ဖော်ထုတ် လေ့လာရန် ရည်ရွယ်ချက်ဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနသည် ပြည်မြို့နယ်ရှိ သရေခေတ္တရာမြို့ ဟောင်းတွင် ၁၉၆၃ ခုနှစ်မှစတင်၍ တူးဖော်မှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
တွေ့ပြီ
သုတေသနမှူး ဦးစိန်မောင်ဦး ဦးစီးသည်အဖွဲ့သည် ၁၉၆၇ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် သရေခေတ္တရာ
မြို့ဟောင်း မြို့ရိုးအပြင်ဘက်ရှိ ဘုရားမာ ဘုရားအနီးတူးဖော်မှု ကုနုးအမှတ်(၈) မှ ကျက်သရေမင်္ဂလာ အထိမ်း အမှတ် သင်္ကေတ သီရိဝစ္ဆပုံနှင့် ကြာပန်းကြာခက်တို့ဖြင့်ခြယ်လှယ်ထားသော အမြင့် ၁၁ လက်မ ခန့်ရှိသည့် ကြေးခေါင်းလောင်းတစ်လုံး ကို တူးဖော်တွေရှိခဲ့သည်။
ပျူခေတ်ကြေးရုပ်ငါးရုပ်
ကြေးရုပ် လေးရုပ် ပျောက်ဆုံးသွားခြင်း
ထိုကြေးရုပ်ငါးရုပ်နှင့်တကွ အခြားတူးဖော်ရရှိသည့် ပျူခေတ် ပစ္စည်းအချို့တို့ကို ထိုစဉ်က ပြည်မြို့နယ် ရှိ သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်၌ ခေတ္တပြသထား ရှိခဲ့သည်။
ထိုသို့ ပြသထားခဲ့ရာမှ ၁၉၆၇ ခုနှစ် မတ်လ ( ၆ ) ရက်နေ့ ညတွင် သူခိုးခိုးခံရပါသည်။ ပျော်တော်ဆက် (လူပြက်) ရုပ်တစ်ခုသာ သူခိုးလက်ပါမသွားပဲ ကျန်ရှိခဲ့ပေသည်။
ဒေါက်တာနိုင်ပန်းလှ၏ ကြိုးပမ်းမှု
ပါမောက္ခဒေါက်တာနိုင်ပန်းလှ ( ၂၀.၀၃.၁၉၂၃ -- ) သည် ၁၉၇၂ ခုနှစ်တွင် ပျူကြေးရုပ်များသည် အမေရိကန်နိုင်ငံတွင် အမည်မသိ ပုဂ္ဂိုလ်တစ်ဦး၏ လက်၌ရှိနေကြောင်း ခိုင်လုံသော သတင်းကိုရရှိသဖြင့် လုပ်သား အင်္ဂလိပ်သတင်းစာတွင် ပျူယဉ်ကျေးမှုအကြောင်းဆောင်းပါး နှစ်ပုဒ် ရေးပြီး ပျူကြေးရုပ်များ နှင့် ပတ်သက်၍ သူခိုးခိုးခံရသော ပစ္စည်းများဖြစ်ကြောင်း ၀ယ်ထားသူ သိရှိပြီး မိမိဆန္ဒအလျောက် ပြန်လည် ပေးပို့မှသာ အစားထိုးနိုင် တော့မည်ဖြစ်ကြောင်း နှိုးဆော်တိုက်တွန်းခဲ့သည်။
ထို့အပြင် အမေရိကန်ဟားဗတ်တက္ကသိုလ်မှ သူ၏ မိတ်ဆွေဟောင်းများကို ယင်းပျူကြေးရုပ်လေးများ သတင်းကို စုံစမ်းပေးပါရန် အကူအညီတောင်းခံခဲ့သောလည်း ကိုးနှစ်ကျော်လာသည်အထိ အကြောင်း မထူးခဲ့ သဖြင့်၊ ၁၉၈၁ခုနှစ်အဆုံးတွင် လုပ်သားအင်္ဂလိပ်သတင်းစာတွင် ဆောင်းပါး ၃ပုဒ်ရေးသားပြီး ၄င်းဆောင်းပါး များကို မိတ္တူကူးကာ အမေရိကန်ရှိသူ၏ မိတ်ဆွေများထံပေးပို့ခဲ့သောလည်း ၊မည်သူထံကမှ ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။
မမျှော်လင့်ဘဲရောက်လာသူ
၁၉၈၃ ခုနှစ် ဧပြီလတွင် အမျိုးသား ပထ၀ီဝင် မဂ္ဂဇင်း( National Geographic Magazine ) မှအယ်ဒီတာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ မစ္စတာ ဗရိုင်ဟောင်ဆင်
( Bryan Hodgson )သည် မြန်မာပြည်သို့ မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ရန် ရောက်ရှိလာရင်း ဒေါက်တာနိုင်ပန်းလှ ရေးသားစီကုံးဖွဲ့ခဲ့သော
( The Lost Musicians )ဆောင်းပါးကို ဖတ်ရှုရပြီး စိတ်မကောင်းဖြစ်ကာ၊ ဆရာကြီး ဒေါက်တာနိုင်ပန်းလှကို သွား ရောက်တွေ့ဆုံပြီး ဆရာကြီး၏ ဆောင်းပါးကို ဓါတ်ပုံဖြင့်ကူးယူပြီး အမေရိကန်ပြည်သို့ ပြန်ရောက်လျှင် ပျူကြေးရုပ်များကို လက်ဝယ်ထားရှိသူကို ရှာဖွေပြီး ပြသမည် ထိုအတူ သြဇာတိက္ကမရှိသော လူကြီး များထံကိုလည်း ဆောင်းပါးမိတ္တူကို ပေးဝေကာ ပိုင်ရှင်ကို ကြေးရုပ်များကို အမိနိုင်ငံသို့ ပြန်ပို့ပေးသင့်ကြောင်း ၀ိုင်းဝန်းနားချ ဖြောင်းဖျ တိုက်တွန်းခိုင်းမည်၊ မိမိ အစွမ်းကုန်ကြိုးစားမည် အောင်မြင်မည်ဟု မိမိ ယုံကြည်သည် ဟု ပြောဆို ဂတိပေးခဲ့သည်။
ဆောင်းပါးကို ဖတ်မိသွားကြပြီ
မစ္စတာ ဗရိုင်ဟောင်ဆင်၏ ကြိုးပမ်းမှုကြောင့် ဆရာကြီး ဒေါက်တာနိုင်ပန်းလှ၏ ဆောင်းပါးကို ဖတ်ရှုရသော ပျူကြေးရုပ်လေးရုပ်ကို ၀ယ်ယူထားသူ၏ မိတ်ဆွေများက ၀ယ်ယူထားသူကို ရုပ်ထုများကို အမိနိုင်ငံသို့ ပြန်ပို့ပေးသင့် ကြောင်း စတင်တိုက်တွန်းကြသည်။
ဒေါ်လာငါးသိန်းပေးပြီး ၀ယ်ထားသည်
ပျူကြေးရုပ်လေးရုပ်ကို အမေရိကန်ဒေါ်လာငါးသိန်းပေးပြီး ၀ယ်ထားသူမှာ နယူးယောက်မြို့နေ အနုပညာ ပစ္စည်းများကို စုဆောင်းရောင်းဝယ်သူ သန်းကြွယ်သူဌေး မစ္စတာရောဘတ်အယ်လ်စ၀ပ် ( Robert Ellsworth ) ဆိုသူဖြစ်သည်။
ဝိုင်းဝန်းတိုက်တွန်းကြလေပြီ
ပျူကြေးရုပ်လေးရုပ်သည် မူရင်းအစစ်အမှန်ဖြစ်ကြောင်း စစ်ဆေးပေးသော ဘော်စတွန်ပြတိုက်မှ အာရှတိုက် ဆိုင်ရာ ရှေးဟောင်းပစ္စည်းပါရဂူ ဒေါက်တာဂျန်ဖောင်တိန်( Jan Fontein ) နှင့် ထိုအချိန်က အမေရိကန်သမ္မတ ဖြစ်သောရောနယ်ရေဂင် Ronald Wilson Reagan ( သမ္မတသက်တမ်း 1981 -1989 ) ၏ သမ္မကတော် နန်စီရေဂင် တို့သည် မစ္စတာရောဘတ်အယ်လ်စ၀ပ်၏ ရင်းနှီးသော မိတ်ဆွေဟောင်းများဖြစ်၍ မစ္စတာရောဘတ်အယ်လ်စ၀ပ်ကို ကြေးရုပ်လေးရုပ်သည် မြန်မာနိုင်ငံအတွက် အစားမထိုးနိုင် တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း သမိုင်းဝင် ပစ္စည်းများဖြစ်ကြောင်း ၊မြန်မာနိုင်ငံသို့ပြန်လည်ပေးပို့ခြင်းဖြင့် သက်ဆိုင် ရာနိုင်ငံက ကျေးဇူးတင်ဂုဏ်ပြုမည်ဖြစ်သလို ကမ္ဘာအရပ်ရပ်မှ စေတနာရှင်များက ချီမွမ်းပြီး အမေရိကန်အစိုးရ ကလည်း ကျေးဇူးတင်ဂုဏ်ပြု
မည်ဖြစ်ကြောင်း၊ မွန်မြတ်သော ထူးခြားသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ၀ိုင်းဝန်းတိုက်တွန်းကြလေသည်။
မွန်မြတ်သော စေတနာနှင့်
မိတ်ဆွေများ၏တိုက်တွန်းချက်နှင့် မွန်မြတ်သောစေတနာအရင်းခံတို့ကြောင့် မိမိပိုင်ကြေးရုပ်လေးရုပ်ကို မြန်မာနိုင်ငံသို့ မိမိစရိတ်နှင့် မိမိကိုယ်တိုင်ပြန်ပို့ပေးမည်ဟု မစ္စတာရောဘတ်အယ်လ်စ၀ပ်က နန်စီရေဂင်ကို ကတိပေးခဲ့သည်။ သို့နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံ အစိုးရချင်းဆက်သွယ်ပြီး ပြန်လည်ပေးပို့ရန် စီစဉ်ခဲ့ကြသည်။
မစ္စတာရောဘတ်အယ်လ်စ၀ပ် သည် ( ၁၇.၁၁.၈၃ )နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး၊ (၁၈.၁၁.၈၃) နေ့ မွန်းလွဲ ၂ နာရီ တွင် ပြည်လမ်း ခြောက်မိုင်ခွဲရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၌ တရားဝင် ပြန်လည် လွှဲပြောင်း ပေးအပ်ရာ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဥဂ္ဂါက ကျေးဇူးတင်စကားပြောကြားပြီး လက်ခံယူခဲ့သည်။ အဆိုပါ ပျူခေတ်ကြေးရုပ်လေးရုပ်ကိုလွဲအပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးမှ ယာယီတာဝန်ခံ သံမှူးနှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သုတေသမှူးများ တက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၆ နှစ်ကြာပျောက်ဆုံးနေသော ပျူကြေးရုပ် လေးရုပ် သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပေသည်။

မစ္စတာရောဘတ်အယ်လ်စ၀ပ်က ကြေးရုပ်လေးရုပ်ကို ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဥဂ္ဂါအား လွဲပြောင်းပေးအပ်စဉ်။
သမိုင်းဝင်ဒေသသို့တစ်ခေါက်
မစ္စတာရောဘတ်အယ်လ်စ၀ပ် (၁၉.၁၁.၈၃)နေ့တွင် ပျူကြေးရုပ်လေးများအား တူးဖော်တွေ့ရှိရာ သမိုင်းဝင် ဒေသ ဖြစ်သည့် ပြည်မြို့အနီး မှော်ဇာ သို့သွားရောက်လေ့လာခဲ့ပြီး၊ (၂၀.၁၁.၈၃ )နေ့တွင် ပုဂံမြို့ဟောင်း သို့ နေချင်း ပြန်သွားရောက်ကာ ရှေးဟောင်းစေတီပုထိုးများနှင့် ယဉ်ကျေးမှု အနုပညာ လက်ရာများကို လေ့လာ၍ ဓါတ်ပုံများ ရိုက် ကူးခဲ့သည်၊ (၂၁.၁၁.၈၃ )နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ သံရုံးအရာရှိများနှင့်အတူသွားရောက်ကာ ၀န်ကြီး ဦးအောင်ကျော်မြင့်အားတွေ့ဆုံခဲ့သည်၊ ၀န်ကြီးက မြန်မာနိုင်ငံအစိုးရကိုယ်စား သူ့အား ကျေးဇူးတင် လက်မှတ်ထိုး ထားသော “ကျေးဇူးတင်လွှာ” ကိုပေးအပ်ခဲ့သည်။ ထို့အပြင် အမှတ်တရဖြစ်ရန် ပါတီဥက္ကဌကြီး၏ လက်ဆောင် ဖြစ်သော ပျူကြေးရုပ်ပုံတူငါးရုပ်တို့ကို ၀န်ကြီးက မစ္စတာရောဘတ်အယ်လ်စ၀ပ်အား ပေးအပ်ခဲ့ပါသည်။
“ ကွဲလွဲချက်အချို့ ”
ခါးကုန်းနေသော အရုပ်ငယ်မှာ အမြင့်ပေ သုံးလက်မခန့်ရှိပြီး ကျန်အရုပ်လေးရုပ်မှာ လေးလက်မ ခန့်စီမြင့်သည်။ ( လုပ်သားသတင်းစာ ၁၉.၁၁.၈၃ နေ့ )
အနုပညာကြေးရုပ်လေးခုတို့မှာ
နိုင်ပန်းလှ - ပါမေက္ခဒေါက်တာ။ ။ “သုတေသန စာပေများ” အားမာန်သစ်စာပေ၊ ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယအကြိမ်၊ ရန်ကုန်။
ကချေသည် နှစ်ယောက်၊ ပြွေမှုတ်တစ်ယောက်၊ လက်ခုပ်တီးတစ်ယောက်နဲ့ လူပြက် ဂြီကွေတြအရှေ့မြောက် မြို့ပြင်ရှိ ဘုရားမာအနီးက ရတဲ့ ကုလားသဘင်သည်ငါးဦး ပျူလက်ရာလို့ပြောကြပေမယ့် ကုလားပြည်က သွင်းလာဟန်တူတယ်။
သန်းထွန်း -ဒေါက်တာ ။ ။ “မြန်မာသမိုင်းပုံ ”၊မုံရွေးစာအုပ်တိုက်၊ ၂၀၀၄ခုနှစ်၊ ဇူလိုင်လ၊ ပထမအကြိမ်၊ ရန်ကုန်။
ကျမ်းကိုးစာရင်း
မိုးမြင့်မောင် ။ ။ “ထူးဆန်းထွေလာပြည်မြန်မာ” မြ၀တ်ရည်စာပေ၊ ရန်ကုန်။
သန်းထွန်း -ဒေါက်တာ ။ ။ “မြန်မာသမိုင်းပုံ ”၊မုံရွေးစာအုပ်တိုက်၊ ၂၀၀၄ခုနှစ်၊ ဇူလိုင်လ၊
ပထမအကြိမ်၊ ရန်ကုန်။
ကျော်ဝင်း - မနုဿ ။ ။ “အခြေခံရှေးဟောင်း သုတေသနပညာ” စာပေဗိမာန် ၁၉၇၇၊
ပထမအကြိမ်။
နိုင်ပန်းလှ -ပါမေက္ခဒေါက်တာ ။ ။ “သုတေသန စာပေများ” အားမာန်သစ်စာပေ၊ ၂၀၀၆ခုနှစ်၊
နိုဝင်ဘာလ ၊ ဒုတိယအကြိမ်၊ ရန်ကုန်။
လုပ်သားသတင်းစာ ။ ။ ၁၉.၁၁.၁၉၈၃ နေ့
ဌေးဝေ ။ ။ “ ပျူမြို့ပြယဉ်ကျေးမှုသမိုင်း ”
ထွန်းဖောင်ဒေးရှင်းဘဏ်စာပေကော်မတီ၊ ၂၀၀၉ ခုနှစ်၊သြဂုတ်လ၊ ပထမအကြိမ်၊ရန်ကုန်။ http://en.wikipedia.org/wiki/Ronald_Reagan
No comments:
Post a Comment