နိမိတ်လောက်သော နိမိတ်များအကြား၌ နိမိတ်မလောက်သော နိမိတ်ဝတ္ထုကိုဖြစ်စေ, နိမိတ်မလုပ်ကောင်းသော ဝတ္ထုကိုဖြစ်စေ နိမိတ်အဖြစ်ထား၍ ကြားပြီး သမုတ်အပ်သော သိမ်တည်း။ ဥပမာ- နိမိတ်အများဖြင့် သမုတ်ရာ၌ အခြားနေရာတို့ဝယ် နိမိတလောက်သော သစ်ပင်ကို နိမိတ်လုပ်၍ တနေရာ၌ဖြစ်စေ, နှစ်နေရာ၌ဖြစ်စေ နိမိတ်မလောက်သောသစ်ပင်ကို နိမိတ်လုပ်၍သော်၎င်း, သဲပုံစသော နိမိတ်မလုပ်ကောင်းသော အရာကို နိမိတ်လုပ်၍သော်၎င်း, သမုတ်လျှင် ထိုသိမ်လည်း နိမိတ်ကျိုးသောသိမ် ဖြစ်တော့သည်။

ဤနေရာ၌ စဉ်းစားဖွယ်ရှိသည်၊ နိမိတ်အရေအတွက်ကို အနည်းဆုံး ၃- ခုရှိလျှင် အပ်သည်ဟု အဋ္ဌကထာတို့၌ဆိုသည်။ ထို့ကြောင့် နိမိတ် ၃- ခုဖြင့် သမုတ်ရာ၌ နိမိတ်တခုပျက်ခဲ့သော် ထိုသိမ်ပျက်မည်မှာ သေချာလှ၍ ပြဿနာဖြစ်ဖွယ်မရှိ။ နိမိတ် ၄- လုံး, ၅- လုံး စသည်ဖြင့် သမုတ်ရာ၌ကား နိမိတ်တခု ပျက်ခဲ့သော် အဘယ်သို့ မှတ်ရမည်နည်း။ ထိုသိမ်ကို နိမိတ်ကျိုးသောသိမ်ဟု ဆိုရမည်လော, မဆိုရဘူးလောဟူမူ, “ ထိုသိမ်မျိုး၌ နိမိတ်လောက်သော နိမိတ် ၃- ခု စသည် ကျန်သောကြောင့် နိမိတ်ကျိုးသည် မဟုတ်ဟု သိအပ်သည်။ အဋ္ဌကထာတို့၌ကား သာမညအားဖြင့် ဆိုအပ်သည်။ ထို့ကြောင့် ဆင်ခြင်၍ယူပါ” ဟု ကင်္ခါဋီကာသစ် (၁၃၇) ၌ မိန့်သည်။

ကင်္ခါဋီကာသစ်၏ အဆိုကို လက်ခံသော ဆရာတို့လည်းရှိသလို မနှစ်သက်သော ဆရာတို့လည်းရှိလေသည်။ သိမ်မျိုးစုံ မဟာဋီကာကျမ်း (၂၆၁) ၌ “ မန္တလေး စံကျောင်းဆရာတော်, စလင်းဆရာတော်တို့ကား ကင်္ခါ ဋီကာသစ်စကား အဋ္ဌကထာနှင့် မညီ၍ ဆင်ခြင်ရန်ရှိသည်” ဟု မိန့်တော်မူကြကြောင်း ပြဆိုထားလေသည်။ နဂိုက နိမိတ် ၈- ခုဖြင့် သမုတ်သည်ဖြစ်လျှင် ၈- ခုလုံး အောင်မှ သိမ်လည်းအောင်မြင်မည်၊ ၈- ခုဖြင့် သမုတ်ရင်းမှ တခုပျက်ခဲ့သော် ၇- ခုကျန်သော်လည်း အောင်မြင်သောသိမ်ဖြစ်မည် မဟုတ်ဟုလည်း ဆရာတော်အများ အမိန့်ရှိသည်ကို နာခံရဖူးပါသည်။ ထို့ကြောင့် ဤကဲ့သို့သော အရာမျိုးတွင် မည်သို့ဖြစ်စေ စိတ်ချရသည့်ဘက်သို့ လိုက်၍ လက်တွေ့ကျင့်သုံးခြင်းသာ နောင်သံသယဖြစ်စရာ မရှိ၍ ကောင်းပေသည်။
(၄) အရိပ်ကိုနိမိတ်လုပ်သောသိမ်
ဤသိမ်ကား နိမိတ်လုပ်နိုင်သော ဝတ္ထု ၈- မျိုးတွင် အပါအဝင်မဟုတ်သော တောင်ရိပ်စသော အရိပ်တို့တွင် တခုခုကို နိမိတ်လုပ်၍ သမုတ်အပ်သောသိမ်တည်း။ အရိပ်ဟူသည်မှာ တနေရာတည်း၌ တည်ရှိနေသည် မဟုတ်၊ အမြဲတမ်း ရွှေ့နေသည်ဖြစ်သောကြောင့် အရိပ်ကို နိမိတ်မလုပ်ရခြင်း ဖြစ်ဟန်တူသည်။
(၅) နိမိတ်လုံးဝမရှိသောသိမ်
ဤအမှတ် ၅- သိမ်ကား အခြင်းခပ်သိမ်းနိမိတ်တို့ကို မထားမကြားပဲ သမုတ်အပ်သောသိမ်တည်း။ နိမိတ်ဟူသည် နယ်ခြားအမှတ်အသားပင်ဖြစ်၏။ နိမိတ်မရှိလျှင် မည်သည့်နေရာ၌ သိမ်ဖြစ်သည်ပြောရန်ပင် မဖြစ်နိုင်တော့၍ ဤသိမ်မျိုးမှာ သိမ်ပျက်ပင် ဖြစ်ရတော့သည်။
(၆) သိမ်ပ၌တည်၍ သမုတ်အပ်သောသိမ်
သိမ်ပ၌တည်၍ သမုတ်အပ်သောသိမ်ဟူသည် နိမိတ်တို့ကိုကြားပြီးနောက် နိမိတ်တို့၏ အပြင်ဖက်ကနေ၍ သမုတ်အပ်သောသိမ်တည်း။ ကမ္မဝါဖတ်၍ သမုတ်သောရဟန်းတို့က နိမိတ်အပြင်ဘက်ရောက်နေသဖြင့် ဤသိမ်လည်း သိမ်ပျက်ဖြစ်ရသည်။ ထို့ကြောင့်ပင် ကျောင်းတိုက်တခု၌ ခဏ္ဍသိမ်, မဟာသိမ်နှစ်မျိုးလုံး သမုတ်သောအခါ “ ခဏ္ဍသိမ်၌နေ၍ မဟာသိမ်ကို မသမုတ်ရ၊ မဟာသိမ်၌နေ၍ ခဏ္ဍသိမ်ကို မသမုတ်ရ” ဟု အဋ္ဌကထာ၌ မိန့်ဆိုခြင်း ဖြစ်လေသည်။ (ခဏ္ဍသိမ်, မဟာသိမ်အကြောင်း လာလတ္တံ့ကထာတို့၌ ထင်ရှားလတ္တံ့) ဤ၌ ကမ္မဝါဖတ်၍ သမုတ်သည်ကိုသာ ဆိုသဖြင့် နိမိတ်ကြားရာတွင်မူ အတွင်းဖြစ်စေ၊ အပြင်၌ဖြစ်စေနေ၍ ကြားနိုင်သည်သာ။

(ကင်္ခါဋီကာသစ်၊ ၁၃၇)
 (၇- ၈- ၉) မြစ်, သမုဒြာ, ဇာတဿရအိုင်၌ သမုတ်အပ်သောသိမ်များ
“ အလုံးစုံသောဖြစ်သည် သိမ်မဟုတ်၊ အလုံးစုံသော သမုဒြာသည် သိမ်မဟုတ်၊ အလုံးစုံသော ဇာတဿရအိုင်သည် သိမ်မဟုတ်” ဟု ဘုရားရှင် ဟောတော်မူချက်ရှိသောကြောင့် မြစ်, သမုဒ္ဒရာ, ဇာတဿရအိုင်တို့၌ သိမ်သမုတ်သော်လည်း သိမ်မဖြစ်သည်သာ၊ သမုတ်သော်လည်း သမုတ်အပ်သည် မမည်ဟူလို။

ဤမြစ်, သမုဒ္ဒရာ, ဇာတဿရအိုင်တို့၌ သမုတ်အပ်သော သိမ်တို့ကို သိမ်ပျက်ဟု ဆိုရခြင်းမှာ ယင်းတို့၌ သမုတ်အပ်သော်လည်း ဗဒ္ဓသိမ်မဖြစ်သည်ကို ရည်ရွယ်၍ဆိုခြင်းဖြစ်၏။ ယင်းတို့၌ လုံးဝ ကံပြု၍မရဟု ဆိုလိုသည်မဟုတ်။ ယင်းတို့ကား ကမ္မဝါစာဖြင့် မသမုတ်ရပဲ မိမိအလိုလိုပင် (ရေတကျအတွင်း) သိမ်ဖြစ်နေသော အရပ်တို့တည်း။ ထိုကြောင့် မြစ်, သမုဒြာ, ဇာတဿရအိုင်တို့၌ ဥဒကုက္ခေပသိမ် (ရေတကျသိမ် (ဝါ) ရေသိမ်) အဖြစ်ဖြင့် သိမ်သမုတ် ကံမှတပါးသော သံဃာ့ကံအားလုံးကို ပြုကောင်းသည်သာဟု မှတ်အပ်ပေသည်။ ဤ၌ ဇာတဿရအိုင်ဟူသည် မည်သူကမျှ ပြုလုပ်အပ်သည် မဟုတ်ပဲ အလိုလို ဖြစ်နေ၍ ထက်ဝန်းကျင်မှ စီးဝင်လာသော ရေဖြင့် ပြည့်နေသော အိုင်တည်း။

(၁၀) စပ်၍ သမုတ်သောသိမ်
ဤသိမ်နှင့် ပတ်သက်၍ မဟာဝါအဋ္ဌကထာ (၃၃၇) ကင်္ခါ အဋ္ဌကထာ (၈၈) တို့၌ ဤသို့ဖွင့်ပြကြည်။
“ ကျောင်းဟောင်း၏ အရှေ့ဖက်၌ သရက်ပင်နှင့် သပြေပင်တို့ အချင်းချင်းရောယှက်သော အကိုင်းရှိကုန်အံ့။ ထိုတွင် သရက်ပင်၏ အနောက်ဖက်၌ သပြေပင်ရှိအံ့။ ကျောင်းဟောင်း၏သိမ် (မဟာသိမ်) ကိုလည်း သပြေပင်ကို အတွင်းသွင်း၍ သရက်ပင်ကို နိမိတကြား၍ ဖွဲ့အပ်သည်ဖြစ်အံ့။ ထို့နောက် ထိုကျောင်းဟောင်း၏ အရှေ့ဘက်၌ ကျောင်းသစ်တည်၍ သိမ် (ထိုကျောင်းသစ် မဟာသိမ်) ကိုဖွဲ့သော ရဟန်းတို့သည် သရက်ပင်တို့ကို အတွင်းပြု၍ သပြေင်ကို နိမိတ်ကြား၍ ဖွဲ့ကုန်အံ့။ သိမ်ချင်း (မိမိသိမ်ဖြင့် သူတပါးသိမ်ကို) စပ်အပ်သည်မည်၏”။

(၁၁) လွှမ်း၍ သမုတ်အပ်သောသိမ်
“သူတပါးတို့၏ ဗဒ္ဓသိမ်ကို အကုန်လုံးဖြစ်စေ, ယင်း၏ တစိတ်တပိုင်းကိုဖြစ်စေ အတွင်းသွင်း၍ မိမိသိမ်ကို သမုတ်လျှင်” သိမ်ချင်း (မိမိသိမ်ဖြင့် သူတပါးသိမ်ကို) လွှမ်းမိုးအပ်သည်မည်ကြောင်း ဆိုခဲ့ပြီးအဋ္ဌကထာတို့၌ မိန့်သည်။ အဋ္ဌကထာတို့၌ ဤမျှသာဆိုသဖြင့် စပ်သိမ်နှင့် လွှမ်းသိမ် (သမ္ဘေဒနှင့် အဇ္ဈောတ္ထရဏ) တို့ အထူးမှာ မထင်ရှားပဲရှိနေသည်။ ထိုကိုထင်ရှားအောင် ဋီကာဆရာတော်တို့က ဆက်၍ ဖွင့်ပြကြသည်။ ထိုဋီကာတို့၏ အာဘော်ကား ဤသို့တည်း။

သမ္ဘေဒသိမ်အဖွင့်၌ အဋ္ဌကထာတို့ဝယ် “ရောယှက်သော အကိုင်းရှိကုန်အံ့” ဟူသော စကားဖြင့် ထိုသစ်ပင်တို့ကို တပင်နှင့်တပင် အလွန်းနီးသည်ကို သိစေသည်။ သစ်ပင်နှစ်ပင်တို့ အလွန်နီးသည်ဆိုသဖြင့် ထိုနှစ်ပင်အကြားအရပ်သည် ရဟန်းလေးပါး ထိုင်နိုင်လောက်အောင် မကျယ်ဟုလည်း ဆိုလိုရာရောက်သည်။ “ရောယှက်သော အကိုင်း” ဟုသာ ဆိုသဖြင့် ပင်စည်ချင်းကား မရောယှက်, မထိစပ်၊ ပင်စည်ချင်း မထိစပ်သောကြောင့် တပင်ကိုအတွင်းပြု၍ တပင်ကို နိမိတ်ကြားနိုင်ခြင်းဖြစ်သည်။ အကယ်၍ ထိစပ်နေပါမူ တစပ်တည်းဖြစ်နေ၍ မည်သည့်ပင်ကိုပင် နိမိတ်ကြားသည်ဖြစ်စေ နှစ်ပင်လုံးပင် သိမ်မှအပ ဖြစ်ရာသည်။ အဇ္ဈောတ္တရဏကိုပြရာ စကားရပ်၌လည်း “ တစိတ်တပိုင်း”အရ သစ်ပင်နှစ်ပင်ကြားအရပ်ထက်ကျယ်သော အရပ်ကို ယူရမည်။ သို့ယူမျ အဋ္ဌကထာ စကားနှစ်ရပ် သန့်ရှင်းမည်။

ထို့ကြောင့် “ရဟန်းလေးပါး ထိုင်နေလောက်အောင် ကျယ်သောအရပ်နှင့် ယင်းမှအထက် သိမ်ဟောင်းကို အကုန်လုံးအထိ အတွင်းပြု၍ သမုတ်လျှင်လွှမ်း၍ သမုတ်အပ်သောသိမ်, ရဟန်းလေးပါး ထိုလောက်အောင်ကျယ်သော အရပ်မှ အောက်တဆံခြည်ဖျားမျှအထိ သိမ်ဟောင်းကို အတွင်းပြု၍ သမုတ်လျှင် စပ်၍ သမုတ်အပ်သော သိမ်” ဟု ခွဲခြားရမည်ဟူလို (သာရတ္တတ၊ ၂၇၅။ ဝိမတိ၊ ဒု၊ ၁၆၈။ ကင်္ခါဋီကာ သစ်၊ ၁၃၇။ ဝိနယာလင်္ကာရ၊ ပ၊ ၃၄၄)။

သာရတ္ထ, ကင်္ခါဋီကာသစ်တို့၌ “ ရဟန်းတို့တည်၍ ကံပြုလောက်သောနေရာ” ဟုသာဆို၍ ၄- ပါးဟု အတိအကျမဆို၊ သို့သော ရဟန်း ၄- ပါး အနည်းဆုံးရှိမှ သံဃာ့ကံပြုနိုင်သည် ဖြစ်ရကား ရဟန်း ၄- ပါးဟု ဝိမတိဆိုသည်နှင့် အတူတူပင်ဖြစ်တော့သည်။ ဤဋီကာတို့အဆိုကို မနှစ်သက်သော ဆရာတော်တို့လည်း ရှိကြသည်။ ယင်းဆရာတော်တို့ကား “တစိတ်တပိုင်း” ဆိုသော စကားအရ တဆံခြည်ဖျားမှ အထက်ကို ယူရမည်၊ ထို့ကြောင့် “သိမ်ချင်းထိရုံမျှ ဖြစ်လျှင် သမ္ဘေဒ၊ အယုတ်သဖြင့် တဆံခြည်ဖျားမျှပင် လွှမ်းမိုးကျုးကျော်လျှင် အဇ္ဈောတ္ထရဏ” ဟု မိန့်တော်မူကြသည်။

ဤသို့စပ်၍, လွှမ်း၍ သမုတ်ရာ၌ အစပ်, အလွှမ်းခံရသော သိမ်ဟောင်းကား ပျက်မသွားပေ။ စပ်သော, လွှမ်းသော အသစ်သမုတ်အပ်သော သိမ်သာ သိမ်ပျက်ဖြစ်လေသည်။ ထို့ကြောင့်ပင် ဤအဖြစ်နှစ်ပါးနှင့်တကွ သီမာသင်္ကရ (သိမ်ချင်းရောသော) အပြစ်ပါကင်းစင်စေခြင်းငှာ သိမ်မသမုတ်မီ သိမ်နုတ်ရခြင်း, နုတ်သောအခါလည်း အထပ်ထပ်နုတ်ရခြင်း, ချဲ့၍ နုတ်ရခြင်းအမှုများကို ပြုကြရခြင်းဖြစ်ပေသည်။

ဤသို့လျှင် ဆိုခဲ့ပြီး သိမ်ပျက် ၁၁- မျိုးမဖြစ်စေဘဲ အောင်မြင်သော သိမ်ဖြစ်အောင် သမုတ်အပ်လေသည်။ ထိုသို့မဟုတ်လျှင် အောင်မြင်သော ဗဒ္ဓလက္ခဏာအမျတ်(၁) နှင့် ကိုက်ညီ ပြည့်စုံလေတော့သည်။

ရှင်သီလာနန္ဒာဘိဝံသ (D.Litt.)
အဂ္ဂမဟာမဏ္ဍိတ- အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
သိမ်သင်တန်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

ပစ္စည်း အမြန်ရောင်းထွက်စေသောနည်း

အဘဆရာကြီး မင်းသိင်္ခ၏ ဈေးရောင်းတဲ့ ဓာတ်ရိုက် ဓာတ်ဆင်နည်းကို အပြည့်အဝ ဖော်ပြပေးလိုက်ပါ တယ်။ တနင်္ဂနွေအစ စနေအဆုံး မည်သည့်ပစ္စည်းမဆို အောက်ပါအတိုင်း ဓာတ်ရိုက် ဓာတ်ဆင်ပြုလုပ်ပြီး လျှင်မြန်စွာ ရောင်းချနိုင်ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါတယ်။
အိမ်၊ အိုး စသော တနင်္ဂနွေနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်ပြုလုပ်ရမည့်နေ့------------------------------------တနင်္ဂနွေနေ့
ပြုလုပ်ရမည့်နာရီ----------------ညနေ ၃:ဝ၀ မှ ၄:၃၀ အတွင်း
ရောင်းမည့် ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------( ဠ )အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------သရက်ကိုင်း
ရိုက်ရမည့်အချက်ပေါင်း--------------------------- ၆-ချက်
မျက်နှာလှည့်ရမည့်အရပ်-------------------------- အရှေ့တောင်အရပ်
ဥပမာ သင်သည် အိမ်တစ်လုံးကို အမြန်ရောင်းထွက်ချင်သည် ဆိုပါစို့။ တနင်္ဂနွေနေ့ ညနေ
၃:ဝ၀ မှ  ၄:၃၀ အတွင်း အိမ်တံခါးပေါ်တွင် (ဠ)အက္ခရာကို ရေးပါ။ ပြီးလျှင် သင်၏မျက်နှာကို အရှေ့တောင်ဘက်သို့ လှည့်ပါ။ ထို့နောက် ၎င်း (ဠ) အက္ခရာအား သရက်ကိုင်းဖြင့် ၆-ချက်ရိုက်ပါ။ သင်ရောင်းလိုသော အိမ်သည် မြန်ဆန်စွာ တန်ရာတန်ဖိုးငွေဖြင့် ရောင်းထွက်သွားပါလိမ့်မည်။

ကား၊ ခြံ စသော တနင်္လာနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------တနင်္လာနေ့
ပြုလုပ်ရမည့်နာရီ-----------------နံက် ၉:ဝ၀ မှ ၁၀:၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(န)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------တမာကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၇-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အနောက်အရပ်

ဆိုင်၊ စက် စသော အင်္ဂါနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------အင်္ဂါနေ့
ပြုလုပ်ရမည့်နာရီ--------------နံက် ၇:၃၀ မှ ၉:ဝ၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(အ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------အုန်းညွန့်
ရိုက်ရမည့်အချက်ပေါင်း---------------------------၁-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့မြောက်အရပ်

ရွှေ၊ လှေ၊ လှည်း စသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်ပြုလုပ်ရမည့်နေ့------------------------------------ဗုဒ္ဓဟူးနေ့
ပြုလုပ်ရမည့်နာရီ-----------နံက် ၆:ဝ၀ မှ ၇:၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(င)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ခံတက်သား
ရိုက်ရမည့်အချက်ပေါင်း---------------------------၂-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------တောင်အရပ်

မြေ ၊ မြင်း စသော ကြာသပတေးနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------ကြာသပတေးနေ့
ပြုလုပ်ရမည့်နာရီ------------------ နေ့လည် ၁:၃၀ မှ ၃:ဝ၀-အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------ (ည)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား---------- ဇီးသားနှင့် အုန်းသားတွဲ၍
ရိုက်ရမည့်အချက်ပေါင်း---------------------------၃-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့အရပ်

သွတ်၊ သံ ၊ သစ် စသော သောကြာနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------သောကြာနေ့
ပြုလုပ်ရမည့်နာရီ---------------နံနက် ၁၀:၃၀ မှ ၁၂:ဝ၀အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(ဝ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား---------- ရင်ခတ်ကိုင်း (ဝါးနှင့် ကံ့ကော်သား)
ရိုက်ရမည့်အချက်ပေါင်း--------------------------- ၄-ချက်
မျက်နှာလှည့်ရမည့်အရပ်-------------------------- အနောက်တောင်အရပ်

အထည် ၊ ထီး စသော စနေနံ ပစ္စည်းများ အမြန်ရောင်းထွက်လိုလျှင်ပြုလုပ်ရမည့်နေ့------------------------------------စနေနေ့
ပြုလုပ်ရမည့်နာရီ--------------မွန်းတည့် ၁၂:ဝ၀ မှ ၁:၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(မ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ပင်စိမ်းကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၅-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------မြောက်အရပ်

စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့
http://www.heintinzaw.com/2012/07/blog-post_15.html

Sunday, August 12, 2012

နှစ် ၆၀ လောက်ကြာမှ တစ်ခါသီးတဲ့ ဝါးသီး

နှစ် ၆၀ လောက်ကြာမှ တစ်ခါသီးတဲ့ ဝါးသီး။  ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် တောင်ပေါ်ဒေသ သြရမအုပ်စု သလူပြားရွာမှာ သာသနာပြု တာဝန်ထမ်းဆောင်စဉ်(၂၀ဝ၉)က ရိုက်ခဲ့တာပါ..။
(Ven Dhammika)
https://www.facebook.com/photo.php?fbid=271060136312518&set=a.169724129779453.45437.100002256029131&type=1&permPage=1

အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)

ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည်ပေးထားကြပါတယ်။ နယူးယောက်စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။

ကုလသမဂ္ဂရုံးချုပ်အနီးမှာ တည်ရှိပြီး အတိအကျပြောရမယ်ဆိုရင် UN Headquarter နဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ သဘာဝကျွန်းမဟုတ်ပဲ လူလုပ်ကျွန်းဖြစ်ပါတယ်။ ၁၉၈၀ နောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေး လုပ်ငန်းရှင်က ဝီလီယျံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်း ရေအောက်ဖြတ် ရထားလိုဏ်ဂူဆောက်ဖို့ ဖြစ်ပါတယ်။

ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါလုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယင်းကျွန်းဆီကို ရေပေါ်ကော လိုဏ်ဂူကပါ အရောက်သွားနိုင်အောင် ပြုလုပ်ထားပါတယ်။ ယင်းကုန်းမြေလေးကို ၁၉၇၇ ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများရဲ့အားထားလေးစားတဲ့ ဒဿန ပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။

Sir Chinmoy ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် Chinmoy ကိုယ်တိုင် ယင်းကျွန်းကို U Thant Island လို့ အမည်ပေးလိုက်ပါတယ်။ ယခင်အမည်ကတော့ Belmont ကျွန်း ဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ပေ ၁၀ဝx၂၀ဝ ပတ်လည်သာ ရှိတဲ့ ယင်းကျွန်းကို ကမ္ဘာ့အထူးဆန်းဆုံး ကျွန်း ၁၀ ခုစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ အသေးငယ်ဆုံး ကျွန်းလည်း ဖြစ်ပါတယ်။


နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှ ၁၉၉၉ ခုနှစ်က ၃၀ ရာစုမှာ ပျောက်ကွယ်သွားမယ့် ကျွန်းလို့ ဖော်ပြခဲ့ပါတယ်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမော်ညှိများတွယ်ပြီး လှပနေတဲ့ ဦးသန့်ကျွန်းလေးဟာ ကမ္ဘာသိ ထူးဆန်း ကျွန်းငယ်လေး တစ်ခု ဖြစ်ပါတယ်။

ထားဝယ်ဒေသတွင်အသုံးပြုခဲ့သော ငွေဒင်္ဂါး..

ဓာတ်ပုံ- Yannaungsoe(ထားဝယ်ဂရု)

ပျူဒင်္ဂါး 
https://www.facebook.com/photo.php?fbid=323514781071416&set=a.322246504531577.72569.278835125539382&type=1&relevant_count=1 

မြို တိုင်းရင်းသားတို့၏ တူရိယာ

မြို တိုင်းရင်းသားတို့၏ တူရိယာ ဗူးခါးသီးကိုပြုလုပ်ထားသော သလူပြားရွာက ရိုးရာပလွေ ...

Sunday, August 5, 2012

ရေဆင်ဆိုတာ ရှိသလား?




ရေဆင်ဆိုသော သတ္တဝါ ရှိမရှိ ယခုတိုင် အငြင်းပွားဆဲဖြစ်ပါသည်။ သို့သော် ဆင်သမားတိုင်းကတော့

ရေဆင်တကယ်ရှိကြောင်း ပြောဆိုနေကြဆဲပါ။ ရေဆင်သည် ရေထဲတွင် ငါးများကဲ့သို့ နေနိုင်ပြီး ကုန်းပေါ်တွင် နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါသည်။ ရေဆင်သည် ဆင်ပုံစံအသေးစားလေးဖြစ်ပြီး အရွယ်အစားမှာ အလျားလေးလက်မ၊ ငါးလက်မ၊ အမြင့် သုံးလက်မခန့် ရှိသည်ဆိုသည်။ ရေထဲရှိ ရေမှော်ပင်များကို စားသောက်ကာ အသက်ရှင်နေကြပြီး ညအခါကြမှ ကုန်းပေါ်သို့ တက်တတ်သည်ဟုဆိုသည်။ ကျောက်ဆောင်ကျောက်တုံးများ ပေါသောရေအိုင်များတွင် အနေများတတ်သည်။ ရေဆင်သည် အဆိပ်ပြင်းသည်ဟု ဆိုကြသည်။ ရေဆင်ရှိသော နေရာများကို ကုန်းဆင်ကြီးများ မလာရဲကြပေ။ ရေဆင်ကိုက်လျှင် ချက်ချင်းသေတတ်သည်ဟု သိရသည်။

၁၉၇၀- ပြည့်နှစ်လောက်တွင် ရေဆင်အကြောင်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်ဘူးလေသည်။ ၁၉၇၀- ပြည့်နှစ်၊ သြဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် သံတွဲမြို့နေ တိရစ္ဆ ာန်ဆေးကုဆရာဝန် ဦးဘမြိုင်ကိုယ်တိုင် ရေဆင်အမတစ်ကောင်၊ အထီးတစ်ကောင်(အသေ)ကို တံငါသည်များမှတဆင့် ရရှိခဲ့ဖူးကြောင်း ပါရှိလေသည်။ ရေဆင်အမကို ၁၉၃၀-ပြည့်နှစ်တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့၊ သရွန်ဂါကျွန်းအုပ်စု အပါအဝင် ဆံတော်ရှင်ကျွန်းတောင်ဖက်ကမ်းမှ ရရှိခဲ့သည်။ ရေဆင်အထီးကို ၁၉၃၅-ခုနှစ်တွင် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဖက်မှ ရရှိခဲ့ဖူးကြောင်း ရေးသားထားသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား တောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဖက် သစ်တောအတွင်း ကျောက်ရေအိုင် တစ်ခုမှ ရေဆင်တစ်ကောင် အရှင်ဖမ်းမိခဲ့သည်ဟု ရေးသားခဲ့သည်။ ရေဆင်အမ၏ အရောင်သည် မွဲပြာ၍ ချောမွေ့သည်။

ခြေနှင့်လက်ပါရှိသည်။ ခြေချောင်းငယ် လေးချောင်းစီပါသည်။ အထက်အောက် အံ့သွားနှစ်ချောင်းစီ တွေ့ရသည်။ ဆင်မတစ်ကောင်၏ အစိတ်အပိုင်းပါရှိသည်။ အသားစားသည့် လက္ခဏာမရှိ၊ ရေမှော်များသာ စားသည်။ ရေဆင်အထီးသည် မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်။ ခြေချောင်း လေးချောင်းစီရှိသည်။ အဖြူရောင်အစွယ်ရှိပြီး လုံးပတ်မှာ မီးခြစ်ဆံချောင်းခန့် ရှိသည်။ အထက်အောက် အံ့သွား ပါရှိသည်။ မျိုးပွားအင်္ဂါ အပြည့်အစုံ ပါရှိသည်။

မန်လည်မြို့ဟောင်းရှိ မန်လည်ဆရာတော်ပြတိုက်တွင် မီးခြစ်ဆံချောင်းခန့်ရှိသော ရေဆင်စွယ်ကို ပြသထားလေသည်။ တစ်ချိန်က ရုပ်ရှင်မင်းသားတစ်ဦးသည် နိုင်ငံတော်ကို ထူးဆန်းသည့် ရေဆင်(အသေ)တစ်ကောင်ကို လှူဒါန်းကြောင်း သတင်းစာထဲတွင် ပါရှိလေသည်။ ထိုလှူဒါန်းလိုက်သော ရေဆင်သည် ရေဆင်အစစ်မဟုတ်ဘဲ မြေကြွက်ကို လုပ်ထားကြောင်း စာရေးဆရာ သာဂဒိုးက စိုက်ပျိုးရေးပြတိုက်သို့ တင်ပြအသိပေး ဖော်ထုတ်ဖူးသည်။ ထိုသို့ ဇာတ်လမ်းများကြောင့် အထောက်အထား လက်ဆုပ်လက်ကိုင် ပြစရာမရှိသဖြင့် ရေဆင်ဆိုသည်မှာ ပုံပြင်ပမာဖြစ်သွားခဲ့ရလေသည်။
                                                                                                                                            (မြတ်သုတ)

*ကိုးကား။      ။ ဖိုးကျော့၏ ဆင်သင်္ချိုင်း ရှာပုံတော်နှင့် အခြားဝတ္ထုတိုများ၊
                          မောင်ကြည်သန့်၏ အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာဖြစ်ရပ်(၁၀ဝ)၊
                          သာဂဒိုး၏ စာနယ်ဇင်း စွမ်းအား အသုံးမှားသော် ဆောင်းပါး၊

Saturday, August 4, 2012

ရန်ကုန်ဗဟိုအကျဉ်းထောင်


၁၉၄၅ မေလ ၃ ရက်နေ့။ရန်ကုန်ဗဟိုအကျဉ်းထောင်(အင်းစိန် အကျဉ်းထောင်မဟုတ်) ကိုကောင်းကင်ဗျူးမှမြင်ရစဉ်း။ ပုံတွင် အကျဉ်းထောင်၏ခေါင်မိုးပေါ်၌ ဂျပန်များက မဟာမိတ်တပ်တပ်သားများအား ချုပ်နှောင်ထားသောကြောင့် မဟာမိတ်လေယာဉ်များဗုံးမကြဲမိစေရန် " British Here"ဟူသော သတိပေးစာတန်းကြီးအားတက်ရေးထားသည်ကိုထင်ရှားစွာတွေ့နိုင်သည်။စစ်ကြီးအပြီးတွင် ဤအကျဉ်းထောင်အတွင်း၌ပင် နိုင်ငံတော်လုပ်ကြံမှုတရားခံများဖြစ်သည့် ဂဋ္ဌုန်ဦးစော၏ ကြံရာပါနှစ်ဦးအား ကြိုးပေးကွပ်မျက်ခဲ့သည်။

Monday, July 30, 2012

မင်းကွန်း ခေါင်းလောင်းကြီး

မင်းကွန်း ခေါင်းလောင်းကြီးကို (ခရီးသွား) ပြည်သူတို့ မ တည်ငွေဖြင့် ၁၈၉၆ခု မတ်လ တွင် ဧရာဝတီသင်္ဘောကုမ္ပဏီ မှ ခေါင်းလောင်းစင် အသစ်ဆောက်လုပ်နေစဉ်က....
ခုခေတ် မင်းကွန်းခေါင်းလောင်း

မင်းကွန်:ရွှေပြည် Mingun Ancient Land,Myanmar Oil on Canvas by U Mar Lar

မင်းကွန်:ခေါင်းလောင်း Mingun Bell

The pride of Mingun, if not for Mandalay or even for the entire nation, as it is always refers as “The World Largest (Intact) Bell”! King Bodawpaya had it casted in 1808 on an island of Ayarwaddy River to dedicate to his gigantic pagoda. Having 90-tonnes, it is claimed to be the largest hung, un-cracked, working bell in the world, although there is a bell in Moscow, which is three times larger than Mingun bell but cracked. Originally, it was supported with huge teak posts but now replaced with the steels frames after the 1838 earthquake.


Saturday, July 21, 2012

ဒီချုပ်ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း

ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီး ခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလို ဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မဝမ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့ စကားကတော့ သက္ကတ ဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျုးိရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျုးိရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးကတည်းကမတူလာဘူးဆိုပေမယ့်လည်း ပြုစုပျိုးထောင်မှုနဲ့ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီး တယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံ သားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။ တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ် အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းက သူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည် သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှ အာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာ ထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည် စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊ တကယ်ပဲ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။ တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာ မလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာ တစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့ မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည် စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့ စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့ အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘဝတုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘဝတုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘဝတုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရဝတရားပြည့်ပြည့်ဝ၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကို မြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့ လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။ အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘဝတုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အဝနဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလို ကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီး မွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။