Showing posts with label ယဉ်ကျေးမှု၊ သမိုင်း. Show all posts
Showing posts with label ယဉ်ကျေးမှု၊ သမိုင်း. Show all posts

Monday, July 16, 2012

စုဘုရားလတ်၏ ခါးစည်းတော်

ထူးခြားလှသည့် အရည်အချင်း ရှိသောလက်ရာ ဖြစ်သည့် ပရနကန် ရတနာ ပစ္စည်းတစ်ခုမှာ ပုံတွင် ဖော်ပြထားသည့် ရွှေဖြင့် ပြုလုပ်ထားသော စိန်ခါးစည်း ဖြစ်သည်။ ထိုခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံးများနှင့် ပုံဖော်ထားသည်။ ဤခါးစည်းကို ၂၀ ရာစုနှစ် အစောပိုင်းလောက်က ထူးခြားလှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများဖြင့် ပြုလုပ်ထားသည်။ ဘာကယ်လ် (Buckle) နှင့် ဘေး...မှစိန်များသည် အဝါ ရောင်စိန်၊ အညိုရောင်စိန်နှင့် ပန်းရောင်သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒေါင်းရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထားသော စိန်ဖြစ်ပုံ ရ၍ အလေးချိန် ၅ ကာရက်ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ်(Buckle) ဒီဇိုင်းပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင်ထိုး သဖွယ် သုံး၍ ရသည်။

ဤခါးစည်းသည် အိန္ဒိယတောင် ပိုင်းမှ ပန်းထိမ်ဆရာများ လက်ရာ ဖြစ်သည်ဟု ယုံကြည်ရသည် ဟူ၍ ဖော်ပြထားပေရာ အရှင် နှစ်ပါး မဒရပ်ရောက်မှ သို့မဟုတ် ရတနာဂီရိ ရောက်စနှစ်များမှ ဤစိန်ခါး စည်းတော်ကို လုပ်လေသည်လား (သို့မဟုတ်) အိန္ဒိယ တောင်ပိုင်း လက်ရာ စိန်ခါးစည်းတော်ကို အရှင်နှစ်ပါး ရတနာပုံ နန်းတွင် စံစဉ်ကပင် မန္တလေးမှ အသုံးတော်ခံ (ဘုရင်အား တိုင်းတစ်ပါးမှ ပစ္စည်း ဝင်ရောက် ဆက်သွင်းရသူ၊ များသောအားဖြင့် မြန်မာ-မွတ်စလင်များ) တို့က ဆက်သလေသည်လား ဆိုသည့် အချက်နှစ်ချက်တွင် တစ်ချက်ချက် ဖြစ်မှာ သေချာသလောက်ရှိ၏။ (မောင်သန်းဆွေ ထားဝယ်)
ယခုလက်ရှိ မည်သည့်နေရာတွေ ရောက်နေသည်ကို မသိရပါ။

ကိုးကား - မြန်မာ့နန်းစဉ် ရတနာများ