Sunday, July 15, 2012

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို ၁၉၄၉-ခုနှစ်၊ ဇန်နဝါရီလ ၄-ရက်နေ့မှ စတင်၍
ပေးအပ်ခဲ့သည်။ မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော သာသနာ့ အာဇာနည် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ ၁၃ ပါး ပေါ်ထွက်ခဲ့ပါတယ်။ သာသနာ့အာဇာနည် အရှင်မြတ်များမှာ....

(၁)(၁၉၅၃)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ (ဇာတိ - မန္တလေးတိုင်း၊
မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ မွေးရက် - ၁၂၇၃ခု၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက် ဗုဒ္ဓဟူးနေ့ (၁၉၁၀-၁၉၉၃)

(၂)(၁၉၅၉)ပခုက္ကူ တိပိဋကဓရဆရာတော် ဘဒ္ဒန္တနေမိန္ဓ(၁၉၂၈-၁၉၉၁)

(၃)(၁၉၆၃)ပြည် တိပိဋကဓရဆရာတော် ဘဒ္ဒန္တကောသလ္လ၊ (၁၉၂၇-၁၉၉၅)

(၄)(၁၉၇၂) ရန်ကုန် တိပိဋကဓရဆရာတော် မဟာဂန္ဓာရုံဆရာတော်ကြီး  ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ၊ (၁၉၄၆-၂၀၀၆)

(၅)(၁၉၈၄) ယော တိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ (၁၉၄၃- သက်ရှိ )

(၆)(၁၉၉၄) ရေစကြို တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ (ဇာတိ - မကွေးတိုင်း၊ ရေစကြိုမြို့၊
ရွှေကျောင်းရွာ၊ ၁၆-၃-၁၉၅၅ (ဗုဒ္ဓဟူး) (၁၉၅၅- သက်ရှိ )

(၇)(၁၉၉၉) မော်ကျွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(ဇာတိ - ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ပန်းတောစုရွာ၊ ၁၀-၁-၁၉၆၄ (သောကြာ)(၁၉၆၄- သက်ရှိ )

(၈)(၁၉၉၉) မြင်းမူ တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ (ဇာတိ - စစ်ကိုင်းတိုင်း၊ မြင်းမူ၊ ခွက်ခွင်းရွာ။ ၃-၁၁-၁၉၆၅ (ဗုဒ္ဓဟူး)(၁၉၆၅- သက်ရှိ )

(၉)(၂၀၀၀) မြင်းခြံ တိပိဋကဓရဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ၊ (ဇာတိ - မန္တလေးတိုင်း၊
မြင်းခြံ၊ လေးအိမ်တန်းကျေးရွာ၊ ၄-၃-၁၉၆၈ (တနင်္လာ)(၁၉၆၈- သက်ရှိ )

(၁ဝ)(၂၀၀၃) မြိုင် စွန်းလွန်းဆရာတော် တိပိဋကဓရဆရာတော် ဘဒ္ဒန္တသုန္ဒရ၊(၁၉၅၅- သက်ရှိ )

(၁၁)(၂၀၀၃)ရမ္မာဝတီ တိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ မန်ကျည်းကျွန်းရွာ၊ ၁၇-၇-၁၉၆၀ (တနင်္ဂနွေ)(၁၉၆၀- သက်ရှိ )

(၁၂)(၂၀၀၉)စစ်ကိုင်း တိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသ(၁၉၆၈ - သက်ရှိ )

(၁၃) (၂၀၁၂)စစ်ကိုင်း တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ (ဇာတိ - စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြူးတူးရွာ။ ၂၇-၁၂-၁၉၆၄ (တနင်္ဂနွေ)(၁၉၆၄- သက်ရှိ )
တို့ ဖြစ်ပါတယ်။

 တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ
၆၄ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွှေးချယ်ရေး စာမေးပွဲမှာ ပလ္ဌင်အမှတ် (၂၁၆) အရှင် ဣန္နာစရိယ၊ သက်တော် (၄၇)၊ သိက္ခာတော် (၂၇) ဝါ၊ တိပိဋကနိကာယကျောင်းတိုက်၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်း သည် အဘိဓမ္မပိဋက၊ အဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်း သဘောရေးဖြေအောင်မြင်ကာ တိပိဋကဓရ၊ တိပိဋကကောဝိဒ တစ်ပါးပေါ်ထွက်ကြောင်း သတင်းစာများမှာ ဖေါ်ပြ ပါရှိပါတယ်။

မြန်မာပြည်မှာ သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုတဲ့ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးရဲ့ အကြောင်းကို အခွင့်ကြုံခိုက် ဗဟုသုတ ပွားများရန်အလို့ငှာ တင်ပြလိုပါတယ်။ မြန်မာနိုင်ငံမှာ ယခုနှစ်မှာ (၆၂)ကြိမ်မြောက်အထိ ကျင်းပလာခဲ့တဲ့ စာမေးပွဲများမှာ ၂ဝ၁ဝ ခုနှစ်အထိ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ အောင်မြင်တဲ့ ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိပါတယ်။ ဖြေဆိုရတဲ့ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့် ဘွဲ့များကို ဗဟုသုတ ပွားများနိုင်ရန်အလို့ငှာ တင်ပြပါမယ်။
                            ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့် (၄ဝ)၊ ကျမ်းပေါင်း (၅၄)ကျမ်း၊ စာမျက်နှာအားဖြင့် (၁၆၇၅၅)မျက်နှာ ရှိ၍ အဋ္ဌကထာ (၅၁)အုပ်၊ ဋီကာ (၂၆)အုပ် ရှိရာ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးနှင့် ကျမ်းအစုံ (၄ဝ)လုံးပြဋ္ဌာန်းထားသော်လည်း သင်ရိုးပိဋကတ်(၃)ပုံ ကိုသာ အများအားဖြင့်ပြန်ဆိုကြ၊ ဖြေဆိုကြပါတယ်။ ယင်းသင်ရိုးပိဋကတ်(၃)ပုံမှာ (၁) ပါဠိတော်(၅)ကျမ်း၊ အုပ်ရေ(၅)အုပ်၊ စာမျက်နှာ (၂၂၆ဝ)။ (၂) သုတ္တန္တာပိဋက ပါဠိတော်(၃)ကျမ်း၊ အုပ်ရေ(၃)အုပ်၊ စာမျက်နှာ(၇၇၉)။ (၃) အဘိဓမ္မာပိဋကပါဠိတော်ရှေ့ပိုင်း(၅)ကျမ်း၊ အုပ်ရေ(၄) အုပ်၊ စာမျက်နှာ(၁၃၉ဝ)၊ပါဠိတော်နောက်ပိုင်း(၂)ကျမ်း၊ အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)၊အားလုံးပေါင်းအုပ်ရေ(၂ဝ)၊စာမျက်နှာ (၈ဝ၂၆)ရှိပါဠိတော်ကြီးများကို အာဂုံပြန်ဆိုအောင်မြင်ပါက ‘တိပိဋကဓရ’ဘွဲ့ကိုရရှိ၍ ယင်းပါဠိတော်အသီးသီး၏အဖွင့်ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏဂဏ္ဌိစသော ကျမ်းများလာ အဓိပ္ပာယ်များကို သဘောရေးဖြေအောင်မြင်ပါက ‘တိပိဋက ကောဝိဒ’ဘွဲ့ကို ရရှိပါတယ်။
ပိဋကတ်တစ်ခုပုံကို အာဂုံပြန်ဆိုအောင်မြင်က အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက်၊ သုံးပုံလုံး ပြန်ဆိုအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်းခံရပါတယ်။ ပိဋကတ်တစ်ပုံကို သဘောရေးဖြေအောင်မြင်က အရိုးဝါကနက္ကဒဏ် ထီးဖြူတော် တစ်လက်၊နှစ်ပုံအောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့်အောင်လက်မှတ်၊ ကုန်းလမ်း၊ရေလမ်းအထက်တန်းအခမဲ့ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်း ဆန်တော်အလှူအဖြစ် (နဝကမ္မဝတ္ထု)တို့ကို နိုင်ငံတော်အစိုးရက လှူဒါန်းပါတယ်။ သုံးပုံလုံးရေးဖြေအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တံဆိပ်သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ကုန်းလမ်း၊ရေလမ်း၊ လေလမ်း သုံးဌာန အခမဲ့အထက်တန်း
ခရီးသွားလက်မှတ်နှင့်လစဉ် ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းပါတယ်။
တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပါသည်။
       ပိဋကတ်သုံးပုံနှုတ်ငုံပြန်ဆိုပွဲမှာ စာပြန် ရက်(၁၈)ရက်ရှိ၍ (၃)ရက်ပြန်ဆို၊တစ်ရက်နားစနစ်ဖြင့် နားရက်(၆)ရက်ထည့်ပေါင်းက စာပြန်ရက်(၂၄)ရက်ရှိပါတယ်။ ယင်းနေ့စဉ်ပြန်ဆိုမှု မှတ်တမ်းများကို စုပေါင်းစစ်ဆေး၍ အောင်စာရင်းထုတ်ပြန်ခြင်းပြုရန် နှစ်ရက်အချိန်ယူရပါတယ်။ ထို့နောက် သဘောရေးဖြေစာမေးပွဲ(၅)ရက်နှင့် အဖြေလွှာစစ်ဆေး၊ အောင်စာရင်းထုတ်ခြင်း နှစ်ရက်ပေါင်းက စာမေးပွဲကျင်းပသည့်ရက် (၃၃)ရက်ကြာမြင့်သည့်အတွက် ကမ္ဘာပေါ်တွင် ရက်အကြာဆုံးစာမေးပွဲဟု ဆိုရတာ ဖြစ်ပါတယ်။
အထက်ပါပြဋ္ဌာန်းကျမ်းစာများကို အာဂုံဆောင်နိုင်ဖို့ သဘောရေးဖြေအောင်မြင်ဖို့ဆိုတာက အလွန်ကျိုးစားရကာ တော်ရုံတန်ရုံဇွဲလုံ့လဖြင့်တော့ လုံးဝ မလွယ်ကူနိုင်ပါ။ ကံ၊ ဥာဏ်၊ ဆန္ဒ ဝီရိယနဲ့  ကျန်းမာရေးကောင်းသော သာသနာ့အာဇာနည်များသာ ပြန်ဆိုဖြေဆိုနိုင်တယ်လို့ သိရပါတယ်။
မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂)ပခုက္ကူတိပိဋကဓရဆရာတော်ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည်တိပိဋက ဓရဆရာတော်ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန်တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယောတိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြိုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇)မော်ကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံတိပိဋကဓရဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊
(၁ဝ) မြိုင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီတိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂)စစ်ကိုင်းတိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသတို့သာ (၆၂) ကြိမ်မြောက် စာမေးပွဲအထိတွင် (၁၂)ပါးသာ ရရှိတော်မူခဲ့ခြင်းဖြစ်ပြီး ယခုထပ်မံပေါ်ထွက်လာသော ဆရာတော်  အရှင် ဣန္နာစရိယ အပါအဝင် မြန်မာနိုင်ငံတော်တွင် ၁၃ ပါးသာ ပေါ်ထွန်းတော်မူသေးတယ်လို့ သိရပါတယ်။
ထိုသို့ ခက်ခဲတော်မူလှသော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တော်ရ ဆရာတော်များ နှင့် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးရဲ့ အကြောင်းကို အခွင့်ကြုံခိုက် ရွာထဲမှာ ဗဟုသုတ ပွားစေခြင်းဌာ စိန်သော့မှ တိပိဋကနိကာယ မှတ်တမ်းများ၊ စာအုပ်ဂျာနယ်များမှ ဖတ်မှတ် ရယူထားသည့် တိပိဋကစာမေးပွဲအကြောင်း မှတ်စုများမှ မှီငြမ်းပူဇော်ရေးသား လိုက်ရပါတယ်။
(ရေးသားမှုထဲတွင် ချို့ယွင်းချက် တစ်စုံတရာ ပါရှိသွားပါက ကျွန်တော့်ရဲ့ အားနဲချက်သာ ဖြစ်ပါကြောင်း)
                                                                                                        စိန်သော့
-------------------

မြန်မာနိုင်ငံသာသန အာဇာနည်များ

 အာဇာနည်ဆိုသည်မှာ

" အာဘုသော ကာရဏာ ကာရဏံ

ဇာနာတီတိ အာဇာနီယော "

အာဘုသော - ရည်ရွယ်ချက်ပြင်းပြင်းထန်ထန် ကာရဏံ - သုခလောကဓံ၊ ဒုက္ခလောကဓံ၊ ကျိုးကြောင်းမှန်ကို ဇာနာတိ- ဆင်ခြင်သိမှန်သည်းခံနိုင်၏။ ဣတိတသ္မာ - ထိုအကြောင်းကြောင့်၊ အာဇာနည်ယော - အာဇာနည်မည်၏။


အာဇာနည်ဆိုသည်မှာ သုခဒဏ်၊ ဒုက္ခဒဏ် လောကဓံနှစ်မျိုးကို ကြံ့ကြံ့ခံနိုင်မှအာဇာနည်ဟူ၍ ခေါ်ဆိုရပါသည်။


ရဟန်းရှင်လူ သူရောငါပါ လူမှန်သမျှ ယေဘုယျသဘောအားဖြင့် ဆင်းရဲဒုက္ခဆိုသော လောကဓံအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင် ကြပေမည့် ကြီးပွားချမ်းသာလာသောအခါ သုခဆိုသော လောကဓံကို ခံနိုင်ဖို့ရာ မလွယ်ကူလှပါ။ ရာထူးစည်းစိမ် ဂုဏ်ရှိန် အာဏာထင်ပေါ်မှုစသော အရှိန်အ၀ါများပေါ်တွင် ယစ်မူးသာယာပြီး မိမိ၏ဘ၀ကို မေ့သွားတတ်ပါသည်။ ဤ ကဲ့သို့ဘ၀ကို ရွှေ့သွားလျှင်လည်း အာဇာနည်ဟူ၍ မဆိုနိုင်တော့ပါ။ ထို့ကြောင့် အာဇာနည်ဘွဲ့ချီးမြှင့်ခဲ့ရသော အရှင် ကောင်း အရှင်မြတ်ပုဂ္ဂိုလ်ကောင်း ပုဂ္ဂိုလ်မြတ်တို့သည် အာဇာနည်ဘွဲ့နှင့် ထိုက်တန်အောင် သုခဒဏ်၊ ဒုက္ခဒဏ် ဟူသော လောကဓံများကို ကြံ့ကြံ့ခံ ကြိုးစားအားထုတ်ကြရသည်။


မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလိုထွန်းလင်းထိန်ဖြာနေစေရန် တိပိဋကဓရ သာသန အာဇာနည်ရွေးချယ်ပွဲကြီးကို နှစ်စဉ်ကျင်းပပေးခဲ့ရာ ယခုဆိုလျှင် (၆၂) ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်ပါသည်။ ပထမဆုံး အကြိမ် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ၁၃၁၀-ခုနှစ်၊ တပို့တွဲလဆန်း (၆)ရက်နေ့တွင် ရန်ကုန်မြို့ မဟာစည်သာသန ရိပ်သာ စံကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။ နောင်နှစ်များတွင် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော် ကြီးတွင်လည်းကျင်းပခဲ့သည်။


ဤသို့ဖြင့် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို အကြိမ်ကြိမ်ကျင်းပလာခဲ့ရာ-


(၁) ၁၃၁၅-ခု၊ (၆)ကြိမ်မြောက်တွင် မင်းကွန်းဆရာတော် ဥူးဝိစိတ္တသာရဘိဝံသ


(၂) ၁၃၂၁-ခု၊ (၁၂) ကြိမ်မြောက်တွင် ပခုက္ကူဆရာတော် ဥူးနေမိန္ဒ


(၃) ၁၃၂၅-ခု၊ (၁၆)ကြိမ်မြောက်တွင် ပြည်ဆရာတော် ဥူးကောသလ္လ


(၄) ၁၃၃၅-ခု၊ (၂၆) ကြိမ်မြောက်တွင် ဆရာတော် ဥူးသုမင်္ဂလာလင်္ကာရ၊ စသည်ဖြင့် ၁၃၃၅-ခုနှစ်အထိ တိပိဋကဓရဆရာတော် (၄)ပါး ပေါ်ထွက်ခဲ့ပါသည်။

ယင်းသာသန အာဇာနည်ဆရာတော်ကြီး (၄)ပါး ပေါ်ထွက်ပြီးနောက် သာစည်မြို့၌ ၁၃၄၃-ခု၊ ၀ါဆိုလဆန်း (၈)ရက်နှင့် (၉)ရက်နေ့များတွင် မြို့နယ်လုံးဆိုင်ရာ တိပိဋကဓရ ချီးကျူးပူဇော်ပွဲကြီးကို ကျင်းပခဲ့ပါသည်။

ယင်းဆရာတော်များအနက်

- ဆရာတော် ဥူးနေမိန္ဒသည် ၁၃၅၃-ခု၊ နယုန်လပြည့် (၂၇-၅-၁၉၉၁) တနင်္လာနေ့ မွန်းတည့် (၁၂)နာရီ (၁၃)မိနစ်တွင် ရန်ကုန်မြို့ အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ လည်းကောင်း၊

-ဆရာတော် ဥူးဝိစိတ္တသာရဘိဝံသသည် ၁၃၅၃-ခု၊ တပို့တွဲလဆုတ် (၃)ရက်၊ (၉-၂-၁၉၉၃) နေ့တွင် စစ်ကိုင်းတောင်ရိုး၊မင်းကွန်းဓမ္မနာဒ တိုက်ကျောင်းတွင်လည်းကောင်း


-ဆရာတော် ဥူးကောသလ္လသည် ၁၃၅၇-ခု၊ တန်ဆောင်ဆုန်း လဆုတ် (၁၀)ရက် (၁၆-၁၁-၁၉၉၅) ကြာသပတေးနေ့၊ နံနက် (၁)နာရီ(၄၅)မိနစ်တွင် ရန်ကုန်မြို့၊ ရန်ကင်း ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်၌ လည်းကောင်း၊ အသီးသီး ပျံလွန်တော်မူခဲ့ကြသဖြင့် ဆရာတော် ဥူးသုမင်္ဂလာ လင်္ကာရ တစ်ပါသားလျှင် ကျန်ရှိပါသည်။


နောင်နှစ်များတွင်လည်း တိပိဋကဓရ သာသန အာဇာနည်ရွေးချယ်ပွဲကြီးကို ဆက်လက်ကျင်းပခဲ့ရာ -


(၅) ၁၃၄၆-ခုနှစ်၊ (၃၇)ကြိမ်မြောက်တွင် ယောဆရာတော် ဥူးသိရိန္ဒာဘိဝံသ


(၆) ၁၃၅၆-ခုနှစ်၊(၄၇)ကြိမ်မြောက်တွင် ဆရာတော် ဥူးဝါယမိန္ဒ


(၇) ၁၃၅၉-ခုနှစ်၊ (၅၀)ကြိမ်မြောက် (ရွှေရတု)တွင် ဆရာတော် ဥူးသီလက္ခန္ဓာဘိဝံသ


(၈) ၁၃၅၉-ခုနှစ်၊ (၅၀)ကြိမ်မြောက် (ရွှေရတု)တွင် ဆရာတော် ဥူးဝံသပါလင်္ကာရ


(၉) ၁၃၆၂-ခုနှစ်၊ (၉) ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဥူးဂန္ဓမာလာလင်္ကာရ


(၁၀) ၁၃၆၅-ခုနှစ်၊ (၁၀) ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တသုန္ဒရ


(၁၁) ၁၃၆၅-ခု ၊ (၁၁)ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင် ဣန္ဒပါလ


(၁၂) ၁၃၇၂ -ခု၊ (၁၂)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ စသည်ဖြင့် ယခုတိုင်အောင် တိပိဋကဓရ သာသန အာဇာနည်ဆရာတော် (၁၂)ပါး ပေါ်ထွက်လာခဲ့ပြီဖြစ်ပါသည်။

----------------------------------

ကမ္ဘာပေါ်၌ရက်အရှည်ကြာဆုံးနှင့်အောင်မြင်ရန် အခက်ခဲဆုံးစာမေးပွဲကြီး

၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ်တွင် စာရေးသူ ဇေယျမြတ်ခိုင် ရေးသားထားသော မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန်အခက်ခဲဆုံးဖြစ်သည့် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး၏ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့်ဘွဲ့များအကြောင်းကို စာဖတ်သူ ဓမ္မမိတ်ဆွေသူတော်ကောင်းများ သိရှိစေရန်အလို့ငှာ ကျွန်တော် ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
ဆောင်းပါးမူရင်းမှာ-
မြန်မာနိုင်ငံတွင် (၆၂)ကြိမ်မြောက် ကျင်းပခဲ့သည့် စာမေးပွဲတွင် ယနေ့(၂ဝ၁ဝ)အထိ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ အောင်မြင်သည့် ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိသေးသည့်အတွက်ကြောင့်လည်း ဖြစ်သည်။ ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့် (၄ဝ)၊ ကျမ်းပေါင်း(၅၄)ကျမ်း၊ စာမျက်နှာအားဖြင့် (၁၆၇၅၅)မျက်နှာရှိ၍ အဋ္ဌကထာ(၅၁)အုပ်၊ ဋီကာ(၂၆)အုပ် ရှိရာ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲကြီးနှင့်ကျမ်းအစုံ(၄ဝ)လုံးပြ ဋ္ဌာန်းထားသော်လည်း သင်ရိုးပိဋကတ် (၃)ပုံကိုသာ အများအားဖြင့်ပြန်ဆိုကြ၊ ဖြေဆိုကြပါသည်။
သင်ရိုးပိဋကတ်(၃)ပုံမှာ-
(၁) ပါဠိတော်(၅)ကျမ်း၊ အုပ်ရေ(၅)အုပ်၊ စာမျက်နှာ (၂၂၆ဝ)။
(၂) သုတ္တန္တာပိဋက ပါဠိတော်(၃)ကျမ်း၊ အုပ်ရေ(၃)အုပ်၊ စာမျက်နှာ(၇၇၉)။
(၃)အဘိဓမ္မာပိဋကပါဠိတော် ရှေ့ပိုင်း(၅)ကျမ်း၊ အုပ်ရေ(၄)အုပ်၊ စာမျက်နှာ(၁၃၉ဝ)၊ ပါဠိတော်နောက်ပိုင်း(၂)ကျမ်း၊ အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)
အားလုံးပေါင်းအုပ်ရေ(၂ဝ)၊ စာမျက်နှာ(၈ဝ၂၆)ရှိ ပါဠိတော်ကြီးများကို အာဂုံပြန်ဆိုအောင်မြင်ပါက ‘တိပိဋကဓရ’ ဘွဲ့ကို ရရှိ၍ ၎င်းပါဠိတော်အသီးသီး၏ အဖွင့်ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏဂဏ္ဌိစသော ကျမ်းများလာ အဓိပ္ပာယ်များကို သဘော ရေးဖြေအောင်မြင်ပါက ‘တိပိဋက ကောဝိဒ’ ဘွဲ့ကို ရရှိပါသည်။
ထိုတွင် (၁) ဝိနယပိဋက၌
(၁) ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ(၃၈၁)၊ (၂)ပါစိတ္တိယပါဠိတော်စာမျက်နှာ(၄၇ဝ)။
အားလုံးပေါင်း (၈၅၁)မျက်နှာကို ပြန်ဆို အောင်မြင်ပါက ‘ဥဘတောဝိဘင်္ဂဓရ’ ဘွဲ့ရရှိပါသည်။
ဆက်လက်၍ (၃)မဟာဝဂ္ဂပါဠိတော် စာမျက်နှာ(၅၁၁)၊ (၄)စူဠဝဂ္ဂါ ပါဠိတော်စာမျက်နှာ(၅ဝ၈)၊ (၅)ပရိဝါပါဠိတော် စာမျက်နှာ(၃၉ဝ)။ အားလုံးပေါင်း (၁၄ဝ၉)မျက်နှာကို ဖြေဆိုအောင်မြင်ပါက ‘ဝိနယဓရ’ဘွဲ့ကိုရရှိပါသည်။ ယင်းပါဠိတော်များ၏ အဖွင့်ဖြစ်သော (၁)ပါရာဇိကဏ်အဋ္ဌကထာ၊ (၂)ပါစိတျာဒိ အဋ္ဌကထာ၊ (၃)စူဠဝဂ္ဂဒိအဋ္ဌကထာ၊ အားလုံးပေါင်း စာမျက်နှာ(၁၃၆ဝ)။ သာရတ္တဋီကာ၊ ဝိမတိဋီကာ၊ ဝဇိရဗုဒ္ဓိဋီကာ၊ အားလုံးပေါင်းဋီကာစာမျက်နှာ (၂၇၁၁)၊ ယောဇနာစာမျက်နှာ (၆၅၅)လာ သဘောအဓိပ္ပာယ်များနှင့် နိဿယဘာသာဋီကာ ကျမ်းများလာ အဓိပ္ပာယ်များ၏ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက ဝိနည်းရှေ့ပိုင်းရေးဖြေ အောင်မြင်သဖြင့် ‘ဥဘတောဝိဘင်္ဂကောဝိဒ’ ဘွဲရရှိပါသည်။
အလုံးစုံအောင်မြင်ပါက ဝိနည်းနောက်ပိုင်းပါ ရေးဖြေအောင်မြင်သဖြင့် ‘ဝိနယကောဝိဒ’ဘွဲ့ကိုရရှိပါသည်။
(၂) သုတ္တန္တပိဋကတ်၌ ဒီဃနိကာယ်(၃)ကျမ်း၊ (၃)အုပ်၊ စာမျက်နှာ(၇၇၉)၊ အာဂုံပြန်ဆို အောင်မြင်ပါက ပိဋကတစ်ပုံအောင် ‘ဒီဃဘာဏက’ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်၏ အဖွင့် အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ(၉၉၂)မျက်နှာ။ ဋီကာ(၅)အုပ်၊ စာမျက်နှာ(၁၉၉၂) မျက်နှာလာ အဓိပ္ပာယ်များကို ဖြေဆိုအောင်မြင်ပါက ပိဋကတစ်ပုံရေးဖြေအောင် ‘ဒီဃနိကာယကောဝိဒ’ဘွဲ့ကို ရရှိပါသည်။
(၃) အဘိဓမ္မာပိဋက၌ အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း၊ ပါဠိတော်အုပ်ရေ(၅)အုပ်၊ စာမျက်နှာ(၁၃၉ဝ) ကိုပြန်ဆိုအောင်မြင်ပါက ‘မူလအာဘိဓမ္မိက’ဘွဲ့ကိုရရှိပါသည်။ အဘိဓမ္မာ နောက်ပိုင်း(၂)ကျမ်း၊ ပါဠိတော်အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)ကို ပြန်ဆိုအောင်မြင်ပါက ‘အာဘိဓမ္မိက’ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်တို့၏အဖွင့်ဖြစ်သော အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ(၁၄၆၁)မျက်နှာ၊ မူလဋီကာအဋီကာ (၆)အုပ်၊ စာမျက်နှာ(၁၅၅၈)မျက်နှာလာ အဓိပ္ပာယ်များနှင့် ဂဏ္ဍိမရဘာသာ ဋီကာကျမ်းများလာ အဓိပ္ပာယ်များ၏ ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက ‘အဘိဓမ္မ ကောဝိဒ’ဘွဲ့ကို ရရှိပါသည်။
တိပိဋကစာမေးပွဲကြီး၌ အာဂုံပြန်ဆိုပွဲနှင့် သဘောရေးဖြေစာမေးပွဲ ဟူ၍ နှစ်ပိုင်းရှိရာ
(၁) အာဂုံပြန်ဆိုရာတွင် နံနက်ပိုင်း(၄)ကြိမ်၊ နေ့လယ်ပိုင်း(၅)ကြိမ်၊ ပေါင်းတစ်နေ့(၉)ကြိမ် ပြန်ဆိုရသည်။ တစ်ကြိမ်ကို (၂၅)မိနစ် တိတိပြန်ဆိုရ၍ (၁ဝ)မိနစ်နားပြီးက ဆက်ပြန်ရသည်။ နံနက်(၈)နာရီမှ(၁ဝ)နာရီအထိ လည်းကောင်း၊ နေ့လယ် (၁)နာရီမှ ညနေ(၄)နာရီအထိ လည်းကောင်း
ပြန်ဆိုရသည်။ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် စာမျက်နှာ(၁ဝဝ)မှ(၁၅ဝ) ခန့်ပြန်ဆိုရသည်။ တစ်ရက်လုံး(၅)
ကြိမ်သာ ထောက်ရသည်။ (၅)ကြိမ်ထက်ပိုထောက်ရပါက ကျရှုံးပါသည်။ ကျမ်းတိုင်းတွင် အထောက်အမ လွတ်ကင်းသန့်ရှင်းစွာ ပြန်ဆိုနိုင်ပါက ‘ဝိသိဋ္ဌ’ ဟူသော ဂုဏ်ထူးတပ်၍ ဘွဲ့တံဆိပ်လှူဒါန်းသည်။
(၂) သဘောရေးဖြေ၌ (၁ဝဝ)မှတ်တန်(၁၂)ပုဒ်မေး၍ နှစ်သက်ရာ (၁ဝ)ပုဒ်ဖြေဆိုရသည်။ ဖြေဆိုချိန်မှာနေ့လယ် (၁၂)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိဖြစ်သည်။ ကျမ်းတိုင်းတွင် (၇၅)မှတ်ရက သာမန်ရိုးရိုးအောင်၍ (၈၅)မှတ် အထက်ကိုရလျှင်ဖြစ်စေ၊ နေ့စဉ်အနည်းဆုံး (၈ဝ)မှတ်ရ၍ ပျမ်းမျှရာခိုင်နှုန်း(၉ဝ)ရလျှင်ဖြစ်စေ ‘မဟာ’ ဟူသောဂုဏ်ထူးဘွဲ့ကိုပေးအပ်ပါသည်။ ပိဋကတ်တစ်ခုပုံကို အာဂုံပြန်ဆိုအောင်မြင်က အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက်၊ သုံးပုံလုံးပြန်ဆိုအောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်းခံရသည်။
ပိဋကတ်တစ်ပုံကို သဘောရေးဖြေအောင်မြင်က အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသောသာသနာ့ အောင်လံတော်နှင့်အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း အထက်တန်း အခမဲ့ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်းဆန်တော်အလှူအဖြစ် (နဝကမ္မဝတ္ထု)တို့ကို နိုင်ငံတော်အစိုးရက လှူဒါန်းပါသည်။ သုံးပုံလုံးရေးဖြေအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တံဆိပ်သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း သုံးဌာနအခမဲ့ အထက်တန်း ခရီးသွားလက်
မှတ်နှင့်လစဉ် ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းပါသည်။
တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှ တိပိဋတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပါသည်။ ပိဋကတ်သုံးပုံနှုတ်ငုံပြန်ဆိုပွဲမှာ စာပြန်ရက် (၁၈)ရက်ရှိ၍ (၃)ရက်ပြန်ဆို၊တစ်ရက်နားစနစ်ဖြင့် နားရက် (၆)ရက်ထည့်ပေါင်းက စာပြန်ရက်(၂၄)ရက်ရှိသည်။ ယင်းနေ့စဉ်ပြန်ဆိုမှု မှတ်တမ်းများကို စုပေါင်းစစ်ဆေး၍ အောင်စာရင်း ထုတ်ပြန်ခြင်း ပြုရန်နှစ်ရက်အချိန်ယူရသည်။ ထို့နောက် သဘောရေးဖြေစာမေးပွဲ (၅)ရက်နှင့် အဖြေလွှာစစ်ဆေး၊ အောင်စာရင်း
ထုတ်ခြင်း နှစ်ရက်ပေါင်းက စာမေးပွဲကျင်းပသည့်ရက် (၃၃)ရက်ကြာမြင့်သည့်အတွက် ကမ္ဘာပေါ်တွင် ရက်အကြာဆုံး စာမေးပွဲဟု ဆိုရမည်ဖြစ်သည်။
အထက်ပါ ပြဋ္ဌာန်းကျမ်းစာများကို အာဂုံဆောင်နိုင်ရန် သဘောရေးဖြေအောင်မြင်ရန်မှာ တော်ရုံတန်ရုံဇွဲလုံ့လဖြင့် မရနိုင်ပေ။ ကံကလည်းတက်၊ ဥာဏ်ကလည်းထက်၊ ဆန္ဒနှင့်ဝီရိယကလည်း သွက်၊ ကျန်းမာရေးနှင့် သမာဓိကလည်း မပျက်သော သာသနာ့အာဇာနည်များသာ ပြန်ဆိုဖြေဆိုနိုင်ပေသည်။ မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂)ပခုက္ကူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယော တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြို တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇)မော်ကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊
(၁ဝ) မြိုင် တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂)စစ်ကိုင်း တိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသတို့သာ (၆၂) ကြိမ်မြောက် စာမေးပွဲအထိတွင် (၁၂)ပါးသာ ရရှိတော်မူခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
ဇေယျာမြတ်ခိုင်
(တိပိဋကယောဆရာတော်နှင့် တိပိဋကစာမေးပွဲအကြောင်းစာအုပ်အား မှီငြမ်းပူဇော်ရေးသားသည်။)

************************************************************************
တိပိဋကရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲပြီး အံ့မခန်းစရာအဆင့်ဆင့်ဖြေဆိုရတာကို ဖတ်လိုက်ရခြင်းဖြင့် ကျွန်တော်တို့ ဖြေဆိုနေရတဲ့စာမေးပွဲတွေရဲ့ ခက်ခဲမှုတွေဆိုတာ ဘယ်လိုမှ ပြောပလောက်စရာမရှိဘူးဆိုတာ သိရှိလိုက်ရပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်များဟာ ခက်ခဲနက်နဲပြီး တကယ့်ကိုစစ်မှန်တဲ့အတွက် ဘယ်အရာမှတုနှိုင်းလို့ မရဘူးပါဗျာ။
မနှိုင်းလည်းမနှိုင်းယှဉ်ထိုက်ပါဘူး။ အဲဒီလို အခက်ခဲဆုံးစာမေးပွဲကြီးတွင် ပထမဆုံးအကြိမ်ဖြေဆို အောင်မြင်ခဲ့သော မင်းကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ သည် ကမ္ဘာပေါ်တွင်စံချိန်များကို မှတ်တမ်းတင်ရေးသားသော ဂရင်းနစ်မှတ်တမ်းတွင် ဥာဏ်ရည်အကောင်းဆုံးအဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။

ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အသိပညာများတိုးပွားပါစေ။


ပဉ္စနိကာယသာသန ဗိမ္မာန်ကျောင်းတိုက် (၂၅)နှစ်ပြည့် ငွေရတုပူဇာ အထိမ်းအမှတ်စာစောင်မှ ကူးယူဖော်ပြပါသည်။

No comments: