Thursday, April 23, 2009

ပေတစ်ရာပေါ်မှာ စာရေးတဲ့ အရူးတစ်ယောက် အကြောင်း

ကျွန်တော် ငယ်ငယ်က ကျောင်းကအပြန် ပေတစ်ရာလမ်းမပေါ်မှာ မြေဖြူနဲ့ အင်္ဂလိပ်စာတွေ ရေးနေတဲ့ အရူးတစ်ယောက်ကို တွေ့ဖူးပါသည်။

ထိုအရူးသည် စာတတ်ပေတတ်အရူး ဖြစ်လိမ့်မည်ထင်သည်။ ပေတစ်ရာပေါ်မှာ ရေးသော အင်္ဂလိပ်စာသည်မှာ အတော်လှ၏။ ဘာတွေရေးထား သည်ကို မသိပါ။ ကားလမ်းပေါ်မှာရေးတော့ ကားလာရင် ဒီအရူးသည် ကားတိုက်မည်ဆိုး၍ ပလက်ဖောင်းပေါ် တက်ပြေးသည်။ ကားမရှိလျှင် စာပြန်ရေးသည်။ သူရေးသောစာများသည် ကားများဖြတ်သွားသဖြင့် စာများပျက်ကုန်၏။ ဒီအရူးကတော့ ဘယ်လိုနေသည်မသိ ကျွန်တော်ကတော့ တော်တော်စိတ်မကောင်းပါ။

အခုလည်း ကျွန်တော်တို့အဖြစ်က အွန်လိုင်းပေါ်မှာ စာရေးနေတဲ့ အရူးတွေများ ဖြစ်နေမလားဘဲ၊ ကိုယ်ရေးတဲ့စာတွေ ပျက်ကုန်မှာ ဘယ်တော့များ ပျောက်ကုန်မှာကို ရင်တထိပ်ထိပ်နဲ့ ဆက်လက်ရေးသားနေဆဲ...။

No comments: